မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံသားတွေ နေ့စဉ် ဝင်ရောက်နေကြပါတယ်။
ဒီလိုဝင်ရောက်လာတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက နေ့စဉ် ဖမ်းဆီးပြန်ပို့မှုတွေလုပ်နေပေမယ့်လည်း တရားမဝင် ဝင်ရောက်မှုတွေက တရားဝင် ခေါ်ထားတဲ့ MoU လမ်းကြောင်းထက်ပိုများနေပါတယ်။













