အာဏာသိမ်း စစ်ကောင်စီတပ်ဟာ သူတို့ နှစ်ပေါင်း ၄၀ ကျော် တပ်စွဲခဲ့တဲ့ တနင်္သာရီမြို့နယ် က သိန္ဒေါစခန်းကို စက်တင်ဘာ ၂၅ ရက်နေ့မှာ စွန့်ခွာထွက်ပြေးသွားတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ် က ပြောပါတယ်။
ဒီစခန်းဟာ ၁၉၈၀ ဝန်းကျင်ကတည်းက အခြေစိုက်တပ်စွဲခဲ့တဲ့ ရှေ့တန်း စခန်းတခုဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်က စစ်ကောင်စီစခန်းတွေကို လက်နက်၊ စစ်သည်နဲ့ ရိက္ခာ ထောက်ပံ့ပေးနေတဲ့ စခန်းဖြစ်တယ်လို့ တနင်္သာရီတိုင်း PDF တိုင်းစစ်ဌာန ရဲ့စစ်ဆင်ရေးတာဝန်ခံ က ပြောပါတယ်။
လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်က ပွိုင့် ၃၀၀၀ စခန်းနဲ့ နယ်စပ်စခန်းတွေဟာလည်း ပြန်လည် ဆုတ်ခွာကုန်ပြီဖြစ်တာကြောင့် သိန္ဒေါစခန်းဟာ အဲ့ဒီနယ်မြေမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #သိန္ဒေါစခန်း #တနင်္သာရီမြို့နယ် #စစ်ကောင်စီတပ် #ထိုင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR