စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ကို ကျေးဇူးရှင်ဟု ဆို၏။
မည်သို့ပင်ဖြစ်စေ တရုတ်တို့၏ ဖိအား၊ အကျပ်ကိုင်၊ ခြိမ်းခြောက်မှု အကူအညီဖြင့် လားရှိုးမြို့သို့ ပြန်လည် ဝင်ရောက်လာသည့် စစ်ကောင်စီတပ် မိမိကိုယ်ပိုင်အရည်အချင်းဖြင့်၊ မိမိရဲစွမ်းသတ္တိဖြင့် ပြန်လည် ဝင်ရောက်လာခြင်း မဟုတ်သည်ကို လူထုက သိကြသကဲ့သို့ လားရှိုးမြို့တွင်း ပြန်လည် ဝင်ရောက်လာသည့် စစ်တပ်မှ စစ်ဗိုလ် စစ်သားများကိုယ်တိုင်လည်း သိကြသည်။
လားရှိုးသို့ ပြန်လည် ဝင်ရောက်လာသည့် စစ်ကောင်စီ၏ စစ်ယာဉ်တန်းအား ကြိုဆိုမည့်သူ မရှိသကဲ့သို့ ဝင်ရောက်လာသည့် စစ်ဗိုလ် စစ်သားများလည်း အောင်ပွဲခံရဲခြင်း မရှိပေ။ ရှက်စိတ်ဖြင့် တိတ်တဆိတ် ဝင်လာကြရပုံပေါ်၏။
တရုတ်အကူအညီဖြင့် လားရှိုးသို့ ဝင်လာသည့် စစ်တပ်သည် သူတို့ပြောနေသည့် “ပြည်ပအားကိုး ပုဆိန်ရိုး” ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ သူတို့ကိုယ်တိုင်သာဖြစ်သည်ကို အရှက်မဲ့စွာ ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပေ၏။
#မြန်မာ #ဧရာဝတီ #တရုတ် #လားရှိုး #MNDAA #WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy