သခင်ကိုယ်တော်မှိုင်း ရာပြည့်ကျောင်းသား သပိတ်ခေါင်းဆောင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်တဲ့ ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) ခေါ် ဦးတင်အေးကြူဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ ဆေးကုသမှု ခံယူနေစဉ် အဆုတ်ကင်ဆာရောဂါနဲ့ ဒီဇင်ဘာ၂၀ နေ့လယ် ၂ နာရီကျော် အချိန်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ဦးတင်အေးကြူ ဘယ်လိုလူလဲဆိုတာ သူ့သမီးဖြစ်သူနဲ့ ရဲဘော်ရဲဘက်တွေက ဧရာဝတီကို အမှတ်တရ ပြောဆိုပေးကြပါတယ်။