ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက ဒေသခံနေအိမ် ၁၀၀ ကျော်ဟာ ၁၀ ရက်လောက် အတွင်းမှာ မီးလောင်ပြာကျသွားခဲ့ပါတယ်။
ဆိုင်းတောင်ရွာ ရပ်ကွက်၄ က နေအိမ်တွေ အဓိက မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး လက်နက်ကြီး ထိခိုက်မှုတွေအပြင် မူးယစ်ဆေးသုံးစွဲသူတွေကလည်း ရည်ရွယ်ချက်ရှိရှိ နေအိမ်တွေကို မီးလိုက်ရှို့ နေတာ ကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံနေအိမ်တွေကို မီးလိုက်ရှို့နေတဲ့ မူးယစ်ဆေးဝါးစွဲလမ်းနေသူ အယောက် ၄၀ ကျော်ကို ကချင် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဖားကန့် #ဆိုင်းတောင်ရွာ #မူးယစ်သားကောင် #အိမ်မီးရှို့ #စစ်ကောင်စီ #KPDF