စစ်ကောင်စီဟာ လက်လွတ်ဆုံးရှုံးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နဲ့ သီပေါမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားသေဆုံးမှုနဲ့ ပြည်သူပိုင်အဆောက်အအုံအများအပြား ပျက်ဆီးဆုံးရှုံးနေရပါတယ်။
လားရှိုးနဲ့ သီပေါကိုသာမကဘဲ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်း မြို့တွေကိုလည်း နေ့စဉ် ရက်ဆက် ဗုံးကြဲနေပြီး ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းခေါင်းဆောင် ပြောဆိုအပြီးမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာ၊ စစ်ရှောင်စခန်း၊ စာသင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများစုထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #သီပေါ #ဗုံးကြဲ













