ဇွန် ၁၉ ရက် ဖြစ်တဲ့ ဒီကနေ့မှာဆိုရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ် မြောက်မွေးနေ့ကို ကျရောက်ခဲ့ပြီ ဖြစ်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ကနေ ၂၀၁၀ ခုနှစ်အထိ နေအိမ်အကျယ်ချုပ် ၁၅ နှစ်ခန့် နေခဲ့ရတဲ့အတွက် သူမရဲ့ မွေးနေ့ တွေကို အကျဉ်းစံဘ၀နဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြတ်သန်းခဲ့ရသူပါ။
အကျယ်ချုပ်ဘ၀ကနေ ၁၀ နှစ်ကျော် လွတ်မြောက်ခဲ့ပြီးနောက်၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူမရဲ့ (၇၇) နှစ်မြောက်မွေးနေ့ကို ဘယ်နေရာမှာ၊ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းရမယ် ဆိုတာကို မသိပါဘူး။
ဒေါ်အောင်ဆန်းကြည် လူထုနဲ့ ပထမဆုံး ကျင်းပခွင့်ရခဲ့တဲ့ မွေးနေ့ကတော့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက် ၂၀၁၁ ခုနှစ်မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ အဲ့ဒီမွေးနေ့ပွဲ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးကို လူဦးရေ ထောင်ချီ တက်ရောက်ခဲ့ပါတယ်။
လွတ်လပ်စွာ နေထိုင်ခွင့်ရတဲ့ ၁၀ နှစ်အတွင်းမှာ သူ့မကိုချစ်ခင်သူ အမြောက်အမြားကို ဘေးမှာ ခြံရံပြီး နောက်ဆုံးကျင်းပခဲ့တဲ့ မွေးနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။











