အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ဆရာ ကျော့မြာကတော့ လေယာဉ်သံ၊ ဗုံးသံနဲ့ သေနတ်သံတွေကြားက စာသင်ကျောင်းလေးမှာ ကလေးငယ်တွေကို စာသင်ကြားပေးနေတာဖြစ်ပါတယ်။
သူမစာသင်နေတဲ့ ကျောင်းကလေးဟာ ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်၊ ဖူးကောင်းမအင်းတောင်ခြေ စစ်ရှောင် စခန်းမှာ ရှိတာပါ။ ဒီကျောင်းမှာ စာသင်ကြားနေကြတဲ့ ကလေးငယ်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ခြေသလုံးအိမ်တိုင်ဘဝနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြရတဲ့ မိဘတွေရဲ့ ကလေးတွေဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က တိုင်းပြည်အာဏာမသိမ်းခင် လွတ်လပ်စွာ ပညာသင်ကြားခွင့်ရခဲ့ကြတဲ့ ကရင်နီပြည်ထဲက ကလေးငယ်တွေဟာ တောကြို၊ တောင်ကြားက တာလပတ်မိုး၊ ထရံကာ ကျောင်းလေးမှာ ဆင်းဆင်းရဲရဲ ပညာသင်နေကြရတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီ #ဒီးမော့ဆို #CDM #မြတ်ဆရာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR