လွန်ခဲ့သော သုံးနှစ်အတွင်း မြန်မာစစ်တပ်သည် သမိုင်းဝင် ဆုံးရှုံးမှုများကို ရင်ဆိုင်ရပြီး သမိုင်းတလျှောက် အင်အားအနည်းဆုံး ဖြစ်လာသည်။ ပြန်လည် နာလန်ထရန် နည်းလမ်း အနည်းငယ်သာရှိပြီး အာဏာချုပ်ကိုင်ထားရန် စိန်ခေါ်မှုများ မြင့်မားနေကာ စစ်တပ်သည် အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တော်လှန်ရေး ကျယ်ပြန့်လာခြင်းကို ရင်ဆိုင်နေရသော်လည်း အသက်ဆက်နိုင်ဆဲ ဖြစ်သည်။
စစ်တပ်၏ ရှင်သန်မှုကို မည်သည့်အချက်များက ခြိမ်းခြောက်နေသနည်း။ စစ်တပ်ကို မည်သည့်ကိစ္စက တစုတစည်းတည်း ရှိစေသနည်း။ တခုတည်းသောအဖြေ မရှိသော်လည်း အရေးပါသည့် အချက်တခုမှာ ဆယ်စုနှစ်များစွာကြာသည့် စစ်အုပ်ချုပ်ရေးအတွင်း ပြုစုပျိုးထောင်ခဲ့သည့် တပ်တွင်းသစ္စာခံ အလေ့အထ ဖြစ်သည်။
အဖွဲ့အစည်းအပေါ် သစ္စာခံမှု၏ အစဉ်အလာကြောင်းရင်းသည် စစ်သားများ ခံစားခွင့်ရသည့် လူမှုအဆင့်နှင့် ဘဏ္ဍာရေး အခွင့်ထူးများ ဖြစ်သည်။ အဆင့်မြင့်အရာရှိများသည် ၎င်းတို့ ထိန်းချုပ်ဒေသများတွင် အကျင့်ပျက်ခြစားမှု၊ အမြတ်ထုတ် သွေးစုတ်မှုနှင့် သယံဇာတ ထုတ်ယူမှုမှတဆင့် ချမ်းသာကြွယ်ဝနိုင်သည်။ ၎င်းတို့၏ သစ္စာခံမှုကို အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးစုအပေါ်အမြင်များနှင့် ထပ်မံပံ့ပိုးထားသည်။
ထိုသို့ဆိုသော်လည်း စစ်တပ်အတွင်း သစ္စာခံမှုသည် ယနေ့တွင် အဆင့်နိမ့်ကျလာသည်။ စစ်တပ်၏ အတွေးအခေါ် ရင်းမြစ်များ ပုပ်သိုးပျက်စီးလာသည်။ ၎င်းတို့၏ အကျိုးစီးပွားကွန်ရက်သည် မရေရာသည့် အသွင်ကူးပြောင်းမှုကို ရင်ဆိုင်နေရသည်။ အရာရှိများ၏ စီးပွားရေး အကျိုးခံစားခွင့်များသည် ဗဟိုထိန်းချုပ်မှု ပိုမိုခံရပြီး ရရှိရန် ခက်ခဲလာသည်။ စစ်မှုထမ်းခြင်းသည် လူလေးစားခံရလိုမှုအကြောင်းရင်းထက် ပေးဆပ်ရန်တာဝန် ပိုမိုဖြစ်လာသည်။
ထို့ကြောင့် ဗိုလ်ချုပ်များသည် စစ်ကောင်စီကို သစ္စာခံမှုထိန်းသိမ်းရန် အတင်းအကျပ် လုပ်သည့်ဘက်သို့ လှည့်လာကြသည်။ သဘောထားကွဲပြီး အုပ်စုဖွဲ့မည်ကို တားဆီးရန် အရာရှိများကို တာဝန်ပြောင်းရွှေ့ချထားပြီး မည်သည့် သစ္စာဖောက်မှုလက္ခဏာမဆို ရက်စက်ပြင်းထန်သော အပြစ်ဒဏ်များ ရင်ဆိုင်ရနိုင်သည်။
ထို့ကြောင့် ဗိုလ်ချုပ်များသည် စစ်ကောင်စီအပေါ် သစ္စာခံမှုထိန်းသိမ်းရန် အတင်းအကျပ် လုပ်သည့်ဘက်သို့ လှည့်လာကြသည်။ သဘောထားကွဲပြီး အုပ်စုဖွဲ့မည်ကို တားဆီးရန် အရာရှိများကို တာဝန်ပြောင်းရွှေ့ချထားပြီး မည်သည့် သစ္စာဖောက်မှုလက္ခဏာမဆို ရက်စက်ပြင်းထန်သော အပြစ်ဒဏ်များ ရင်ဆိုင်ရနိုင်သည်။
သို့သော် တပ်တွင်းညီညွတ်ရေး ထိန်းသိမ်းရန် စစ်ကောင်စီ၏ အားထုတ်မှုများသည် တိုက်ပွဲထိရောက်မှုကို ကျဆင်းစေသည်။ ယခုအခါ တပ်တွင်း လျှို့ဝှက်ဆန့်ကျင်တိုက်ခိုက်မှုများထက် စစ်မြေပြင်ဆုံးရှုံးမှုများသည် စစ်တပ်အင်စတီကျူးရှင်းအတွက် ပိုမိုအရေးပါသည့် ခြိမ်းခြောက်မှု ဖြစ်နိုင်သည်။
မကြာသေးမီ လများအတွင်း အရာရှိများသည် မတိုက်ခိုက်တော့ဘဲ တော်လှန်ရေးအင်အားစုထံ လက်နက်ချသည်ကို စစ်တပ်ကြုံတွေ့ရပြီး တပ်ပြေးမှုများနှင့် ဘက်ပြောင်းမှုများ ရေရှည်တွေ့နေရကာ ထိုသို့ဖြစ်ခြင်းသည် တော်လှန်ရေးအင်အားစုများက ထောက်ပံ့မည့် ကတိကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။ ထိုဖြစ်ရပ်များ အရှိန်ရလာသော်လည်း တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ အလယ်အလတ်နှင့် ထိပ်တန်းအရာရှိများ ပိုမိုကျယ်ပြန့်စွာ စစ်တပ်နှင့်လမ်းခွဲရန် ထောက်ပံ့ပေးနိုင်မည့် လုံလောက်သော ရင်းမြစ်မရှိပေ။
သို့သော် စစ်ကောင်စီသည် တည်မြဲနေဆဲဖြစ်ပြီး ပိုမိုမှုန်ဝါးလာသော အနာဂတ်သို့ ဆက်လက် ရွေ့လျားရင်း “နိုင်ငံတော်အတွင်းမှ နိုင်ငံတော်ငယ်တခု” ဖြစ်လာသည်။
လူထုအပေါ် အာဏာချုပ်ကိုင်သော စစ်တပ်
စစ်တပ်သည် လူထုကို အကြမ်းဖက်မှုနှင့် နေရာတကာတွင် ထိန်းချုပ်မှုယန္တရားများမှတဆင့် နိုင်ငံရေးနှင့် စီးပွားရေး အခွင့်ထူးခံအဆင့်ကို ထိန်းသိမ်းထားသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ စစ်တပ်သည် နိုင်ငံရေးပြိုင်ဘက်များ၊ အတွင်းပိုင်း ဆန့်ကျင်မှုများနှင့် အများပြည်သူ အုံကြွမှုများကို အမြဲတမ်းဖိနှိပ်သည်။ ရက်စက်ကြမ်းကြုတ်မှုဖြင့် အနိုင်ရ ရမည်ဆိုသည့် ယုံကြည်မှုဖြင့် စစ်ကောင်စီသည် တရားမဝင် အာဏာသိမ်းမှု ပြုလုပ်ခဲ့သည်။
စစ်တပ်သည် စစ်တပ်ပီသသော စစ်တပ် မဟုတ်ပေ။ မြန်မာစစ်တပ်သည် နိုင်ငံတော်အတွင်းမှ စစ်လက်နက်တပ်ဆင်ထားသည် သက်ဦးဆံပိုင်နိုင်ငံတော် ဖြစ်သည်။ စစ်တပ်ကို ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အာဏာရှင် ဗိုလ်ချုပ် နေဝင်းက မြေရှင်ပဒေသရာဇ်စနစ်အဖြစ် ပုံစံသွင်းထားသည်။ ထိုစနစ်သည် အများအားဖြင့် ယခင်အတိုင်း ရှိနေသည်။
ဒေသဆိုင်ရာ စစ်တိုင်းမှူးများသည် နယ်ပယ်အချို့တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော်လည်း အကြွင်းမဲ့အာဏာသည် စစ်ဦးစီးချုပ်တွင်သာ ရှိသည်။ ထိုစနစ်အတွင်းရှိ မည်သူမှ သူ၏ အာဏာကို စိန်မခေါ်ရဲပေ။ စစ်တပ်ထောက်ခံသူများက တောင်းဆိုသော်လည်း ဒု တပ်ချုပ် စိုးဝင်းသည် စစ်တပ်ထိပ်ဆုံးခေါင်းဆောင် မင်းအောင်လှိုင်၏ အနေအထားကို မခြိမ်းခြောက်ရဲပေ။
ပြည်သူလူထုအပေါ် အာဏာချုပ်ကိုင်ထားရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားကွန်ရက်ကို အားဖြည့်ရန် စစ်ခေါင်းဆောင်များသည် စစ်တပ်အဖွဲ့အစည်း အနေအထားကို ပိုမိုခိုင်မာစေရေးအတွက် မတရားရယူထားသည့် အာဏာမှ ထုတ်ယူထားသော ရင်းမြစ်များကို အသုံးပြုပြီး သီးခြားရပ်တည်နိုင်သော အပြန်အလှန် ဆက်စပ်မှု မြင့်မားသည့် နိုင်ငံတော်အတွင်းမှ နိုင်ငံတော်ငယ်အဖြစ် တည်ဆောက်ခဲ့သည်။ စစ်တပ်သည် ပတ်ဝန်းကျင်ကမ္ဘာကို အမှီအခိုကင်းစွာ ဆက်လက် ရပ်တည်ရေးအတွက် စီးပွားရေးကဏ္ဍ အားလုံးနီးပါးကို လုပ်ကိုင်သည်။ ပြည်သူလူထု ငတ်မွတ်နေလျှင်ပင် စစ်တပ်သည် ဆက်လက် ဝါးမြိုနေမည်ဖြစ်သည်။
ပြိုကွဲနေသော အင်စတီကျူးရှင်း အတွေးအခေါ်
၎င်း၏လုပ်ရပ်များ မှန်ကန်ကြောင်းပြသရန် စစ်တပ်သည် သူတို့က နိုင်ငံတော်ကို ကာကွယ်သူများအဖြစ် ကြေညာပြီး ၎င်းတို့၏ အဓိကတာဝန်မှာ တိုင်းရင်းသားစည်လုံးညီညွတ်ရေး၊ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စု မပြိုကွဲရေး ဖြစ်ကြောင်း ပြောသည်။ ဗမာလူမျိုးစုနှင့် ဗုဒ္ဓဘာသာကို စောင့်ရှောက်ကာကွယ်သူများ ဖြစ်သည်ဟုလည်း ပြောသည်။
အရာရှိများအပြားက ထို “တို့တာဝန်အရေးများ” သည် အင်စတီကျုးရှင်း၏ လမ်းညွှန်ဦးတည်ချက်ဖြစ်သည်ဟု မယုံကြည်ကြတော့ပေ။ ၎င်းတို့၏ ဆင်ခြင်တုံတရားကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အကြီးအကျယ် ထိခိုက်စေသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးသည် ခေတ်အဆက်ဆက် အမြင့်မားဆုံးအခြေအနေ ရောက်နေသော်လည်း စစ်တပ်ကို ဆန့်ကျင်သည့်ဘက်တွင် မြင့်မားနေခြင်း ဖြစ်သည်။ ဗမာပြည်သူများကို ကာကွယ်သူဟုဆိုသည့် အဖွဲ့အစည်းသည် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၆၃ လုံးကို မီးရှို့ဖျက်စီးပြီး ထိတ်လန့်တုန်လှုပ်စရာ ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ကာ ဗမာလွှမ်းမိုးသည့် အညာဒေသတွင် အများအားဖြင့် ကျူးလွန်နေသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးသည် ခေတ်အဆက်ဆက် အမြင့်မားဆုံးအခြေအနေ ရောက်နေသော်လည်း စစ်တပ်ကို ဆန့်ကျင်သည့်ဘက်တွင် မြင့်မားနေခြင်း ဖြစ်သည်။ ဗမာပြည်သူများကို ကာကွယ်သူဟုဆိုသည့် အဖွဲ့အစည်းသည် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၆၃ လုံးကို မီးရှို့ဖျက်စီးပြီး ထိတ်လန့်တုန်လှုပ်စရာ ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ကာ ဗမာလွှမ်းမိုးသည့် အညာဒေသတွင် အများအားဖြင့် ကျူးလွန်နေသည်။
ခရိုနီဘုန်းကြီးများ ပေါ်ထွက်လာသောကြောင့် ဗုဒ္ဓဘာသာကို ကာကွယ်ရန်ဆိုသည်မှာ တစုံတရာ မှန်ကန်နေသေးသော်လည်း ဘုန်းကြီးကျောင်းများကို လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ဆရာတော်ကြီးတပါးကို သတ်ဖြတ်ခြင်း၊ ဘုန်းကြီးနှင့် သီလရှင်များအကြား မကျေနပ်မှု ကြီးထွားနေခြင်းကြောင့် ထိုအချက်သည်လည်း မှေးမှိန်လာသည်။
အတွေးအခေါ်နှင့် ဦးတည်ချက်၏ စိတ်အားထက်သန်စေသောအင်အား သိသိသာသာ ကျဆင်းသွားသော်လည်း ထိုကိစ္စသည် စစ်ကောင်စီ၏ အင်စတီကျူးရှင်း ရပ်တည်ရေးအတွက် အတန်အသင့်သာ အရေးပါသည်။ ပိုမိုအရေးပါသောကိစ္စမှာ တည်ဆောက်ပုံနှင့် အကျိုးစီးပွားကွန်ရက် ဖြစ်သည်။
အကျိုးစီးပွားစနစ်သစ်
စစ်သားအများအပြားသည် စစ်တိုက်ရန်မဟုတ်ဘဲ လူမှုအဆင့်အတန်းရရန်နှင့် စီးပွားရေးဖူလုံမှုရရန် စစ်တပ်သို့ ဝင်ရောက်ခြင်း ဖြစ်သည်။ သမိုင်းအရ စစ်တပ်သည် ထိုရည်မှန်းချက်ပန်းတိုင် နှစ်ခုရရန် ဗမာများကို ခွင့်ပြုသည့် အနည်းငယ်မျှသော အဖွဲ့အစည်းများအနက် တခုဖြစ်သည်။
ယခုအခါ စစ်တပ်တွင် ပါဝင်ခြင်းဖြင့် ထိုအခွင့်ထူးများကို ဆက်လက် မရနိုင်တော့ပေ။
စစ်တပ်တွင်းမှ အချို့သူများသည် အစိုးရဗျူရိုကရေစီကို ကျော်လွှားရန်နှင့် မိသားစုများကို မတည်ငြိမ်မှုမှ ကာကွယ်ရန် ၎င်းတို့၏ အဆင့်ကို အသုံးပြုနိုင်ဆဲဖြစ်သည်။ ၎င်းတို့အသိုင်းအဝိုင်းအတွင်းမှ လူများကို အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းမှ ရှောင်ရှားရန်နှင့် ပိုမိုရှားပါးလာသည့် အခြေခံကုန်စည်များရရန် ကူညီနိုင်ကြသည်။
သို့သော် စစ်ကောင်စီ သို့မဟုတ် မြန်မာစစ်တပ်နှင့် ပတ်သက်ခြင်းသည် လူပုဂ္ဂိုလ်များ အရှက်ခွဲခံရခြင်း၊ ပစ်ပယ်ခံရခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှု အန္တရာယ် ကျရောက်စေသည်။ ဆက်စပ်နေသည်မှာ အလျင်အမြန် ကျုံ့သွားသည့် စီးပွားရေးဝေစုမှ ထုတ်ယူရန် ကြိုးစားနေရပြီး အရာရှိအရေအတွက် ဖောင်းပွခြင်းကြောင့် စီးပွားရေးအခွင့်ထူးများ ပိုမိုနည်းပါးလာသည်။
အာဏာကို ဗဟိုမှ ပိုမိုချုပ်ကိုင်ရန် ကြိုးစားသည့်အနေဖြင့် မင်းအောင်လှိုင်သည် စီးပွားရေး အကျိုးအမြတ်ကို ပြဋ္ဌာန်းသည့် အကျိုးစီးပွား ကွန်ရက်ကို ပြန်လည်ဖွဲ့စည်းသည်။ နေဝင်းက တည်ဆောက်ပြီး ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အာဏာရှင် သန်းရွှေက ဆက်လက် ထိန်းသိမ်းခဲ့သည့် ကွန်ရက်တွင် ဒေသဆိုင်ရာ တပ်မှူးများသည် ၎င်းတို့ကွပ်ကဲသည့်ဒေသများရှိ စီးပွားရေးလုပ်ငန်းများမှတဆင့် ချမ်းသာကြွယ်ဝအောင် လုပ်ယူသည်။
ထိုလုပ်ငန်းများတွင် သယံဇာတထုတ်ယူသည့် လုပ်ငန်းများ၊ မြေယာချထားမှုများ သို့မဟုတ် ဆိုးကျိုးသက်ရောက်မှုများ ဒေသခံပြည်သူများအပေါ် သက်ရောက်စေသည့် ရာဇဝတ်လုပ်ငန်းများ ပါဝင်သည်။ (အာဏာမသိမ်းမီက နေရာအနှံ့တွင် တွေ့ရသည့် စစ်တပ်အပေါ် မုန်းတီးမှုအဖြစ်စေဆုံးသော မောင်းနှင်အား ဖြစ်သည်။) ထိပ်တန်းတပ်မှူးအဖြစ် ခန့်အပ်ခံရခြင်းသည် အကျင့်ပျက်ခြစားပြီး လက်ဝါးကြီးအုပ်သည့် စီးပွားရေးလုပ်ငန်းလုပ်ရန် တိတ်တဆိတ် ခွင့်ပြုချက်ပေးခြင်း ဖြစ်သည်။
ယခုအခါ မင်းအောင်လှိုင်သည် သူနှင့် သူ့မိသားစု ပတ်ဝန်းကျင်တွင် အကျိုးစီးပွားကွန်ရက်များကို ဗဟိုစုစည်းချုပ်ကိုင်ရန် ကြိုးစားပြီး ထိုစနစ်ကို ပြန်လည် ပြင်ဆင်တည်ဆောက်နေသည်။ ထိုရည်မှန်းချက် အောင်မြင်စေရန် အတင့်ရဲသည့် လုပ်ရပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး နှစ်ဦး အပါအဝင် ထိပ်တန်းတပ်မှူး အနည်းဆုံး ၁၅ ဦးကို ၎င်းတို့စီးပွားရေးနှင့် ပတ်သက်သည့် “ရာဇဝတ်မှုများ” ဖြင့် ဖမ်းဆီးလိုက်ပြီး သူကိုယ်တိုင် ခွင့်မပြုသည့် မည်သည့် စီးပွားရေးလုပ်ငန်းကိုမှ အလွတ်ပေးမည် မဟုတ်ကြောင်း ပြသလိုက်သည်။
အကျင့်ပျက်ခြစားမှုဖြင့် ထိပ်တန်းတပ်မှူးများကို ရှင်းလင်းခြင်းသည် အသစ်အဆန်း မဟုတ်သော်လည်း အတိုင်းအတာ ကြိုတင်ခန့်မှန်းနိုင်မှု မရှိခြင်း၊ ထောင်ချခြင်းနှင့် ပိုင်ဆိုင်မှုသိမ်းဆည်းခြင်း အပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များသည် ယခင်က မကြုံဖူးသည့်ကိစ္စများ ဖြစ်သည်။ ထိုသို့လုပ်ခြင်းကြောင့် ထိပ်တန်းတပ်မှူးများအကြား စိတ်ပျက်မှုများနှင့် မလုံခြုံမှုများ ဖြစ်စေပြီး တပ်တွင်းသစ္စာခံမှုကို ထိခိုက်စေနိုင်သည်။
အရာရှိအရေအတွက် ဖောင်းပွခြင်းသည် စစ်မှုထမ်းခြင်း၏ အကျိုးကျေးဇူးများကို လျော့ပါးစေသည်။ ထိုအခွင့်ထူးများကို အရာရှိများသည် ဗိုလ်မှူးအဆင့်ရောက်သောအခါ စတင်ခံစားရသည်။ ထိုအဆင့်အောက်မှ စစ်သားများနှင့် မိသားစုများသည် အထက်အရာရှိများကို တာဝန်ထမ်းဆောင်ပေးရင်း အများအားဖြင့် အသင့်အတင့် ဘဝတွင်သာ နေထိုင်ရသည်။
အလယ်အလတ်အရာရှိများအကြား သစ္စာခံမှု ကျယ်ပြန့်စေရန် ရည်ရွယ်သည့် ရာထူးမြှင့်တင်ပေးရေးမူဝါဒတွင် မကြာသေးမီက အပြောင်းအလဲများသည် လက်ခံရရှိသူအများအပြားသို့ အကျိုးကျေးဇူးများ ခွဲဖြန့်ချပေးသည်။
ဗိုလ်မှူးများသည် ယခင်က စစ်သား ၁၀၀ မှ ၁၅၀ အထိ အုပ်ချုပ်သည့်နေရာများတွင် ယခုအခါ စစ်သား ၅၀ အောက်ကိုသာ အုပ်ချုပ်ရတော့သည်။ အလုပ်ပိုခိုင်းပြီး အပြစ်ဒဏ် ခတ်လာသည့် နေပြည်တော်ကို ရင်ဆိုင်ရသည့် ထိပ်တန်းတပ်မှူးများကဲ့သို့ပင် အလယ်အလတ်အရာရှိများ၏ စစ်မှုထမ်းရသည့် အကျိုးကျေးဇူးများ လျော့နည်းလာသည်။ ထိုနည်းလမ်းသည် မင်းအောင်လှိုင်၏ အာဏာကို ပိုမို ဗဟိုချုပ်ကိုင်ရေး ရည်မှန်းချက်အား အောင်မြင်စေနိုင်သလို မတည်ငြိမ်မှု၏ အကြောင်းရင်းတခုလည်း ဖြစ်နိုင်သည်။
အဖွဲ့အစည်းအပေါ် သစ္စာခံမှု အမျိုးမျိုး
စစ်တပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်ရေးအတွက် စီးပွားရေး၊ လူမှုရေးနှင့် အတွေးအခေါ်ဆိုင်ရာ စေ့ဆော်မှုများ ပြိုကွဲလာချိန်တွင် စိတ်ဓာတ်နှင့် အဖွဲ့အစည်းအပေါ် သစ္စာခံမှု အလားတူဖြစ်လာသော်လည်း ထိုအခြေအနေသည် မြန်မာစစ်တပ်၏ “အလွှာ သုံးခု” တွင် သိသိသာသာ ကွဲပြားခြားနားကြသည်။
စစ်တပ်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရေးအတွက် စီးပွားရေး၊ လူမှုရေးနှင့် အတွေးအခေါ်ဆိုင်ရာ စေ့ဆော်မှုများ ပြိုကွဲလာချိန်တွင် စိတ်ဓာတ်နှင့် အဖွဲ့အစည်းအပေါ် သစ္စာခံမှု အလားတူဖြစ်လာသော်လည်း ထိုအခြေအနေသည် မြန်မာစစ်တပ်၏ “အလွှာ သုံးခု” တွင် သိသိသာသာ ကွဲပြားခြားနားကြသည်။
၁။ “အောက်ခြေစစ်သားများ” သည် အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေသည်။ အများအပြားသည် ကျေးလက်စခန်းများတွင် သီးခြားဖြစ်နေပြီး တော်လှန်ရေးအင်အားစုများ၏ ဝိုင်းပတ်ခံထားရကာ ရိက္ခာ၊ အခြေခံကုန်စည် မလုံမလောက်ဖြစ်နေသည်။ အများစုသည် မင်းအောင်လှိုင် သို့မဟုတ် စစ်ကောင်စီအတွက် စွန့်လွှတ်အနစ်နာခံရန် စိတ်အားထက်သန်ခြင်းမရှိကြဘဲ ဘဝတူ ဗမာ ဗုဒ္ဓဘာသာများကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် စစ်တပ်သို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်သည်မှာ သေချာသည်။
ထို့ကြောင့် ရှေ့တန်းစစ်မျက်နှာတွင် မြင့်မားသည့် ဘက်ပြောင်းမှုနှုန်း၊ တပ်ပြေးမှုနှုန်းနှင့် လက်နက်ချမှုနှုန်းတို့ကို ဖြစ်စေပြီး စစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းကို အပြင်းအထန် ထိခိုက်စေသည်။
၂။ “အလယ်အလတ်အရာရှိများ” သည် တော်လှန်ရေးအင်အားစုများက ကျယ်ပြန့်သည့် နယ်မြေများကို သိမ်းပိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး မတိုင်မီက သစ္စာခံမှု မြင့်မားပြီး စိတ်ဓာတ် အလယ်အလတ်အဆင့် ပြသကြသည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဆုံးရှုံးမှုများကြောင့် အလွန်များပြားသည့် ခြေမြန်တပ်မ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်မှူးအများအပြား အဖမ်းခံကြရသည်။
ထို့ကြောင့် တပ်ရင်းအများအပြား လက်နက်ချရသည်။ အများအားဖြင့် ခုခံမှုအနည်းငယ်ဖြင့် လက်နက်ချခြင်းဖြစ်ပြီး လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးခြင်းကို ဖြစ်စေသည်။ သမိုင်းတွင် ပထမဆုံး ကြီးမားစွာ ဆုံးရှုံးမှုဖြစ်သည်။
ထိုအခြေအနေသည် စစ်တပ်မှ ထိုအလွှာကို တုန်လှုပ်မှုဖြစ်စေသည်။ သို့သော် အနည်းငယ်ကသာ ဗြောင်ကျစွာ သစ္စာမခံကြောင်း ပြသကြသည်။ စိတ်ပျက်မှုအတိုင်း လုပ်ဆောင်ရန် တပ်မှူးများအတွက် ပိုမိုခက်ခဲလာပြီး ပေးဆပ်ရမည့်တန်ဖိုးလည်း လွန်စွာကြီးမားသည်။ တပ်မှူးများသည် ၎င်းတို့ထွက်ပြေးပါက တော်လှန်ရေးအင်အားစုက ပေးမည့်ပြစ်ဒဏ်နှင့် ၎င်းတို့မိသားစုကို စစ်ကောင်စီက လက်စားချေမည်ကို ကြောက်လန့်နေသည်။
ထိုအဆင့်တွင် သစ္စာဖောက်ခြင်းကို တားဆီးရန် မင်းအောင်လှိုင်သည် အတွေ့အကြုံရှိ တပ်မှူးဒါဇင်ပေါင်းများစွာကို အလှည့်ကျ နေရာပြောင်းရွှေ့၊ ဖယ်ရှား၊ ဖမ်းဆီးပြီး စစ်ပွဲတွင် စမ်းသပ်မခံရသေးသည့် အခြားသူများနှင့် အစားထိုးသည်။
ထိုအပြောင်းအရွှေ့များသည် စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည် ထိရောက်မှုကို အားနည်းစေသော်လည်း သစ္စာခံမှုကင်းမဲ့ခြင်းကို ကန့်သတ်ပေးသည်။ နောက်ဆုံးတွင် ထိုအလွှာမှ သစ္စာမခံသည့် လုပ်ရပ်များသည် ပိုမိုကျယ်ပြန့်သော အဖွဲ့အစည်းပြိုလဲမှု ဖြစ်စေမည်။
၃။ အများအားဖြင့် နေပြည်တော်တွင် အခြေစိုက်သည့် “အဆင့်မြင့်အရာရှိများ” သည် လားရှိုးမြို့ကျဆုံးခြင်းနှင့် တော်လှန်ရေးအင်အားစုများ မန္တလေးတွင် စစ်ဆင်ရေးစတင်ခြင်း မတိုင်မီအထိ လုံခြုံသည်ဟု ခံစားကြသည်။ လားရှိုးမြို့ကျဆုံးခြင်းသည် တပ်တွင်းစိတ်ပျက်မှုကို ဖြစ်စေသည်။
အလယ်အလတ်တန်း အရာရှိများကို လုပ်သကဲ့သို့ပင် မင်းအောင်လှိုင်သည် ထိပ်တန်းအရာရှိများကိုလည်း အလှည့်ကျ နေရာရွှေ့ပြောင်းခြင်း၊ ဖမ်းဆီးခြင်းနှင့် ဖယ်ရှားခြင်းတို့ဖြင့် သစ္စာခံမှု ထိန်းသိမ်းထားရန် ကြိုးစားပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိပ်တန်းတပ်မှူး ၁၀၀ ကျော်ကို ပြောင်းရွှေ့ကာ ၅၀ ကျော်ကို ဖမ်းဆီး၊ ဖယ်ရှားသည်။ ပြင်ဦးလွင် သို့မဟုတ် အခြား အဓိကကျသည့် အထင်ကရဖြစ်သည့်နေရာများ တော်လှန်ရေးအင်အားစုလက်သို့ ကျဆုံးပါက မရပ်တည်နိုင်သည့် အဆင့်များသို့ ရောက်သွားနိုင်သည်။
ကြီးထွားလာနေသည့် အနာဂတ် သစ္စာခံမှု ကင်းမဲ့ခြင်း
ယနေ့အထိ မိမိတို့သည် ဘက်ပြောင်းမှု အကြမ်းဖျဉ်း ခန့်မှန်းချက် ၅,၈၀၀၊ တပ်ပြေးမှု အကြမ်းဖျဉ်း ခန့်မှန်းချက် ၁၅,၀၀၀ နှင့် မတိုက်ခိုက်ဘဲ လက်နက်ချမှုများကို တွေ့နေရသည်။ စစ်တပ်က မြန်မာပြည်သူများအပေါ် စစ်ပွဲ ဆက်လက် မဆင်နွှဲနိုင်တော့ချိန် မတိုင်မီ ထိုသို့သော လုပ်ရပ်များ တပ်မှူးများနှင့် ထိပ်တန်း ခေါင်းဆောင်များအကြား ပိုမိုများပြားလာရန် လိုအပ်မည်ဖြစ်သည်။
သစ္စာခံမှုကင်းမဲ့ခြင်း၏ ထိခိုက်မှု အပြင်းထန်ဆုံး ရိုက်ခတ်ချက်ဖြစ်သည့် ဘက်ပြောင်းခြင်းနှင့် တပ်ပြေးခြင်းသည် စိတ်ဓာတ်စေ့ဆော်မှုနှင့် အခွင့်အလမ်းအကြား ချိန်ညှိမှု လိုအပ်သည်။ ဘက်ပြောင်းရန် သို့မဟုတ် တပ်ပြေးရန် ဆုံးဖြတ်ချက်ကို သက်ရောက်စေသည့် အချက်များသည် စစ်သားတဦးစီ၏ အန္တရာယ်ရင်ဆိုင်နိုင်စွမ်းအရ ကွဲပြားသော်လည်း အောက်ပါအချက်များ ပေါင်းစပ်ပါဝင်တတ်သည်။
-၎င်းတို့ကို ဖမ်းဆီး၊ သတ်ဖြတ်ခံရနိုင်သည်ဆိုသည့် အယူအဆ (ဒေသဆိုင်ရာ ခြိမ်းခြောက်မှု) သို့မဟုတ် စစ်ကောင်စီ “အနိုင်ရမည် မဟုတ်” ဆိုသည့် အယူအဆ (အမျိုးသားအဆင့် ခြိမ်းခြောက်မှု)၊
– စစ်ကောင်စီအပေါ် ကျင့်ဝတ်ဆိုင်ရာ မကျေနပ်မှုဒေါသ သို့မဟုတ် အတွေးအခေါ်ဆိုင်ရာ ညီညွတ်မှု ဆုံးရှုံးခြင်း၊
-စီးပွားရေးနှင့် လူမှုအဆင့်အတန်း အကျိုးကျေးဇူးများသည် ပေးဆပ်ရသည့် တန်ဖိုးလောက် မထိုက်တန်တော့ခြင်း၊
-တော်လှန်ရေး အင်အားစုများနှင့် လုံခြုံစွာ ဆက်သွယ်နိုင်သည့် စွမ်းရည်၊
-တော်လှန်ရေး ထိန်းချုပ်ဒေသသို့ လုံခြုံစွာ ရွှေ့ပြောင်းနိုင်သည့် စွမ်းရည်၊
-၎င်းတို့ရွှေ့ပြောင်းသည့် နေရာများတွင် တော်လှန်ရေးအင်အားစု သို့မဟုတ် ပြည်သူလူထုက လက်ခံ၊ မခံ ဆိုသည့် အယူအဆ၊
– တော်လှန်ရေး ထိန်းချုပ်ဒေသတွင် လက်ခံနိုင်သော လူနေမှုအခြေအနေများရှိခြင်းတို့ ပေါင်းစပ်ပါဝင်သည်။
တပ်မှူးအဆင့် ဘက်ပြောင်းခြင်း သို့မဟုတ် တပ်ပြေးခြင်းအတွက် ထိုသို့သော အခြေအနေများ မရှိသေးပေ။
တော်လှန်ရေးအင်အားစုများသည် ဘက်ပြောင်းလာသူများ၊ တပ်ပြေးများနှင့် စစ်သုံ့ပန်းများကို လက်ခံရန် များပြားသော ကူပံ့ပေးမှုများကို အသုံးပြုကြသော်လည်း ထိုသို့သောသူ အရေအတွက် ကြီးထွားနေသောကြောင့် ၎င်းတို့ကို ကူညီရန် အထောက်အကူရမှု နည်းလာနေသည်။ ဘက်ပြောင်းလာသူများ၊ တပ်ပြေးများနှင့် စစ်သုံ့ပန်းများ၏ ရုပ်ဝတ္တုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန် တိုက်ရိုက် အကူအညီပေးသည့် နိုင်ငံတကာ အားထုတ်မှု မရှိပေ။ ထိုကိစ္စသည် ကြီးမားသော အကန့်အသတ် ဖြစ်နေသည်။
တော်လှန်ရေးအင်အားစုများသည် ဘက်ပြောင်းလာသူများ၊ တပ်ပြေးများနှင့် စစ်သုံ့ပန်းများကို လက်ခံရန် များပြားသော ကူပံ့ပေးမှုများကို အသုံးပြုကြသော်လည်း ထိုသို့သောသူ အရေအတွက် ကြီးထွားနေသောကြောင့် ၎င်းတို့ကို ကူညီရန် အထောက်အကူရမှု နည်းလာနေသည်။ ဘက်ပြောင်းလာသူများ၊ တပ်ပြေးများနှင့် စစ်သုံ့ပန်းများ၏ ရုပ်ဝတ္တုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန် တိုက်ရိုက်အကူအညီပေးသည့် နိုင်ငံတကာ အားထုတ်မှု မရှိပေ။ ထိုကိစ္စသည် ကြီးမားသော အကန့်အသတ် ဖြစ်နေသည်။
စီးပွားရေး၊ လူမှုရေးနှင့် အတွေးအခေါ်ဆိုင်ရာ “ဆုလာဘ်များ” အပြင် စစ်ကောင်စီသည် ၎င်းတို့ ဆက်လက် ရပ်တည်ရေးအတွက် ပြင်းထန်သော “ဒဏ်ခတ်မှုများ” လည်း ရှိသည်။ အပြင်းထန်ဆုံး ဒဏ်ခတ်မှုများအနက် သုံးခုမှာ (၁) ပုံမှန်နှင့် ကြိုတင်ခန့်မှန်းမရသည့် စခန်းများအကြား တပ်ဖွဲ့ဝင်များ အလှည့်ကျရွှေ့ပြောင်းမှု၊ (၂) ရှေ့တန်းစစ်သားများ၏ မိသားစုများကို စစ်တန်းလျားများတွင် ဓားစာခံ လုပ်ထားခြင်း၊ ဘက်ပြောင်းသူများ၏ မိသားစုများကို အပြစ်ပေးခြင်းနှင့် ရှေ့တန်းစစ်သားများသို့ လစာမပေးဘဲ မိသားစုများကိုသာ ပေးခြင်း၊ (၃) စစ်သားများကို အဆင့်မြှင့် ရွှေ့ပြောင်းခြင်းနှင့် ဘက်ပြောင်း သို့မဟုတ် တပ်ပြေးရန် ကြိုးစားသူများကို ပြင်းထန်စွာ အပြစ်ပေးခြင်းနှင့် အဆင့်မြင့် ထောက်လှမ်းစောင့်ကြည့်ခြင်းတို့ ဖြစ်သည်။
အင်စတီကျူးရှင်း ခံနိုင်ရည်
စစ်တပ်၏ အင်စတီကျူးရှင်း ပြိုလဲခြင်းသည် ကာလတိုအတွင်း ဖြစ်နိုင်ဖွယ် မရှိပေ။ သို့သော် စစ်ကောင်စီသည် ပိုမို ထိခိုက်လွယ်လာပြီး ပိုမို ရဲတင်း ထိရောက်လာသော တော်လှန်ရေးလှုပ်ရှားမှုတွင် စစ်ရေးအရ ပိုမိုဆုံးရှုံးလာမည်ဖြစ်သည်။
နောက်ဆုံးတွင် စစ်ရေးရှုံးနိမ့်မှုများသည် အဓိက တပ်မှူးများ၏ တွက်ကိန်းကို ပြောင်းလဲစေမည်ဖြစ်ပြီး စစ်ကောင်စီ ပြိုလဲမှု သို့မဟုတ် အဓိကကျသည့် ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ မည်သည့်အချိန်တွင် ထိုသို့ဖြစ်မည်ကို ခန့်မှန်းရန် ခက်ခဲသော်လည်း စစ်သားများအတွက် အတွေးအခေါ်၊ စီးပွားရေးနှင့် လူမှု အကျိုးကျေးဇူးများ ပျောက်ကွယ်သွားသောအခါ သို့မဟုတ် တိုက်ပွဲတွင် သေဆုံး၊ ဒဏ်ရာရမည့် ခြိမ်းခြောက်မှု ကြီးမားလာသောအခါ ၎င်းတို့သည် အခြားရွေးစရာ မရှိတော့ဘဲ လုပ်ရမည့်ကိစ္စကို လုပ်ဆာင်မည်ဖြစ်သည်။
(အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု USIP ပါ ရဲမျိုးဟိန်းနှင့် Billy Ford တို့၏ The Myanmar Military’s Institutional Resilience ကို ဘာသာပြန်သည်။ ရဲမျိုးဟိန်းသည် USIP တွင် ဧည့်ဝါရင့်သုတေသီ ဖြစ်ပြီး ဘီလီဖို့ဒ်သည် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်အရာရှိ ဖြစ်သည်။)
You may also like these stories:
နှစ် ၄၀ ကျော်တပ်စွဲခဲ့တဲ့စခန်းကို စစ်ကောင်စီတပ် စွန့်ခွာထွက်ပြေး (ရုပ်/သံ)
PDF တွေ တိုင်းရင်းသားတွေ လက်နက်စွန့်ရမှာ မဟုတ်ဘူး စစ်ကောင်စီက စွန့်ရမှာ
နိုင်ငံတဝန်း ရှုံးပွဲဆက်နေသော စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များ
“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”
ပရမ်းပတာ စစ်သားစုဆောင်းမှုက စစ်ကောင်စီ အင်အားချိနဲ့နေကြောင်း ပြသ