နိုင်ငံတကာ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အလေးအနက်ထား နားထောင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၄၈ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ မဲမခွဲဘဲ အများသဘောနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဆက်လက်ရှိနေရခြင်းဟာ ပြည်သူတွေရဲ့အသံကို နိုင်ငံတကာကိုရောက်ရှိဖို့ ကြိုးပမ်းနေတာအပြင် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ရောက်မလာဖို့ကိုလည်း ကြိုးစားသွားမှာဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












