စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲကို လေကြောင်းတိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် တစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောခွင့်ရသူက ဧရာဝတီကိုပြောပါတယ်။
ဇွန်လ ၁၀ ရက် နေ့မှာ ဒီနေ့ နေ့လယ်ပိုင်းမှာ PLA ရဲ့ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့တာလို့ဆိုပြီး ပစ်ချခဲ့တဲ့ လက်နက်အမျိုးအစားကတော့ စစ်ရေးဆိုင်ရာ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောဆိုလို့မရဘူးလို့ဆိုပါတယ်။
ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲဟာ ဇွန်လ ၂ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန် ၁၀ရက်နေ့ဟာ တိုက်ပွဲ ၉ ရက်မြောက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ဂျက်ဖိုက်တာ #ပုလဲ #PLA #ပစ်ချ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













