ရှမ်း နဲ့ ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကို ပြန်သိမ်းဖို့ လာရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီနဲ့အတူ ပအိုဝ်းပြည်သူ့စစ် (PNA) တွေက ပူးပေါင်းပါဝင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်ရဖို့ တပ်အင်အားထောင်နဲ့ချီသုံးကာ ၆ လကြာအောင် ထိုးစစ်ဆင်ပြီး တဲ့နောက် ဇူလိုင်လ ၁၁ ရက်နေ့မှာ မြို့ကို အပြည့်အဝ ထိန်းချုပ်ခဲ့တာလို့ မြန်မာ့အလင်းသတင်းစာမှာထည့်သွင်းဖော်ပြခဲ့တာပါ။
PNA အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကရင်နီဒေသတွင်း တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်နေ တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေတွေ KNDF မှာ ရရှိထားတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #KNDF #PNA #ကရင်နီ #မိုးဗြဲ #မာဝီ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













