ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ ရက်နေ့နံနက်ပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ရုံးခန်း၊ ကင်းတဲနဲ့ လိုင်းခန်းတွေကို ဦးတည်ကာ ရှော့တိုက်ဒုန်း ၅လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေးလုံးက အောင်အောင်မြင်မြင်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar (BWM) BWMကဆိုပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးမှာ တည်ရှိနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပထမဆုံးအကြိမ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #တောင်ငူ #တပခ #ဒရုန်း #BWM
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













