အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုရဲ့ ဖိတ်ကြားချက်နဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို တက်ရောက် ခဲ့ပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူတွေနဲ့ စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တွေကတော့ စစ်ခေါင်းဆောင်ဟာ ဘီလာရုဇ် ခရီးစဉ်အတွင်းမှာ EAEU မှာ ပါဝင်ခွင့်ရဖို့ ကြိုးပမ်းတဲ့ အပြင် စစ်ဘက်ဆိုင်ရာ လက်နက် ပစ္စည်းတွေနဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေ ဝယ်ယူတာ၊ စစ်တပ်အတွင်းမှာ ပြန်လည် အသုံးချနိုင်မယ့် နည်းပညာ လွှဲပြောင်းမှုတွေအတွက် ဆွေးနွေးနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ဘဲလာရုစ် #မင်းအောင်လှိုင် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR