• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယခုအပတ်အတွင်း ထိုင်းက မြန်မာ့အရေးဆွေးနွေးပွဲ ၂ ခု ကျင်းပမည်

by ဧရာဝတီ
16 December 2024
in သတင်း
A A
ယခုအပတ်အတွင်း ထိုင်းက မြန်မာ့အရေးဆွေးနွေးပွဲ ၂ ခု ကျင်းပမည်

၂၀၂၄ ခုနှစ် ဧပြီလအတွင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး ကင်းလှည့်နေသော ထိုင်းစစ်သားများ/AFP

472
VIEWS
Share on FacebookShare on Twitter

ယခုအပတ်အတွင်း မြန်မာနှင့် ပတ်သက်သည့် ဒေသတွင်းဆွေးနွေးပွဲ ၂ ခု ကျင်းပမည်ဖြစ်ကြောင်းနှင့် အနည်းဆုံးတခုတွင် စစ်ကောင်စီကိုယ်စားလှယ်များ ပါမည်ဖြစ်ကြောင်းထိုင်းနိုင်ငံက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောဆိုစဉ် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကလည်း မြန်မာကို ASEAN သို့ ပြန်လည်ထည့်သွင်းရန် အားထုတ်မှုများ လုပ်နေသည်ဟုပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖြစ်နေသည့် အကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အလွတ်သဘောဆွေးနွေးပွဲများကို လက်ခံကျင်းပရန် ထိုင်းနိုင်ငံက အောက်တိုဘာလတွင် ကမ်းလှမ်းခဲ့ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယန်ပေါင်ဆာသည် ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် သီးခြားဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့်ဆွေးနွေးပွဲများတွင် မြန်မာ စစ်ကောင်စီ ကိုယ်စားလှယ်များပါဝင်မည် ဖြစ်သည်။ ထိုအစည်းအဝေးသည် နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုအတွက် အလွတ်သဘောဆွေးနွေးပွဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ နီကွန်ဒက် ဘလန်ကူရာပြောသည်။

မြန်မာနှင့် နယ်စပ်ထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့်ထိုင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စိတ်ပါဝင်စားသော ASEAN နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအဆင့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ငြိမ်းချမ်းရေး အစီအစဉ် အပါအဝင် မြန်မာ့အရေးအစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း နီကွန်ဒက်ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပမည့်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်တက်မည် မတက်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ASEAN သည် ခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ ဒေသတွင်းအစည်းအဝေးများသို့ နိုင်ငံရေးရာထူးမရှိသူများကိုသာ ဖိတ်ခေါ်ခြင်းဖြင့် မြန်မာစစ်ခေါင်းဆောင်များကို ပယ်ထားသည်။

ASEAN ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်ထားကြောင်း ၂၀၂၅ ခုနှစ်တွင် ASEAN ဥက္ကဌဖြစ်မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောသည်။ အာဏာသိမ်းပြီး မကြာမီ ထိုအစီအစဉ်ကို ၂၀၂၁ ဧပြီလက ထုတ်ပြန်ကြေညာသော်လည်း တိုးတက်မှု မရှိသလောက်ဖြစ်သည်။

“မြန်မာပါဝင်ပြီး ASEAN ရဲ့ရှေ့တန်းကို ပြန်ရောက်ဖို့ အဆင့်အသီးသီးမှာ အလွတ်သဘော ဆွေးနွေးဖို့ ကျနော်တို့လုပ်နေတယ်” ဟု ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်နှင် ကွာလာလန်ပူတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောသော်လည်း အသေးစိတ်မပြောပေ။

ဒီဇင်ဘာလ ၂၀ ရက်နေ့ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးတက်မည်ဟု အင်ဒိုနီးရှားပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး ပုန်ကန်မှုနှင့် လူဦးရေ ၅၅ သန်းကို ထိခိုက်စေသည့် ပြည်တွင်းစစ်ဖြစ်ပြီး မြန်မာတွင် ဖရိုဖရဲဖြစ်နေသည်။

အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် မြန်မာကပိုင်ပြီး မြန်မာဦးဆောင်သည့် အားလုံးပါဝင်သော ဆွေးနွေးပွဲအတွက် ကောင်းမွန်သောအခြေအနေဖန်တီးရန် အောက်တိုဘာလက ထိပ်သီးဆွေးနွေးပွဲတွင် ASEAN တောင်းဆိုသည်။

ကိုးကား။ ။ Reuters သတင်း Thailand to host two regional meetings focused on Myanmar this week

You may also like these stories:

ပြည်သူသာ အဓိက၊ ပြည်သူက ပိုအရေးကြီးတယ် (ရုပ်/သံ)

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

NUG အစိုးရအဖွဲ့ကို လူထုမျှော်နေပြီ

တရုတ်က မြန်မာအရေးမှာ ခြံစည်းရိုး ခွမထိုင်တော့

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

Your Thoughts …
Tags: Aseanထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မြန်မာ့အရေးဆွေးနွေးပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

သက်တမ်း ၅၆ နှစ်ပြည့်  အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

သက်တမ်း ၅၆ နှစ်ပြည့် အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

by ဧရာဝတီ
8 August 2023
2k

မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေခြင်းကို အဆုံးသတ်ရန် မြန်မာမှ သက်ဆိုင်သူအားလုံး၏ နိုင်ငံရေးဆန္ဒ လိုအပ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြောကြားလိုက်သည်။

Next Post
တောင်ကုတ်ကို AA အပြီးသတ် သိမ်းပိုက်(ရုပ်/သံ)

တောင်ကုတ်ကို AA အပြီးသတ် သိမ်းပိုက်(ရုပ်/သံ)

မလေးဝန်ကြီးချုပ်က သက်ဆင်ကို ASEAN ဆိုင်ရာ အကြံပေးခန့်

မလေးဝန်ကြီးချုပ်က သက်ဆင်ကို ASEAN ဆိုင်ရာ အကြံပေးခန့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved