ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာ ရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ မတ်လ ၁၃ ရက်နေ့က သွားရောက် ဆန္ဒပြခဲ့ကြပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို အိတ်ဖွင့်စာ ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက လစဥ်ပြန်ပို့နေတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက စစ်မှုထမ်းအင်အားအဖြစ်နဲ့ စုဆောင်းပြီး လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို ပို့ဆောင်နေသလို နောက်တန်းနဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ အသုံးပြုနေတာကြောင့် ထိုင်းအစိုးရအနေနဲ့ ဒီသူတွေကို ပြန်မပို့ဘဲ ယာယီလက်ခံပေးထားပြီး နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကူညီပေးဖို့ကို အိတ်ဖွင့်စာ ပေးပို့ တောင်းဆိုခဲ့ကြတာလို့လည်း ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို အကူအညီ မပေးဖို့၊ စစ်ခေါင်းဆောင်ကို အသိအမှတ် မပြုဖို့၊ မြန်မာဒုက္ခသည်တွေကို ကူညီဖို့၊ အိမ်နီးချင်းကောင်းအဖြစ်နဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးဖို့ကိုလည်း ထိုင်းသံရုံးရှေ့မှာ စုဝေးပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါသေးတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #အမေရိကန် #စစ်မှုထမ်းဥပဒေ #ရွှေ့ပြောင်းလုပ်သား
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













