နွေဦးတော်လှန်ရေးအတွက် ပြည်တွင်းမှာ တိုက်ပွဲဝင်နေတဲ့ သူတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ဖို့အတွက် ရည်ရွယ်ပြီးအမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ်၊ ဖီလာဒဲဖီးယား မြို့မှာ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ က ကျင်းပတဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကနေ အမေရိကန်ဒေါ်လာ ၃ သောင်းကျော် (ကျပ် သိန်း ၁၃၅၀) ခန့် ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီဈေးရောင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဆာဆာ လက်မှတ်ရေးထိုးထားတဲ့ ဂစ်တာကို လေလံတင်ခဲ့ရာ ဒေါ်လာ ၅၅၅၀ ရရှိခဲ့ပါတယ်။
ရန်ပုံငွေဈေးရောင်းပွဲတော်ကို ဖီလာဒဲဖီးယားမြို့ Ethnic Community of Burma အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာပါ။
ဈေးရောင်းပွဲတော်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့တက်ရောက်ခဲ့ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR