• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ပဲခူးရေကြီးမှု လူ ၂သောင်း နီးပါးကယ်ထုတ်နိုင်၊ ပိတ်မိနေသူများလည်း ရှိနေဆဲ

by ဧရာဝတီ
9 October 2023
in Environment, သတင်း
A A

ပဲခူးမြို့ ရေကြီးနေသည်ကို ယနေ့တွေ့ရစဉ်

1.8k
VIEWS
Share on FacebookShare on Twitter

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄ပေကျော်နေသည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာများ အပါအဝင် ပဲခူးမြို့လုံးကျွတ်နီးပါး ရေကြီးနေသဖြင့် လူ ၂သောင်း နီးပါးကယ်ထုတ်ခဲ့ရပြီး ပိတ်မိနေသူများလည်း ရှိနေဆဲ ဖြစ် ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံက သိရသည်။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက “ရေက တန့်သွားသလိုလိုနဲ့ ဆက်ပြီးတော့ တက်နေဆဲပါပဲ၊ ကျနော့် တသက် တခါမှ ရေမကြီးဘူးတဲ့ မင်းလမ်း၊ ပန်းလှိုင်၊ ဈေး ကြီး၊ အုန်ပင်တန်းရပ်ကွက်တွေလည်း ရေမြုပ်နေပြီ၊ မိုးက ဆက် တိုက်ရွာနေတော့ ပိုဆိုးတာပေါ့၊ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ လူတရပ်အထိ ရေကြီးနေတယ်၊ ဒီနေ့ မနက်ပိုင်းအထိ ရေက ဆက်ပြီးတော့ ဝင်နေဆဲပါပဲ၊ မနေ့ကတော့ မြို့ပေါ်ရပ်ကွက်နဲ့ အနီးနားရွာတွေက ဒေသခံ ၁ သောင်းကျော်လောက်ထိ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်၊ အခုထိလည်း ဆက်ပြီးတော့ ကူညီပေးနေရဆဲပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာ ၇ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာခြင်းနှင့်အတူ ဇောင်းတူဆည်၊ ကတွတ်ကွင်းဆည်များ၏ ရေပိုလွှဲ ရေကျော်စီးဆင်းလာခြင်းများကြောင့် ယမန်နေ့မှစ၍ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး ယနေ့ ထိလည်း ရေများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ကာ ဇောင်းတူ ရေလှောင်တမံအတွင်း ဝင်ရောက်နေသော ရေများ အား မထိန်းနိုင်တော့သဖြင့် လွှတ်ချနေခြင်းများကြောင့်လည်း ရုတ်တရက် ရေကြီးမှုအခြေအနေဆိုးရွားလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ကလိကျေးရွာမှ ဒေသခံအမျိုးသမီးတဦးက “ရေက တအားတက်နေတော့ အိမ်တွေလည်း မြုပ်၊ လူတွေလည်း အိမ်တွေ ထဲမှာ ပိတ်မိပြီး ကယ်ဆယ်မယ့်အဖွဲ့တွေက မရောက်သေးတော့ တော်တော်ကြီးကို ဒုက္ခရောက်နေကြရတာ၊ မိုးများ တာရယ်၊ မြစ်ရေတက်တာတွေအပြင် ဆည်ဘက်ကလည်း ရေတွေဖောက်ချလို့ အခုအချိန်ထိ ရေက ဆက်တက်နေတုန်းပဲ၊ ပြီးတော့ ဆည်ဘက်ကနေ ၃ ပေ ထပ်လွှတ်မယ်လို့ ပြောနေလို့ ဘေးလွတ်ရာကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့နေကြ ပါတယ်၊ ကျမတို့ ကလိဆိုရင် ရွာလုံးကျွတ် ရေမြုပ်သွား လို့ နီးစပ်ရာ ဘေးလွတ်တဲ့ နေရာတွေကို ရွှေ့နေကြရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေသူ အများအပြားရှိနေပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် စက်လှေ၊ ကယ်ဆယ် ရေးလှေများ လိုအပ်နေကြောင်း၊ ယနေ့နံနက်ပိုင်းအခြေအနေအရ ပဲခူးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေအမြင့် ၁၀ ပေကျော်အထိ ဝင်ရောက်လျက်ရှိကြောင်း၊ မြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်နေသဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသလို ပဲခူးမြို့နှင့် ဆက်သွယ်ထားသောလမ်းများလည်း ရေနစ်မြုပ်ကာ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ပဲခူးမြို့ ရေကြီးနေသည်ကို ယနေ့တွေ့ရစဉ်

လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက “အခုက စက်လှေတွေ၊ လှေတွေက မလောက်၊ ရေတွေက လူ တရပ်မကထိ မြုပ်၊ အဲဒီလိုဖြစ်နေကြတော့ စက်လှေတွေကိုပဲ မျှော်နေကြရတာပေါ့၊ အခုက မြို့ထဲမှာတောင် အခြေ အနေတွေ တော်တော်ဆိုးနေတာ၊ အကူအညီတောင်းသူတွေလည်း များနေတယ်၊ ပိတ်မိနေတာက ရာနဲ့ချီ ရှိနိုင်တယ်၊ အလှုရှင်တယောက်ကတော့ စက်လှေ ၉ စီးနဲ့ ကယ်ဆယ်ရေးတွေ လုပ်ပေးနေတာရှိတယ်၊ လူတွေက အိမ်တွေထဲမှာ ပိတ်မိနေကြတာမို့ ကယ်ဆယ်ရေး လုပ်တဲ့သူတွေ မနိုင်မနင်းဖြစ်နေကြရတယ်”ဟု ပြောသည်။

ယခုအခါ ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ရွှေ့ပြောင်းပေးနေရဆဲဖြစ်ပြီး အရေးပေါ် စားနပ်ရိက္ခာများနှင့် အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း၊ ပိတ်မိနေသူများလည်း အများအပြားရှိနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ရေဘေးကယ်ဆယ်ရေးအတွက် ကူညီပေးနေသည်ဟု ဆိုသော်လည်း အမှန်တကယ်လိုအပ်နေသည့်နေရာများသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများနှင့် ကူညီရေးအဖွဲ့များထံမှ သိရသည်။

မှော်ကန်ရပ်ကွက်နေသူတဦးကလည်း “ဈေးတွေထဲအထိ ရေတွေ ဝင်နေလို့ အားလုံး ပိတ်ထားရတယ်၊ ရေက မြို့လယ်ခေါင် နာရီစင်နားမှာကို ခါးလောက်ထိ ရောက်နေပြီ၊ အမြင့်ပိုင်းတွေအထိပါ ရေတွေ တက်နေတာ၊ သွားရေးလာရေးက ဟိုဘက် ဒီဘက် ကူးလို့မရတော့တဲ့အခြေအနေမှာ ရှိနေတယ်၊ ရေက လူတရပ်ကျော် လောက်ထိ မြုပ်နေတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့အတွက်ကို ကူညီမယ့်သူကို မျှော်နေရတယ်”ဟု ပြောသည်။

လက်ရှိတွင် ကူညီကယ်ဆယ်ရေးများအတွက် မြို့ခံများနှင့် လူမှုကူညီရေးအသင်းများမှ နိုင်သလောက် စုပေါင်း လုပ်ဆောင်နေသော်လည်း လက်လှမ်းမမီသည့်နေရာများ အများအပြားရှိနေဆဲဖြစ်ကြောင်း သိရသည်။

မေတ္တာရွှေစင်အသင်းက တာဝန်ရှိသူတဦးက “ကျနော်တို့ဆီကို စက်လှေတွေ ရောက်လာပါပြီဗျ။ ဒီနေ့တညလုံး ရသလောက် ကယ်ထုတ်ပေးသွားပါမယ်ဗျ။ ပြီးတော့ မန္တလေး၊ ရန်ကုန်နဲ့ အခြားဒေသတွေက အသင်းတွေလည်း ရောက်နေကြပါပြီ။ စပိဘုတ်တွေလည်း ပါလာကြပါတယ်။ ပိတ်မိနေတဲ့ရေဘေးသင့်ပြည်သူတွေကို ကယ်ပေးသွား ပါမယ်”ဟုဆိုသည်။

အောက်တိုဘာ ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်း နှင့်အတူ ဇောင်းတူဆည်၊ ကတွတ်ကွင်းဆည်များ၏ ရေပိုလွှဲ ရေကျော်စီးလာမှုများကြောင့် ပဲခူးဘူတာနှင့် ရွှေလှေဘူတာအကြား အလျားပေ ၅၀၀ ခန့်ရှိ ရထားသံလမ်းပေါ်တွင် ၁၈ လက်မခန့်ထိ ရေကျော်နေသောကြောင့် မန္တလေးမြို့နှင့် မော်လမြိုင် မြို့များမှ ထွက်ခွာလာသော ရထား ၂ စင်းသည် ပျဉ်ပုံကြီးဘူတာနှင့် ဝေါဘူတာတို့၌ ပိတ်မိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါရထားခရီးစဉ်များတွင် လိုက်ပါလာသော ခရီးသည် တထောင်ကျော်ကို Express ကားများဖြင့် ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ပဲခူးမြို့တွင်ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် အောက်တိုဘာ ၈ ရက်နေ့မှစ၍ ရန်ကုန်- မော်လမြိုင်နှင့် မန္တလေး- ရန်ကုန် ရထားခရီးစဉ်များကိုလည်း ယာယီဖျက်သိမ်းထားပြီး ရေပြန်ကျပြီးနောက် ရထားလမ်း ပိုင်းများ၏ ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှသာလျှင် ယင်းခရီးစဉ်များအား ပြန်လည်ပြေးဆွဲပေးသွားမည်ဟု မန္တလေးတိုင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတဦးက ပြောသည်။

ပဲခူးမြို့ ရေကြီးနေသည်ကို ယနေ့တွေ့ရစဉ်

ပုံမှန်အားဖြင့် ခရီးသည်တင်ကားများမှာ အမြန်လမ်းနှင့် ၃၉မိုင် ဘောနတ်ကြီးလမ်းခွဲမှ မော်လမြိုင်၊ ရေး၊ ထားဝယ်ဘက်သို့ သွားကြပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ဒေသတွင်း ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်ကားများပြေးဆွဲလျက်ရှိရာ ယခုအခါ ပဲခူးမြို့ပေါ်တွင် ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိသောကြောင့် အဆိုပါလမ်းပိုင်း ပြေးဆွဲနေသော ယာဉ်များမှ လွဲ၍ ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယဉ်လိုင်းများမှာ ရပ်နားခြင်းမရှိဘဲ ဆက်လက်ပြေးဆွဲပေးနေဆဲဟု အဝေးပြေးမော်တော်ယာဉ်လိုင်းများထံက သိရသည်။

ပဲခူးရေကြီးရေလျှံမှုသည် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွာဆုံး စံချိန်တင်အခြေအနေသို့ ရောက်ရှိနေပြီး ပဲခူးမြို့လယ်နှင့် အမြင့်ပိုင်းနေရာများဖြစ်သည့် ဆေးရုံကြီး၊ ဈေး၊ ကားလမ်းများအားလုံး ရေများ ဝင်ရောက်ကာ နစ်မြုပ်နေသလို ယခင် ရေကြီးနစ်မြုပ်မှုမရှိသည့် ရပ်ကွက်များပါ ရေကြီးမှု ကြုံတွေ့နေရခြင်းဟု ဒေသခံများက ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ပဲခူးမြို့နယ်တွင် ရပ်ကွက် ၃၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာ၂၇၀ ရွာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ ၄ သိန်း၉သောင်းကျော်နေထိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်းမြင့်သည့်နေရာများ၌ ရေဘေးကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်၍ ပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာန ဗဟိုကလည်း ကယ်ဆယ်ရေးသမားများ စေလွှတ်ကာ ဒေသခံများအား ရေဘေးမှ လွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိသလို ထပ်မံ၍ ကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဖွင့်ပေးရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းကလည်း မြို့ပေါ်ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၅ ရွာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ထိ ဖွင့်လှစ်ပေးခဲ့ရသလို ရေဘေးသင့်ပြည်သူ ၁ သောင်း ၈ ထောင်ကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(အောက်တိုဘာ ၉) နေ့လယ် ၁ နာရီခွဲ တိုင်းတာချက်များအရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာ အထက် ၁၂၄ စင်တီမီတာ ( ၄ ပေကျော်) အထိ မြင့်တက်နေလျက်ရှိပြီး နောက်တရက်အတွင်း ၃ လက်မခန့်ထိ ဆက်လက် မြင့်တက်လာနိုင်သလို ပဲခူးမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၇ ရက်နေ့က မိုးရွာသွန်းမှုတွင် မှတ်သားဖွယ်ရာ မိုးရေချိန်အနေဖြင့် ပဲခူးမြို့တွင် ၇ ဒသမ ၈၇ လက်မ၊ ခရမ်းမြို့တွင် ၆ ဒသမ ၇၇ လက်မ၊ ကျိုက်ဒုံမြို့တွင် ၆ ဒသမ ၄၀ လက်မ၊ ချောင်းဆုံမြို့တွင် ၆ ဒသမ ၁၀ လက်မ၊ သိမ်ဇရပ်မြို့တွင် ၅ ဒသမ ၁၆ လက်မ၊ ဘီးလင်းမြို့တွင် ၅ ဒသမ ၀၄ လက်မ၊ ပုသိမ်ကြီးမြို့နှင့် မုဒုံမြို့တို့တွင် ၄ ဒသမ ၈၇ လက်မ၊ မန္တလေး(အောင်မြေသာစံမြို့နယ်)တွင် ၄ ဒသမ ၀၂ လက်မ၊ တံတားဦး(လေကြောင်းမိုးလေဝသ)တွင် ၃ ဒသမ ၉၈ လက်မ၊ စဉ့်ကိုင်မြို့တွင် ၃ ဒသမ ၈၈ လက်မတို့ထိ ရှိခဲ့ပြီး ပဲခူးမြို့၏ မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်စံချိန်တင်မိုးရေချိန်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က ၅ ဒသမ ၇၅ လက်မထိ ရွာသွန်းထား ခဲ့ခြင်းဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ယနေ့ ညနေ ၄ နာရီ တိုင်းတာချက်များအရ မနက်ဖြန်အထိ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ ကချင်၊ ရှမ်း(မြောက်)၊ ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း(တောင်)၊ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။

You may also like these stories:

အဆက်မပြတ်ရွာသည့် မိုးကြောင့် ပလက်ဝ၌ ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်

ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွား

ကရင်နှင့်မွန်ပြည်နယ် မြို့နယ်တချို့၌ ရေကြီးရေလျှံမှုများ ဖြစ်နေ

Your Thoughts …
Tags: ပိတ်မိပဲခူးရေကြီးအရေးပေါ်ကယ်ဆယ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

by ဧရာဝတီ
30 October 2023
13.8k

တိုက်ပွဲများကြောင့် လမ်းများ ပိတ်နေသဖြင့် ကုန်သွယ်ရေးဇုန်များအပါအဝင် ရှမ်းမြောက်ပိုင်းရှိ ကုန်စည်ဒိုင်များတွင်လည်း အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

by ဧရာဝတီ
7 November 2024
5.4k

တိုက်ပွဲအတွင်း စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရာချီကြဲချနေသောကြောင့် မြို့တွင်း ပိတ်မိနေသည့်မြို့ခံများ ထွက်ပြေးလျက်ရှိကြောင်း

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

by ဧရာဝတီ
14 September 2024
5.1k

ယနေ့အထိ ပုဗ္ဗသီရိမြို့နယ် ဝက်ကုန်း-ပေါက်တောလမ်းတလျှောက် လူနေအိမ်များ ရေဝင်ရောက်နေဆဲ ဖြစ်သလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သိုက်ချောင်းကျေးရွာမှ စိုက်ဧကများ ထိခိုက်ပျက်စီးမှုများခဲ့ကာ ကျေးရွာများအတွင်း ရေဝင်ရောက်နေဆဲဖြစ်ကြောင်း

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော

ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော

by ဧရာဝတီ
21 June 2024
3.8k

နေ့လယ် ၁ နာရီခွဲခန့်က မြို့ သာနှင့် မဂျီကံမရွာကြား နယ်မြေလုံခြုံရေးလုပ်နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သားကျင်ကျေးရွာဘက်မှ...

လွိုင်ကော်စစ်ရှောင်များ လေကြောင်းမှ အပစ်ခံရ

လွိုင်ကော်စစ်ရှောင်များ လေကြောင်းမှ အပစ်ခံရ

by ဧရာဝတီ
15 November 2023
2.5k

လွိုင်ကော်တက္ကသိုလ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး၊ ဒု-ရင်းမှူးများ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့်...

Next Post
စစ်ကောင်စီက လုပ်ငန်းရှင်များအား ဒေါ်လာချမပေးဘဲ ငွေစိုက်၍ စက်သုံးဆီ ဝယ်ခိုင်းနေ

စက်သုံးဆီ ဈေးကျသော်လည်း အကန့်အသတ်နှင့် ရောင်းသဖြင့် တန်းစီဝယ်နေရ

BRI စီမံကိန်း တိုးမြှင့်လုပ်ဆောင်မှုရပ်ရန် ကချင်အမျိုးသမီးအစည်းအရုံးတောင်းဆို

BRI စီမံကိန်း တိုးမြှင့်လုပ်ဆောင်မှုရပ်ရန် ကချင်အမျိုးသမီးအစည်းအရုံးတောင်းဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved