မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ ရက်နေ့မနက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ဧရာဝတီကို ပြောပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြိုင်မြို့နယ်အတွင်းက ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၅) တပ်ရင်း၊ တပ်ခွဲ (၃) စခန်းကိုလည်း Mi-35 နဲ့ ၂ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း မြိုင်မြို့နယ်အတွင်းက အောင်ဆန်းတက္ကသိုလ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရခဲ့သလို၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း မြိုင်မြို့နယ် လက်ယက်မရွာကို ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy