ထိုင်း-မြန်မာနယ်စပ် တလျောက်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့နောက်ပိုင်းကစတင်ကာ အစားအသောက်ပံ့ပိုးမှု ရပ်ဆိုင်းမယ်လို့ ဆိုလိုက်တာကြောင့် ဒုက္ခသည် တသိန်းကျော်ဟာ စားနပ်ရိက္ခာ ပြတ်တောက်သွားနိုင်တယ်လို့ ဒုက္ခသည်တွေနဲ့ ကူညီဆောင်ရွက်ပေးနေသူ တွေကပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုကို အဓိက ရိက္ခာအထောက်အပံ့ ပေးနေတဲ့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) ဟာ ပင်မအလှူရှင်ထံက ထောက်ပံ့မှု မရနိုင်တော့တာကြောင့် အစားအသောက် ပံ့ပိုးမှု ရပ်ဆိုင်းဖို့ရှိတယ်လို့ စခန်းတွေထံ စာပေးပို့အကြောင်းကြားလာတာ ဖြစ်ပါတယ်။
TBC ဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ ကရင်နဲ့ ကရင်နီလူမျိုး အများစု နေထိုင်တဲ့ ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်ပေါင်း ၁၁၀၀၀၀ ကိုလစဉ် စားနပ်ရိက္ခာ အထောက်အပံ့ပေးနေတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒုက္ခသည်စခန်း #စားနပ်ရိက္ခာ #ထိုင်းမြန်မာနယ်စပ် #TBC #WhathappensInMyanmar
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













