ကျောင်းဖွင့်ရာသီကို ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ဝင်ငွေနည်း ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်နေမှုတွေကြောင့် သားသမီးတွေကို ကျောင်းထားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
“အခမဲ့ပညာရေး” ဆိုပေမယ့် တဦးချင်းဝင်ငွေ သောင်းဂဏန်းအောက်မှာပဲ ရှိနေတဲ့ အခြေခံ ပြည်သူတွေအတွက် တနေ့ထက်တနေ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းက ကလေးတွေကို ကျောင်းပို့ဖို့ အတွက် ကျပ်တည်းနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့အခမဲ့ပညာရေးကို တက်ဖို့အတွက် အစားအသောက်၊ အဝတ်အစား အပါအဝင် ကျောင်းအသုံးစားရိတ် လိုအပ်မှာဖြစ်သလို တော်လှန်ရေးအဖွဲ့တွေရဲ့ အွန်လိုင်းအခမဲ့ ပညာရေးကို တက်ရောက်မယ်ဆိုရင်လည်း စာသင်ကြားနိုင်တဲ့ စက်ပစ္စည်း၊ အင်တာနက်၊ လျှပ်စစ်မီး စတာတွေကို လိုအပ်မှာဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ ဆင်းရဲမွဲတေမှု၊ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခြေခံပညာအဆင့်မှာတင် ကျောင်းထွက်နှုန်း တဖြည်းဖြည်းများလာပြီး ကလေးလုပ်သားစာရင်းကလည်း တိုးမြင့်လာနေပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ်ဖြစ်တဲ့ အသက် ၅ နှစ်က နေ ၁၇ နှစ်အတွင်း ကလေးလုပ်သား စုစုပေါင်း တသန်းကျော်ရှိလာပြီလို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေက အသိပေးထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR