စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ရောက် မြန်မာတွေက ဝါရှင်တန်ဒီစီမြို့က စစ်ကောင်စီသံရုံးရှေ့မှာ မေလ ၁၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ လေတပ်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ၁၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ မြေပြင် ဒေသခံတွေစုစည်းထားတဲ့ မှတ်တမ်းအချက်အလက်အရ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ဒီပဲယင်း #အိုးတိန်တွင်း #စာသင်ကျောင်း #ဗုံးကြဲ #အမေရိကန် #ဝါရှင်တန်ဒီစီ #စစ်ကောင်စီသံရုံး #ဆန္ဒပြ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













