နော်ဝေနိုင်ငံအခြေစိုက် Telenor Group လုပ်ငန်းစုရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ခွဲကုမ္ပဏီဖြစ်တဲ့ Telenor Myanmar ကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ Investcom လုပ်ငန်းစုထံကို ရောင်းချမယ့်ကိစ္စကို တားဆီးနိုင်ရေးအတွက် အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က ကြိုးပမ်းဆောင်ရွက်နေပြီး၊ ပြည်သူတွေ မျှော်လင့်သလို ဖြစ်လာဖို့ အလားအလာရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တယ်လီနောလ် သုံးစွဲသူ ၁၈ သန်းကျော်ရှိနေပြီး၊ အဲဒီလူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖုန်းခေါ်ဆိုမှု အပါအဝင် လုံခြုံရေးဆိုင်ရာတွေကို တယ်လီနောလ်ကုမ္မဏီ အနေနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံကုမ္မဏီကို ရောင်းချလိုက်မယ်ဆိုရင် သုံးစွဲသူတွေကို စော်ကားသလို ဖြစ်စေတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီဆီကို ပြည်သူတွေရဲ့ အချက်အလက်တွေပေးလိုက်မယ်ဆိုရင် စစ်ကောင်စီရဲ့ လူသတ်မှု ကျုးလွန်တာတွေကို အားပေးအားမြှောက်ပြုရာကြတယ်လို့လည်း ဆိုပါတယ်။












