မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နေအိမ်အရောက် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု (Delivery service) တွေကို စစ်ကော်မရှင်က ကန့်သတ် ထိန်းချုပ်နေတာကြောင့် နိုင်ငံအနှံ့ ပို့ဆောင်မှုတွေ မလုပ်နိုင်တော့ဘူးလို့ လုပ်ငန်းလုပ်ကိုင်သူတွေက ဧရာဝတီကို ပြောပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တားမြစ်ထားတဲ့ ကုန်ပစ္စည်း တွေအပြင် အရေအတွက်ကိုပါ ကန့်သတ်ထားတယ်လို့ Delivery လုပ်ငန်းတွေဘက်က ထုတ်ပြန်လာကြတာပါ။
ကန့်သတ်ဖို့ ညွှန်ကြားထားတဲ့အထဲ လက်နက်ခဲယမ်းတွေအဖြစ် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေသာမကဘဲ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။
စစ်ကော်မရှင်ရဲ့ ဒီလို တင်းကြပ်တဲ့ ညွှန်ကြားချက်တွေကြောင့် Delivery လုပ်ငန်းတွေအနေနဲ့ အခက်တွေ့နေသလို၊ လုပ်ငန်းရဲ့ ငွေကြေးလည်ပတ်မှုကို ထိခိုက်စေပြီး အရှုံးပေါ်တာမျိုးတွေအထိ ရင်ဆိုင်နေရတယ်လို့လည်း Delivery လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကော်မရှင် #Delivery #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













