ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အာဏာသိမ်း စစ်တပ်က ပစ်ခတ်ဖျက်ဆီးလိုက်တဲ့အပေါ် အပစ်ရပ်လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့က ရှုတ်ချကြောင်း သဘောထားကြေညာချက်တွေ မနေ့က ထုတ်ပြန်ခဲ့ကြပါတယ်။
ကချင်လွတ်လွတ်လပ်ရေး အဖွဲ့(KIO)၊ ရက္ခိုင့်စစ်တပ် (AA) မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအန်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့က ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်က ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် မြို့ပေါ်က နေအိမ် ၁၆၀ ကျော်နဲ့ ဘုရားကျောင်းတွေ မီးထဲပါသွားခဲ့ရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












