ကရင်လက်နက်ကိုင်တပ် အချင်းချင်းကြား နားလည်မှုလွဲပြီး တိုက်ပွဲတွေဖြစ်အောင် စစ်ကောင်စီ ကြိုးစားနေတယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ဧရာဝတီကို ပြောပါတယ်။
DKBA တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့တနိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တခုဖြစ်ပါတယ်။သူ့ထိန်းချုပ်ဒေသမှာ တော်လှန်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာ ဝင်ရောက်ပါဝင်ခြင်း မရှိသလို တဖက်မှာလည်း ကရင်လက်နက်ကိုင်တွေ အချင်းချင်းကြား တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်တာတွေမလုပ်ဆောင်ဖို့ အရင်ထဲက သဘောတူညီထား ကြပြီးလည်းဖြစ်ပါတယ်။
ဒါကိုသိရှိထားပြီးဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ သေ့ဘောဘိုးဗျူဟာ စခန်းအတွက် ဝေါလေဗျူဟာက စစ်အင်အား တရာ စစ်ကူပို့ဆောင်တဲ့နေရာမှာ ဆုံဆည်းမြိုင်ကိုဖြတ်ပြီး သေဘော့ဘိုးစခန်းကို တိုက်ရိုက်မသွားဘဲ DKBAဌာနချုပ် ၊ စစ်ရေးပြကွင်းအနီး သောင်ရင်းမြစ်ကမ်းစပ်မှာ အထိုင်ချပြီးတော်လှန်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #DKBA #သေ့ဘောဘိုးဗျူဟာ #ဆုံဆည်းမြိုင် #ဝေါလေဗျူဟာ #ကရင်လက်နက်ကိုင်













