ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ထီးခီးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ တပ်မဟာ ၄ လက်အောက်ခံတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ် တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ထီးခီးစခန်းကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေအင်အားဖြည့်တင်းမှုတွေလုပ်ဆောင်လာပြီး စစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့အတွက် မေလ ၂ ရက်နေ့ထဲက အဲဒီစခန်းကို စတင်ထိုးစစ်ဆင်ခဲ့တာဖြစ် တယ်လို့ KNLA တပ်မဟာ ၄ တာဝန်ရှိသူက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ထီးခီး #တနင်္သာရီတိုင်း #ထားဝယ် #KNLA #တပ်မဟာ၄ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













