ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ တော်လှန်ရေးဆေးတပ်သား ၁၈ ဦး ရေထဲမျောပါ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စက်တင်ဘာ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဆေးတပ်သား ၁၈ ဦးဟာ KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်း တက်ရောက်နေသူတွေဖြစ်ပြီးသင်တန်းမစ်ရှင်လေ့ကျင့်ရေးပြုလုပ်နေစဉ် ချောင်းတခု ဖြတ်အကျော်မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။
သေဆုံးသူ ၁၈ ဦးထဲမှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၈ ဦးပါဝင်ပြီး KNDF က ရဲဘော်တွေအပြင် တပ်ပေါင်းစုက အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ မြေပြင် ကယ်ဆယ်ရေး အဖွဲ့တွေကလည်း ဧရာဝတီကို အတည်ပြုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက်မသေဘဲလွတ်မြောက်လာတဲ့ ဆေးတပ်သား တဦးကို မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီ #KNDF #Environment #သဘာဝပတ်ဝန်းကျင် #ဆေးတပ်သား
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR