ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ခမ်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီနောက် နမ့်ခမ်းမြို့နယ်မှာ လှုပ်ရှားနေတဲ့ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ထိတွေ့မှုတွေဖြစ်ပွားပြီး အာဏာသိမ်း တပ်ဘက်က ၄ ဦးထက်မနည်း သေဆုံးပြီး ၆ ဦးကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။











