ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ၃ ရက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၃၃ ဦးထိ သေဆုံးခဲ့ရ ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထိန်းချုပ်ထားတဲ့ မော်ချီးဒေသကို ဩဂုတ်လ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ လေယာဉ်နဲ့ ၃ ကြိမ်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ မော်ချီး သတ္တုတွင်းကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ KNDF ရဲ့ ဝင်ငွေကို ဖြတ်တောက်လိုတာကြောင့် ဖြစ်တယ်လို့ ကရင်နီပြည်အစိုးရအဖွဲ့ကဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မော်ချီးဒေသ #သတ္တုတွင်း #KNDF #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













