• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အလုပ်သမားအရေး ပြေလည်အောင် မဖြေရှင်းဟု ထိုင်းအလုပ်သမားသံအရာရှိများ ဝေဖန်ခံနေရ

by ဧရာဝတီ
23 December 2022
in သတင်း
A A
APK မှ လုပ်သားများအတွက် MWRN နှင့် ထိုင်းနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့တို့ လာရောက်ညှိနှိုင်းပေးစဉ် / MWRN

APK မှ လုပ်သားများအတွက် MWRN နှင့် ထိုင်းနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့တို့ လာရောက်ညှိနှိုင်းပေးစဉ် / MWRN

1.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံရှိ အလုပ်သမားများ အရေးဆောင်ရွက်ရန် သံအရာရှိများခန့်ထားသော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက် ပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုများ၊ အကြောင်းမဲ့ အလုပ်ထုတ်ခံရမှုများကို ထိရောက်စွာ ဖြေရှင်း ပေးခြး မရှိကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဝေဖန်နေကြသည်။

ထင်ရှားသည့် အဖြစ်အပျက်ကို ပြပါက ပြီးခဲ့သည့် နိုဝင်ဘာလက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကတ်ထူစက္ကူ အမှုန့်ကြိတ် စက်ရုံတခုတွင် နှစ်နိုင်ငံသဘောတူ စာချုပ်စနစ် (MoU) ဖြင့် အလုပ်လုပ်နေသည့် အလုပ်သမား ၁၈၀ ကျော် လုပ်ခ လစာ အပြည့်အဝရရှိရန် တောင်းဆိုရာ မှ အလုပ်ထုတ်ခံခဲ့ရပြီး ယင်းအတွက် ကူညီဖြေရှင်းပေးရန် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်သော်လည်း မရသဖြင့် အလုပ်သမားအဖွဲ့အစည်းများကိုသာ အကူအညီတောင်းခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MoU) စနစ်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရောက်ရှိ လာသော မြန်မာလုပ်သား ၇၀ ကျော်မှာ အလုပ်အကိုင်ရရှိခြင်းမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ယင်းပြဿနာ အား ကူညီ ဖြေရှင်းပေးရန် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ရာတွင်လည်း ဆက်သွယ်၍ မရခဲ့ဟု သိရသည်။

“ကျနော်တို့ အလုပ်သမားတွေ ဒုက္ခရောက်လာတဲ့အချိန် သံရုံးကို ဖုန်းဆက်လိုက်ရင် မလာဘူး။ လာခဲ့ရင်လည်း မင်းတို့ အလုပ်သမားတွေ အပြင်မှာ ခဏနေခဲ့၊ သူတို့လုပ်ငန်းရှင်တွေနဲ့ စကားသွားပြောတယ်။ အချက်အလက်တွေ ယူပြီးတော့ ပြန်သွားတယ်။ သေသေချာချာ ရှင်းပြသွားတာ မရှိခဲ့ဘူး။ အလုပ်သမားတွေက ဘာမှန်းမသိဘဲ ကျန်ခဲ့တယ်။ အဆင်မပြေ တော့ ပြဿနာထပ်တက်တယ်။ သူတို့ရဲ့ သံရုံးလူမှုကွန်ရက်စာမျက်နှာမှာကျတော့ အဆင်ပြေသွားပြီလို့ တင်ထားတယ်” ဟု ပြောသည်။

AAC (လက်တွဲကူညီ) အဖွဲ့မှ ကိုနေလင်းသူက အလုပ်သမားသံအရာရှိရုံးများအနေဖြင့် အလုပ်သမားများဘက်မှ ဆက် သွယ်သည့်အခါမျိုးတွင် ဆက်သွယ်ရ ခက်ခဲခြင်း ၊ အဆက်အသွယ် ရပါကလည်း ဝေးလံသည့်နေရာများသို့ လာရောက် နိုင်မှု မရှိခြင်း၊ တခြားသော အလုပ်သမား အဖွဲ့အစည်းများကိုသာ အကူအညီတောင်းရန် ပြောဆိုခြင်းများကြောင့် အလုပ်သမားများအနေဖြင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော အဖွဲ့များထံသို့ အကူအညီ လာရောက်တောင်းခံကြခြင်း ဖြစ်ကြောင်း ပြောသည်။

ကိုနေလင်းသူက “အဲဒီအလုပ်သမားသံအရာရှိရုံးတွေက နံပါတ်တစ်အချက် ဖုန်းနံပါတ်တွေတင်ထားပြီးတော့ ဖုန်းဆက်ရင် မကိုင်တာ။ နံပါတ် ၂ က ဖုန်းဆက်လို့ကိုင်ရင်လည်း ငါတို့နဲ့မဆိုင်ဘူး။ ကုမ္ပဏီကို ဖုန်းဆက်လိုက်။ နံပါတ် ၃က ကျနော်တို့ အလုပ်သမားတွေ ကျဉ်းထဲကျပ်ထဲရောက်ရင်တောင် သူတို့ဘက်က အရေးမလုပ်တဲ့ ပုံစံတွေဖြစ်လာတယ်။ အလုပ်သမား တွေ အိပ်စရာမရှိတော့လို့ပါလို့ အကူအညီတောင်းရင်တောင် ဖုန်းတွေမကိုင်ဘူး။ ချပစ်လိုက်တယ်။ အဲဒီလိုတွေ ကြုံတွေ့ရ တယ်။ ဒါကျနော်တို့ အလုပ်သမားတွေအတွက် ရင်နာစရာပေါ့” ဟု ပြောသည်။

အလုပ်သမားများ အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသည့် အခါမျိုးတွင် သံရုံးအနေဖြင့် သံတမန်ရေးရာအရ ကူညီနိုင်ခြင်း မရှိသဖြင့် ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်ရေးရုံးများသို့ ချိတ်ဆက်၍ ကူညီနိုင်သည့် နည်းလမ်းများရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

၎င်းက ဆက်လက်၍ “ထိုင်းမှာရှိတဲ့ အလုပ်သမားတွေ စက်ရုံမှာ အလုပ်ဖြုတ်ခံရရင်လည်း ကျနော်တို့ သံရုံးအနေနဲ့ သံတမန်ရေးရာ လုပ်ငန်းခွင် အခြေအနေတွေကို မပြောရင်တောင်မှ ထိုင်းနိုင်ငံ၊အလုပ်သမားကာကွယ်ရေး ရုံးတွေကို ချိတ်ဆက်ပြီးတော့ ကူညီလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ အဲဒီလိုမျိုးတောင် မကူညီဘဲနဲ့ မသိချင်ယောင်ဆောင်နေတာ များတယ်” ဟု ပြောသည်။

မဲဆောက်၊ အလုပ်သမားသံအရာရှိရုံးတွင် ၁နှစ် ၈ လကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး စစ်အာဏာသိမ်းချိန်တွင် CDM ပြုလုပ် ခဲ့သူ သံအရာရှိဟောင်း ကိုဝေလင်းမောင်က စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝန်ထမ်းများ အကြားတွင် တာဝန် ယူမှုတာဝန်ခံမှု နည်းပါးလာပြီး သံအရာရှိတဦး၏ အဓိကလုပ်ဆောင်ရမည့် တာဝန်တွင် ဖုန်းလက်ခံဖြေကြားရမည်ဆိုသည့် အချက် ပါဝင်သောကြောင့် အဆိုပါလုပ်ငန်းစဉ်ကို ပျက်ကွက်ခြင်းသည် အလုပ်တာဝန် ပျက်ကွက်ခြင်း ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။

၎င်းက “စစ်ကောင်စီဘက်တော်သား အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဂရုစိုက် မယ်တော့ မထင်ဘူး။ တကယ်လို့ ဒီလိုအသိစိတ်သာရှိခဲ့ရင် ပြည်သူဘက်က ရပ်တည်ပြီးတော့ ဘယ်မှာပဲ ရောက်ရောက် သက်ဆိုင်ရာသံအရာရှိတွေက အလုပ်သမားတွေကို ကူညီရမှာ။ ဒါပေမယ့် စစ်ကောင်စီအောက်မှာရှိတော့ ပြည်သူအပေါ် မျက်နှာမမူဘူးလို့မြင်တယ်” ဟု ပြောသည်။

အလုပ်သမားများ ခေါ်ဆိုရန် Call Center ဖုန်းကို သံအရာရှိ ၅ ဦးအတွက် ၅ လုံး ထား ပေးထားကြောင်း၊ယခင် အရပ်သား အစိုးရ လက်ထက်ကလည်း ယင်းဖုန်း ၅လုံးဖြင့် ဆက်သွယ်ဆောင်ရွက်ကာ မြန်မာအလုပ်သမားများအရေးကို အထိုက် အလျောက် ကူညီဖြေရှင်းပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

၎င်းက “အရင်လက်ထက်ကတည်းကလည်း ဖုန်း ၅လုံးနဲ့ပဲ ဆက်သွယ်မှုတွေ ဆောင်ရွက်ခဲ့တယ်။ အခု အလုပ်သမားတွေ ဆက်သွယ်တာမှ ဆက်သွယ်လို့မရဘူးဆိုတာ အလုပ်လုပ်ချင်စိတ်မရှိလို့ ဆိုတဲ့သဘောကို သက်ရောက်သွားတာပေါ့။ ဝတ္တရားတခုကို ချိုးဖောက်တာနဲ့ တူတူပါပဲ” ဟု ပြောသည်။

အလုပ်သမားသံအရာရှိများ၏ တာဝန်ယူမှု၊ တဝန်ခံမှုနှင့် ပတ်သက်၍ အလုပ်သမားများနှင့် ၎င်းတို့ အရေးလိုက်ပါဆောင် ရွက်နေသူတို့၏ ဝေဖန်ပြောဆိုမှု အပေါ် ဘန်ကောက်၊ ရနောင်း၊ မဲဆောက်မြို့များရှိ သံအရာရှိရုံးများသို့ ဖြေရှင်းချက် တစုံတရာ ပေးရန် ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

ဘန်ကောက်မြို့ အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က အထောက်အထားပြည့်စုံသည့် အလုပ်သမားများအနေဖြင့် အခွင့်အရေး ချိုးဖောက်ခံရပါ က အလုပ်သမား သံအရာရှိများ ကို အားကိုး မနေတော့ဘဲ သက်ဆိုင်ရာ ထိုင်းအစိုးရ ရုံးများသို့သာ တိုက်ရိုက်သွားရောက် တိုင်ကြားရန် အကြံပြုသည်။

ဦးအောင်ကျော်က “ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ အလုပ်လုပ်ခွင့်လက်မှတ် ၊ တရားဝင်အထောက်အထား ၊ ဗီဇာအားလုံး ပြည့်စုံတယ်ဆိုရင် ဘယ်စက်ရုံမှာပဲလုပ်လုပ်၊ ဘယ်လုပ်ငန်းမှာပဲလုပ်လုပ် အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုရင် ဥပဒေ ကြောင်းအရ သက်ဆိုင်ရာထိုင်းအစိုးရရုံးတွေက အကုန်လက်ခံကြိုဆိုနေတယ်။ အခုဆိုရင် မြန်မာစကားပြန်တွေပါ ခန့်ထား ပါပြီ။ နောက်ပိုင်းဆိုရင် အလုပ်သမားတွေသာ အသိအမြင်ကြွယ်ဝမယ်ဆိုရင် ကျနော်တို့လို အလုပ်သမားရေး ဆောင်ရွက် သူ တွေ တောင် မလိုတော့ပါဘူး။ အစိုးရရုံးကို သွားရင် ကျီးလန့်စာ စားစရာတောင် မလိုဘူး။ ကိုယ့်ဘက်ကသာ မှန်အောင်နေဖို့ပဲ လိုအပ်တယ်” ဟု ပြောသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား များအတွက် အချက် ၃ချက်ကို ထိုင်းအစိုးရထံတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုချက် ၃ရပ်မှာ အလုပ်သမားများ၏ အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းတိုးခြင်းကို မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်းကို ဖြေရှင်းပေးရန်နှင့် ထိုင်းအစိုးရမှ အလုပ်သမားခေါ်ယူရာတွင် ဖြစ်ပေါ်နေသည့် ကုန်ကျစရိတ်များနှင့် ပတ်သက်၍ ဥပဒေအတိုင်းဖြစ်စေရန် စုံစမ်းအရေးယူပေးရန်ဆိုသည့် အချက်များဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများသည် ဒီဇင်ဘာလ ၁၉ ရက်နေ့က ဘန်ကောက်မြန်မာသံရုံးရှေ့တွင် အလုပ်သမားများ၏ အခွင့်အရေး ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လုပ်သားဦးရေ ၅ သန်း ရှိသည့်အနက် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်သူဦးရေမှာ အများဆုံးဖြစ်ပြီး ၃ ဒသမ ၅ သန်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားကြသည်။

You may also like these stories:

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိဟောင်း အဂတိလိုက်စားမှု စတင်စစ်ဆေး

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ထိုင်းအစိုးရက အထောက်အထားမဲ့များအတွက် လက်မှတ်ထုတ်ပေးမည်

ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ

Your Thoughts …
Tags: MoU အလုပ်သမားထိုင်းအလုပ်သမားသံအရာရှိ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
မြန်မာ့စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုက နိုင်ငံတကာအကူအညီဖြင့် တဆင့်တက် ပြောင်းလဲလာမည်ဖြစ်သည် / AFP

မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု

ကော့ကရိတ်မှာ ပူးပေါင်း မဟာမိတ်တပ်တွေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကော့ကရိတ်မှာ ပူးပေါင်း မဟာမိတ်တပ်တွေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved