၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာဆိုရင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ် ရေးခေတ်ဦး အစိုးရအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ (၇၅) နှစ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီက (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ ဝန် ကြီးများရုံးမှာ နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူခြင်း၊ ရန်ကုန်မြို့နဲ့ နေပြည်တော်တို့မှာ ဆွမ်းကပ်လှူ ဒါန်းတဲ့ အခမ်းအနား အစီအစဉ် ၄ ရပ်နဲ့ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်နဲ့ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွေကိုလည်း ဖွင့်လှစ်ပြသ သွားမယ်လို့ သိရပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ အပါအဝင် နိုင်ငံရေး ပါတီတွေ ၊ သံတမန်တွေနဲ့ NGO အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေ တက်ရောက်ကြမယ်လို့ ထုတ်ပြန်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဂါ၀ရ ပြုခွင့်ပေး၊ မပေးကိုတော့ မသိရသေးပါဘူး။











