တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ ဝီဖာမုန်တိုင်းရဲ့ အရှိန်နဲ့ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု များပြားနေပြီး တိုင်းနဲ့ ပြည်နယ် ၄ ခု ထက်မနည်းမှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေပါတယ်။
ရှမ်းပြည်နယ်မှာ တာချီလိတ်၊ ကလော၊ ပင်းတယ၊ ကရင်ပြည်နယ်မှာ ဘားအံမြို့၊ မွန်ပြည်နယ်မှာ ဘီးလင်းမြို့၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်တွင်း၊ ရွှေကျင်နဲ့ တောင်ငူမြို့တွေမှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေကြရတာပါ။
ရေကြီးနစ်မြုပ်မှုနဲ့အတူ တောင်ပေါ်ဒေသတွေမှာ ရုတ်တရက် တောင်ကျရေစီးဆင်းလာတာကြောင့် ပင်းတယမြို့၊ ထန်းတပင်မြို့နယ်နဲ့ အုတ်တွင်းမြို့တို့မှာ ရေစီးနဲ့မျောပါ လူသေဆုံးမှုတွေလည်းရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #ဝီဖာမုန်တိုင်း #ရေကြီး #တောင်ကျရေ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













