အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ ပြည်နယ်နဲ့ တိုင်းတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ရာနဲ့ချီ ပေါ်ထွက်လာခဲ့ကြပြီး ရရာလက်နက်တွေဆွဲကိုင်ကာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေကြတာတွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ “Myaung Women Warriors” ဆိုပြီး အမျိုးသမီး ပြောက်ကျားတပ် တဖွဲ့လည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ လက်နက်ကိုင်တိုက်ခိုက်ရေး အတွက် လေ့ကျင့်ထားတဲ့ အမျိုးသမီးငယ်တွေဟာ ဒေသတွင်းမှာ ရှိတဲ့ PDF တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာတွေလည်းရှိပါတယ်။
ဒီအမျိုးသမီးငယ်တွေဟာ စစ်တပ်က အာဏာသိမ်းပြီးစကာလက စစ်အာဏာသိမ်းမှုကို လက်မခံဲကြောင်း လမ်းမတွေပေါ်တက်ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup