• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သဘာဝဝန်းကျင် သစ်တောသစ်ပင်ထိန်းသူတို့အား ကာကွယ်ဖို့လို

by ဧရာဝတီ
29 August 2025
in ဆောင်းပါး
A A
သဘာဝဝန်းကျင် သစ်တောသစ်ပင်ထိန်းသူတို့အား ကာကွယ်ဖို့လို

ဇူလိုင် ၅ ရက်နေ့က အညာဒေသတဝိုက် သစ်ပင်စိုက် ရေတွင်းရေကန်တူး လုပ်ဆောင်နေသူ ရေနံသာဒင်္ဂါးဟု လူသိများသည့် ကိုဝေလင်းထွန်း အဖမ်းခံခဲ့ရသည် (ဧရာဝတီ)

1.1k
VIEWS
Share on FacebookShare on Twitter

သစ်ပင်သစ်တောဆိုသည်က မိုးရေကို စုပ်ယူထိန်းသိမ်းကာ မြေဆီလွှာပျက်စီးခြင်းကို ကာကွယ်ပေးပြီး မြေအောက်ရေကို အပင်၏ ရေသောက်မြစ်များက ထိန်းထားသဖြင့် ရေဝေကုန်းတန်းများက မြစ်ချောင်းအင်းအိုင်များအား ဖြစ်ပေါ်စေပြီး ရေကြီးမြေပြိုမှုများကို ထိန်းသိမ်းပေးထားသည်။

ထိုသဘာဝက ဖန်တီးထားသော သစ်ပင်သစ်တောများ ပျောက်ကွယ်သွားမည်ဆိုလျှင် ရာသီဥတုပျက်ယွင်းကာ အလွန် အမင်းပူပြင်းပြီး မိုးရွာပါက ဒလဟော၊ တောင်ကျရေက အရှိန်အဟုန်ပြင်းပြင်းဖြင့် မြေဆီလွှာကို တိုက်စားသဖြင့် ရေကျ သွား သည့်အခါ သဲ၊ နုံးစသည်တို့ အများအပြားတင်ကျန်သည့် ဖြစ်စဉ်များ မိုးတွင်းအခါ မကြာခဏတွေ့မြင်နေရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
76
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
361
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.5k

ထိုသို့ မြေဆီလွှာထိန်းသိမ်းသည့် သစ်ပင်များအား စည်းကမ်းမဲ့ခုတ်ယူခြင်း ဒဏ်ကို တောင်ပေါ်ဒေသ တောင်ကြီး၊ ကလော၊ ပင်းတယ၊ အင်းလေး၊ သံတောင်ကြီး၊ ကရင်ပြည်နယ်စသည့် ဒေသများသာမက မြန်မာပြည်အလယ်ပိုင်း နေပြည်တော်ပါ မကျန် ယခုခံစားနေရသည်က လက်တွေ့ ဖြစ်သည်။

မြေအောက် သံယံဇာတဆိုသည်က ပြန်လည်ဖြည့်တင်းရန် မတတ်နိုင်သော်လည်း မြေပေါ်သံယံဇာတဖြစ်သည့် သစ်တော သစ်ပင်တို့ ပြုန်းတီးလာမှုကို ပြန်လည်စိုက်ပျိုးခြင်းဖြင့် ဖြည့်တင်းနိုင်သည်။

၁၉၈၈ နောက်ပိုင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ၂၂နှစ်တိုင် သူနိုင်ကိုယ်နိုင်အပြိုင်နွှဲသည့် စစ်ပွဲများ အတွင်း သစ်တောနှင့် သယံဇာတတို့က စစ်စရိတ်အတွက် ဓားစာခံဖြစ်ခဲ့ရပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ NLD အစိုးရတိုင် သဘာ၀၀န်းကျင်ထိန်းသိမ်းရေးကို ဥပဒေပြုလုပ်ဆောင်လာရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသာမက တဦးချင်းပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြစဉ် စစ်တပ်၏ အာဏာသိမ်းမှုက သစ်တောသယံဇာတပြုန်းတီးမှုကို ပိုမိုမီး ထိုးပေးသကဲ့သို့ပင်။

ယခုဆိုလျှင် ၂၀၂၁ခု နောက်ပိုင်းကတည်းက သစ်တောသစ်ပင်နှင့် သယံဇာတ ကာကွယ်စောင့်ရှောက်မှုများ မလုပ်နိုင် သည်က ၄နှစ်ခန့်ပင် ရှိနေပြီဟု ဆိုရမည်။

ထိုအခက်အခဲများကြားမှ အပူပိုင်းဇုန် စိမ်းလန်းစိုပြေရေး လုပ်ဆောင်နေသည့် ရေနံ့သာဒင်္ဂါးဟု လူသိများသော ကိုဝေလင်းထွန်းမှာ သစ်ပင်စိုက်ပွဲတခု၌ လက်နက်ကိုင်အဖွဲ့တဖွဲ့၏ မကြာမီက ဖမ်းဆီးလိုက်ခြင်းမှာ ကြီးမားသော စိန်ခေါ်မှုတခုဟု ဆိုရမည်။

ရေနံ့သာဒင်္ဂါးဟု လူသိများသည့် ကိုဝေလင်းထွန်းက အညာဒေသတဝိုက် သစ်ပင်စိုက်ပျိုးခြင်း ရေတွင်းရေကန် တူးဖော် ခြင်း လုပ်ဆောင်နေသူဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့က မန္တလေးတိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင် မကြီး ပေါ်သို့ သစ်ပင်စိုက်သွားစဉ် သစ်တောဝန်ထမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။

သူက မကွေးတိုင်း ရေနံချောင်းအခြေစိုက်ဖြစ်သော်လည်း သစ်ပင်များကို လိုအပ်သည့်နေရာများ၌ လိုက်လံစိုက်ပျိုးနေသူ လည်းဖြစ်သည်။

ရက် ၂၀ ခန့် ချုပ်နှောင်ခံရပြီးနောက် ဇူလိုင် ၂၆ ရက်က ပြန်လွတ်လာသော်လည်း ထိုဖြစ်ရပ်က သူ့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းချိန်မှသာ သစ်ပင်စိုက်ပျိုးရေး ပြန်လုပ်တော့မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် အထိဖြစ်ခဲ့သည်။

သူအဖမ်းခံရသည့် အဖြစ်အပျက်ကို “အချုပ်ခန်းက တရားတော်” ဆိုကာ လူမှုကွန်ရက်တွင် တဝက်တပျက် ထိုသို့ ရေး သားလိုက်သေးသည်။

ရေနံချောင်းမှ ပုပ္ပါးသို့ သူတက်လာရခြင်းက သစ်ပင်ဝါးပင် ပါးနေသည့် ရေဆူစခန်းဘက်ရှိ သစ်တောလွတ်များနေရာတွင် စကားဝါပင်များအပြင် အရိပ်အတွက်သာမက လူနှင့် ကျေးငှက်တရိစ္ဆာန်တို့ စားနိုင်သည့် မာတာကွပ် သကြားပင်များ စိုက်ရန်လာခြင်းဖြစ်ကြောင်းဆိုထားသည်။

ရေနံသာဒင်္ဂါး အဖွဲ့ဝင်များ သစ်ပင်စိုက်ပျိုးနေစဉ် (ရေနံသာဒင်္ဂါးအဖွဲ့)

ဇူလိုင်လ ၅ရက်နေ့မှာ ပုပ္ပါးတောင်မကြီးပေါ် တက်၍ အပင်စိုက်ရင်း မထင်မှတ်ဘဲ အဖမ်းခံရကာ မျက်လုံးပိတ်ထားသည့် အချုပ်သား နံပါတ် ၁၂ ဖြစ်ခဲ့ရကြောင်း၊ သူလုပ်နေသည့် သစ်ပင်စိုက်၊ ရေတွင်းရေကန်တူး၊ ရေချမ်းစင်ဆောက်၊ နားစရာ ဇရပ်အလှူတို့က သက်ရှိသတ္တဝါမည်သူ့ကိုမဆို ထိခိုက်စေမည့် အလုပ်များမဟုတ်သလို နိုင်ငံရေး ယုံကြည်မှုအရလည်း မည်သည့်ဘက်မျှ မထိခိုက်စေဘဲ လူသာဓုခေါ် နတ်သာဓုခေါ် ထာဝရကုသိုလ်အလုပ်များဟု ယုံကြည်ထားကြောင်း ရေးသားထားသည်။

လူသာဓုခေါ် နတ်သာဓုခေါ် ကုသိုလ်အလုပ် မှန်သော်လည်း အခြေအနေအချိန်အခါကို ကြည့်၍လုပ်သင့်ပြီး နောင်ဆိုလျှင် ကံယုံ၍ ဆူးပုံ နင်းဖို့ စိတ်မကူးတော့ကြောင်း စိတ်ပျက်လက်ပျက်ဆိုထားသည်။

ထိုသို့ နယ်မြေ မတည်ငြိမ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ နည်းပါးနေချိန် ပရဟိတသစ်ပင်စိုက်သမား ရေနံ့သာဒင်းဂါး ဖမ်းဆီးခံရမှုက ဝေဖန်ထောက်ပြစရာဖြစ်ခဲ့ပြီး ခြိမ်းခြောက်မှုတမျိုးဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက ဆိုကြသည်။

စိမ်းရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုမောင်မောင်ဦးက “ရေနံ့သာဒင်္ဂါးတင်မက ဘယ်သူရယ် ဘယ်ဝါ ရယ် မဟုတ်ဘူး၊ သဘာဝထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်နေတာမျိုးကို ဘယ်လိုအဖွဲ့ကပဲ ဖမ်းသည်ဖြစ်စေ ဒါကို လုံးဝ လက်ခံပေးလို့ မရပါဘူး။ အခုဖြစ်စဉ်က အကျိုးစီးပွားနဲ့လုပ်တာ မဟုတ်တဲ့သူတွေကို ခြိမ်းခြောက်လိုက်တာလို့ မြင်ပါတယ်” ဟု ပြောသည်။

မန္တလေးအခြေပြု စိမ်းရောင်စိုသည်လည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာလုပ်ငန်းများနှင့်အတူ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးကိုပါ ဦးစားပေးလုပ်ဆောင်ခဲ့သော အဖွဲ့အစည်းတခု ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက် ထိုလုပ်ငန်းများကို ရပ်နားထား ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ဆောင်နေသည့်အဖွဲ့တချို့မှာ အဘက် ဘက်မှ အကန့်အသတ်များ၊ စိုးရိမ်ရမှုများ၊ ခြိမ်းခြောက်ခံရမှုများကြောင့် ရပ်နားထားရကြောင်း ဆိုကြသည်။

ရေနံ့သာဒင်္ဂါးသစ်ပင်စိုက်အဖွဲ့တာဝန်ခံ ကိုဝေလင်းထွန်းသည် မကွေးတိုင်း ရေနံချောင်းမြို့နယ် ဂျုပ်ပင်ရွာသားတဦးဖြစ်ကာ ယခင် မကွေးမြို့ မင်္ဂလာရုပ်ရှင်ရုံတွင်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး သစ်ပင်စိုက်၊ ရေချမ်းစင်ဆောက်ခြင်းများစသည့် သဘာဝ ပတ်ဝန်းကျင်းဆိုင်ရာ ပရဟိတလုပ်ငန်းများအား ၂၀၁၇ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

ထို့နောက် ရေနံ့သာဒင်္ဂါး ညီနောင်များအမည်ဖြင့် သစ်ပင်စိုက်အဖွဲ့ ဖွဲ့စည်းပြီးနောက် အဖွဲ့ဝင် ၁၀ ဦးကျော်ဖြင့် သစ်ပင်များ စိုက်ပျိုးခဲ့သလို ရေနံချောင်း၊ ချောက်၊ ပုပ္ပါး၊ ဂွေးချို စသည့် မိုးနည်းရေရှား အပူပိုင်းဇုန်ဒေသများ စိမ်းလန်းစိုပြေရန် လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ရေနံချောင်း မြို့ရှောင်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရေနံချောင်း၊ ချောက်မြို့နယ် များတွင် သစ်ပင်၊ နားနေဆောင်ဇရပ်၊ ရေချမ်းစင်များနှင့်အတူ တိရစာ္ဆန်များအတွက် ရေကန်ပေါင်း ၅၀ ကျော် တူးဖော်ခြင်း ပါ ပြုလုပ်ပေးထားသည်။

ယင်းသို့ လုပ်ဆောင်ချက်များကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း၌လည်း ခွင့်ပြုချက် မရရှိဘဲ သစ်ပင်များစိုက်ပျိုးခြင်း မပြုလုပ်ရန် စစ်ကောင်စီ၏ သစ်တောဦးစီးဌာနက သတိပေးစာထုတ်ကာ ခေါ်ယူစစ်ဆေးခြင်းများလည်း ပြုလုပ်ခံ ထားရသေးသည်။

ယခုထပ်မံ၍ ပုပ္ပါးနယ်တဝိုက် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်ပေါ်ခဲ့ကာ မည်သည့်အဖွဲ့ ဖမ်းဆီးသည်နှင့် ဘာကြောင့်ဖမ်းဆီးသည်ဆိုသည်များကို မသိရသေးသလို ရေနံ့သာဒင်းဂါးအနေဖြင့်လည်း ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

ကချင်ပြည်နယ်တွင် နှစ်သုံးဆယ်ကျော် သစ်တောသစ်ပင်နှင့် သဘာဝသယံဇာတပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ခဲ့ သည့် သုတေသီ ဦးဇောင်သိန်းက ယခုလိုကာလပျက်တွင် သဘာ၀၀န်းကျင် ချစ်မြတ်နိုးသူထိန်းသိမ်းရေး သမားများ အနေဖြင့် သတိဝိရိယဖြင့် ပါးပါးနပ်နပ် လုပ်ဆောင်သင့်ကြောင်း မှတ်ချက်ချသည်။

“တောထဲဆိုရင်လည်း PDF နဲ့တွေ့ရင် ဖမ်းသွားမယ်၊ စစ်ဆေးပြီးလို့ ရန်သူမဟုတ်ဘူးဆိုရင် အေးအေးဆေးဆေး ပြန်လွှတ် မယ်၊ သစ်ခိုးဂိုဏ်းလိုဟာမျိုးနဲ့ တွေ့ရင်တော့ အသက်အန္တရာယ်ထိခိုက်နိုင်တယ်၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း တတ်နိုင် သမျှ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု တိုက်တွန်းပြောဆိုသည်။

၎င်းကိုယ်တိုင်ပင် ဒေသတွင်း သစ်ခိုးဂိုဏ်းတို့ အန္တရာယ်ကြောင့် တိမ်းရှောင်နေရသူဖြစ်သည်။

ယခုရေနံ့သာဒင်္ဂါးဟု လူသိများသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကိုဝေလင်းထွန်း သွားရောက်သစ်ပင်စိုက်ခဲ့ သည့် ပုပ္ပါးတောင်မကြီးက လွန်ခဲ့သည့် နှစ် ၁၅သန်းခန့်က ပေါ်ပေါက်ခဲ့သည့် မီးတောင်သေတခုဖြစ်ပြီး ကျောက်ခေတ် လူသားတို့ နေထိုင်ခဲ့သည်ဟု ယုံကြည်ရသလို အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် တဆက်တည်းဖြစ်သည်။

ထို့အတူ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာအရသာမက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် Intangible Cultural Heritage (ICH) တွင်ပါဝင်သည့် ဒဏ္ဍာရီလာပုံပြင်များ ရိုးရာဓလေ့ နတ်သမိုင်းများလည်း အထင်အရှားရှိသည်။

ပုပ္ပါးတောင်ဒေသကို အညာဒေသ၏ အိုအေစစ် (Oasis) ဟု တင်စားခေါ်ဝေါ်ကြသလို တောင်ပေါ်အမြဲစိမ်းတော၊ ရွက်ပြတ် ရောနှောတော၊ တောခြောက်၊ အင်တိုင်းတော၊ သန်း- ဒဟတ်တောတို့ စုံလင်စွာပေါက် ရောက်ပြီး ရှားပါးသတ္တဝါမျိုးစိတ်၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျောက်မျက်ကွင်းဖြူ မျိုးစိတ်များပါရှိသဖြင့် ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သစ်တော ဦးစီးဌာနက ၁၉၈၉ ခုနှစ် တွင် ဧရိယာ ၃၁၇၆၃ ဒသမ ၂၀ ဧကကို ပုပ္ပါးတောင်ဥယျာဉ်အဖြစ် ဖွဲ့စည်း သတ်မှတ်ခဲ့သည်။

ပုပ္ပါးတောင်တွင် ကျက်စားသည့် ရှားပါးမျောက်မျက်ကွင်းဖြူ (ဧရာဝတီ)

၂၀၂၃ ခုနှစ်မှာ ပထမဆုံး အမျိုးသားဘူမိဥယျာဉ်လုပ်ဖို့ ဆောင်ရွက်ခဲ့ပြီး ပုပ္ပါးတောင်ထိပ်၊ မီးတောင်ပြာကျောက်၊ ဧရာဝတီ သဲကျောက်လွှာထပ်မှု အနေအထား၊ သုံးထပ်ကွေ့ မီးတောင်ကျိုးပဲ့စာကျောက်များ၊ ဧရာဝတီကျောက်လွှာစု၊ တောင်နီ တောင် ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များ၊ ပရဆေးဥယျာဉ်နှင့် ပညာပေးပြခန်း၊ စန္ဒကူးတောနှင့် မြန်မာ့ရွှေသမင်ခြံ၊ ငှက်သိုက် ချောက်ကမ်းပါး၊ ကုန်းပြင်မြင့်ချော်လွှာရှုခင်းသာ၊ ဗဆော့ဆန်သောချော်ရည်စီးကြောင်း၊ တောင်ပေါ်ရွာ(တောင်) ရှုခင်းသာ၊ ပုပ္ပါးတောင်ကလပ် အင်ကြင်းကျောက်များ၊ တောင်နားတောင်ရှုခင်းသာ၊ ပုပ္ပါးတောင်မကြီးမီးတောင်ဝနှင့် ဂဲမိုးအိုင် စသည့် ၁၅နေရာကို လေ့လာကြည့်ရှုရန် သတ်မှတ်ခဲ့သည်။

လက်ရှိအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၌ သစ်တောဖုံးလွှမ်းမှု ၁၀ ဒသမ ၃၈ ရာခိုင်နှုန်းရှိပြီး ကြိုးဝိုင်းသစ်တော ၇ ဒသမ ၉၅ ရာခိုင်နှုန်း၊ ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိကာ ကြိုးဝိုင်းတော ၆၈၃၀ ဧက၊ ကြိုးပြင်တော ၁၁၅၇၅ ဧက ရှိပြီး ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၅၅ ဧက၊ သစ်မာ ၄၀ ဧက၊ စန္ဒကူးပင် ၁၇ ဧက၊ ကျေးရွာထင်းစိုက်ခင်း ၉၆ ဧက စိုက်ပျိုးထားကြောင်း ၂၀၂၂ ခုနှစ်အတွင်းက စစ်ကောင်စီ သစ်တောဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပုပ္ပါးဒေသတွင် ခရိုနီကြီးများက ယခင်စစ်အစိုးရများလက်ထက်ကတည်းက နေရာများ ရယူထားရာ ဦးတေဇ၏ Popa Mountain Resort လည်း ရှိသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာချိန် မြေချဲ့ထွင်မှု၊ လက်ဖက်ခင်းများ၊ ငှက်ပျော၊ သရက် စိုက်ခင်းများ စသည့် စီးပွားရေးလုပ်ငန်းချဲ့ထွင်ရန် တောများ ခုတ်ထွင် ရှင်းလင်းခြင်းများအပြင် တောင်ယာခုတ်ထွင်ရှင်း လင်းခြင်း၊ တောင်ယာ အတွက် မီးရှို့ခြင်း၊ မြေယာစီမံခန့်ခွဲမှုအလွဲများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများလည်း ထိခိုက်မှုရှိနေကြောင်း ဒေသခံများက ဆိုသည်။

ပုပ္ပါးဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးက “ငှက်ပျောစိုက်ခင်းတွေ၊ လက်ဖက်စိုက်ခင်းတွေကလည်း ဒေသ စိမ်းလန်းစိုပြေရေးအတွက် ထိန်းသိမ်းလိုက်နာရမယ့် နည်းစနစ်၊ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင် နေတာ တွေ့နေရတယ်။ သဘာဝတောတောင်တွေထဲမှာ အပင်တမျိုးတည်းကို ဧကပေါင်းများစွာ စိုက်ပျိုးခြင်းက အဲဒီဒေသ ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာ သက်ရောက်မှု တစုံတရာ ဖြစ်တတ်တယ်ဆိုတာရှိတယ်။ ဒါကိုသက်ဆိုင်ရာက သတိကြီး ကြီးနဲ့ နည်းစနစ်ကျကျ လုပ်ကိုင်စေချင်တယ်” ဟု ပြောသည်။

ပုပ္ပါးဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပုပ္ပါးတောင်ချစ်သူများ အဖွဲ့မှ ပလပ်စတစ်များပါဝင်သော အမှိုက်စွန့်ပစ်မှု ပြဿနာများအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအား တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သော်လည်း လက်ရှိနယ်မြေအခြေအနေအရ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဟု သိရသည်။

မန္တလေးမြို့ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးက “ပုပ္ပါးဒေသဟာ အခုလိုမျိုး စိမ်းစိုအောင် မနည်းထိန်းထား ရတဲ့ အနေအထား၊ ရေအရင်းအမြစ်တွေ ကောင်းလာအောင်၊ အဲဒီဒေသမှာရှိတဲ့ သားငှက်တိရစာ္ဆန်တွေ ရှားပါးမျိုးစိတ်တွေ ရှိလာအောင်အထိ ထိန်းလာရတာဆိုတော့ လက်ရှိအတိုင်း ဆက်သွားမယ် မထိန်းသိမ်းဘူးဆိုရင် အပူပိုင်းဒေသရဲ့ အိုအေစစ်ဆိုတာ သိပ်မကြာခင်မှာ ပျောက်ကွယ်သွားမှာပဲ” ဟု ပြောသည်။

ပုပ္ပါးဒေသသည် လက်ရှိတွင် တော်လှန်ရေးအင်အားစုများ၏ တစိတ်တပိုင်း ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သွားလာမှု ဆိုင်ရာ ကန့်သတ်ချက်များလည်း တိုးလာသည်။

သစ်ပင်စိုက်ပွဲပြုလုပ်သည့် ရေဆူစခန်းသည် လက်ရှိအချိန်၌ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသည့် ပုပ္ပါး တောင်မကြီးအရှေ့ခြမ်း၌ရှိပြီး ပုပ္ပါးတောင်မကြီးအရှေ့ဘက်တကြောတွင် တော်လှန်ရေးအဖွဲ့အစည်းများလှုပ်ရှားနေသဖြင့် Non CDM ဝန်ထမ်းများအား ပုပ္ပါးလွင်လမ်းပေါ်မှ ကျွန်းတောအရှေ့ဘက်ကျော်၍ သွားလာခြင်းမပြုရန် ၂၀၂၄ နှစ်ကုန်ပိုင်း က စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တော်လှန်ရေးအဖွဲ့များက တောင်ပေါ်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အပြီး တောင်တက်ခွင့်နှင့် ခရီးသွားလုပ်ငန်းများကို လက်ရှိအချိန်ထိ ပိတ်ပင်ထားသည်။ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နှင့် ၃၁ ရက်တွင် ကျင်းပလေ့ရှိသော ပုပ္ပါးတောင်တက်ပွဲတော်သည်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ပြုလုပ်နိုင်ခြင်း မရှိတော့ပေ။

ပုပ္ပါးတောင်သစ်တောများအတွင်း သစ်ပင်ခိုးထုတ်ခြင်းအပြင် ဆေးဘက်ဝင်သစ်ပင်များလည်း တရားမဝင် ခုတ်ယူခြင်းခံ နေရမှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

ပုပ္ပါးတောင်ဒေသ သစ်တောများအပြင် မြန်မာနိုင်ငံအနှံ့ သစ်ပင်သစ်တော တရားမဝင်ခုတ်ယူမှု၊ တောင်ယာလုပ်ငန်း လုပ် ကိုင်ရန် ခုတ်ထွင်ရှင်းလင်းမှု၊ တောတောင်များအတွင်း တိုးချဲ့နေထိုင်လာကြမှု၊ တောမီးများကြောင့် သစ်တော ပြုန်းတီးမှု တို့မှာလည်း တနှစ်ထက်တနှစ် ပိုတိုးလာပြီး ၂၀၂၃ ခုနှစ်တွင် သစ်တောဆုံးရှုံးမှုပမာဏသည် ဟက်တာ ၃ သိန်းကျော် (ဧကပေါင်း ၇ သိန်း ၄ သောင်းကျော်) ရှိခဲ့ကြောင်း Global Forest Watch က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်း၌ အရေးတကြီးထိန်းသိမ်းရန် လိုအပ်နေသည်မှာ သစ်တောပြုန်း တီးခြင်းလည်းပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ဆိုကြသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကျွမ်းကျင်သူ ဦးအောင်ဆက်က “သစ်တောပြုန်းတီးသွားရင် ဇီဝမျိုးစုံမျိုးကွဲတွေ ပျောက်ဆုံးသွားမယ်၊ သန့်ရှင်းရေရနိုင်မှု နည်းသွားမယ်၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုတဲ့ သဘာဝမြေဆီလွှာတွေ ကုန်ခမ်းသွားမယ်၊ ဒါဆို လူတွေအတွက် စားနပ်ရိက္ခာ၊ ရေမလုံမလောက်ဖြစ်လာမယ်။ သစ်ပင်တွေမရှိရင် အရင်ကထက် ပိုပူတဲ့ဒဏ်ကို ခံရမယ်၊ ဒေသတွင်းဥတုရာသီပြောင်းသွားမယ်၊ သဘာဝဘေး အန္တရာယ်တွေဖြစ်လာရင် ပျက်စီးဆုံးရှုံးမှု ပိုမြင့်တက်လာမယ်။ သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို လေထဲကနေ စုပ်ယူသိုလှောင်ပေးနေတာ ကြောင့် ရာသီဥတုပြောင်းလဲအောင် လုပ်ပေးရာ ရောက်တယ်၊ ဒါတွေအားလုံးက မြန်မာပြည်သူတွေကို ပိုပြီးဆင်းရဲစေ ပါလိမ့်မယ်”ဟု သုံးသပ်ပြောဆိုသည်။

သစ်တောပြုန်းတီးမှု အကျိုးဆက်ကြောင့် လက်ရှိတွင်လည်း တောင်ပေါ်ဒေသများ၌ မိုးရာသီကာလ၌ ယခင်က ကြုံတွေ့ဖူးခြင်းမရှိသည့် ရေကြီးရေလျှံမှုများ တနှစ်ထက်တနှစ် ပိုတိုး၍ ခံနေရကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ပုပ္ပါးတောင်

ကမာ္ဘ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ငါးနှစ်တကြိမ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၂၀၁၀ ပြည့်နှစ်၌ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိရာ တဖြည်းဖြည်းကျဆင်းလာပြီဟု ဆိုရမည်။

သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သစ်တော ဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပြောဆိုထားသည်။

သစ်တောပြုန်းတီးမှု ဖြေရှင်းရန် သစ်တောကို မှီခို၍ ဝမ်းစာရှာနေရသည့် ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေ ရလာစေရန် ကူညီပေးခြင်း၊ စာသင်ခန်းများ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး သင်ခန်းစာများ စနစ်တကျ သင်ကြား ပေးခြင်း၊ တရားဥပဒေစိုးမိုးစေရန် လုပ်ဆောင်ပေးခြင်းတို့အပြင် သစ်ပင်များ ခုတ်ယူခဲ့၍ ပြုန်းတီးသွားသည့် နေရာများ၌ အစားထိုး စိုက်ပျိုးမှုများ ပြန်လည်လုပ်ဆောင်ပေးရမည်ဟုလည်း ဦးအောင်ဆက် က အကြံပြုသည်။

“အခုအချိန်က လူတိုင်းအတွက် အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ၊ ဘယ်သူမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စိတ်မဝင်စားဘူး၊ ဒါကြောင့် တိုင်းပြည်မှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ အမြန်ဆုံးပြီးသွားဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိစစ်ပွဲပဋိပက္ခမှာ နိုင်ငံအနှံဖြစ်ပွားနေသဖြင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းစဉ်များမှာ အဟောသိကံ မျက်ကွယ်ပြုခံထားရပြီး၊ အကျိုးဆက်အနေဖြင့် ရေကြီး၊ မြေပြို၊ အပူချိန် မြင့်မား ခြင်း စသည့် ဖောက်ပြန်ခြင်းတို့ကို ကြုံတွေ့နေကြရပြီး လူမှုစီးပွားဘဝများအပေါ် ပိုမိုပြင်းထန်သည့် ရိုက်ခတ်မှုများ ဖြစ်လာမည်ကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းအရေး လှုပ်ရှားသူများက စိုးရိမ်ပူပန်လျက်ရှိသည်။ ။

“This story was produced with support of the Internews Earth Journalism Network.”

You may also like these stories:

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ

မုတ်သုံအစ မိုးများ၍ အညာတောင်သူတို့ သီးနှံစိုက်ခင်းများ ပျက်စီး

လေထုညစ်ညမ်းစေသော မြန်မာ့ တောင်ယာမီးရှို့မှု ဓလေ့

ငလျင် ၄ လကျော်ပေမယ့် ရုန်းမထနိုင်သေးသည့် ဘဝများ

Your Thoughts …
Tags: ပုပ္ပါးသစ်တောပြုန်းတီးမှုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.2k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

သစ်ထုတ်လုပ်မှုက စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ

သစ်ထုတ်လုပ်မှုက စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ

by Audrey Thill
14 June 2024
1.3k

စစ်တပ်က အသုံးပြုသည့် သေနင်္ဂဗျူဟာတခုမှာ သစ်များကို နိုင်ငံတကာ ဝယ်ယူသူများသို့ ရောင်းရန် အရေးယူပိတ်ဆို့မှုများအား ကျော်လွှားသည့်နည်း ဖြစ်သည်။

စစ်ပွဲကြားက မြန်မာကို တရုတ် လျှပ်စစ်ကားများက မည်သို့ ပြောင်းလဲစေသနည်း

စစ်ပွဲကြားက မြန်မာကို တရုတ် လျှပ်စစ်ကားများက မည်သို့ ပြောင်းလဲစေသနည်း

by Kannikar Petchkaew
9 December 2025
897

၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကား ၁၇ သန်း ရောင်းချသည်။ ထိုရောင်းချမှု၏ ၃ ပုံ ၂ ပုံသည် တရုတ်မှ ဖြစ်သည်

ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ

ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ

by Alex Lo
4 May 2024
702

စစ်တပ်က ဖြိုခွဲခြင်း၏ လတ်တလော အကျိုးဆက်မှာ အဓိကကျသည့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ နိုင်ငံမှာထွက်ခွာရ၊ ဖမ်းဆီးခံရ၊ ပုန်းအောင်းနေထိုင်ရခြင်း ဖြစ်သည်။

ကမ္ဘာမြေအတွက် မြန်မာ့သတင်းမီဒီယာ

ကမ္ဘာမြေအတွက် မြန်မာ့သတင်းမီဒီယာ

by ငြိမ်းငြိမ်း
3 May 2024
549

ယခုရက်ပိုင်းအတွင်း အပူဒဏ် လျော့နည်းသက်သာဖို့ “သစ်ပင်စိုက်ကြပါ” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုတွေ Facebook လူမှုကွန်ရက်မှာပါ ရေပန်းစားနေပြီး ဆွေးနွေးဖြန့်ချိမှုတွေကို မြင်လာရပါတယ်။

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

by ငြိမ်းငြိမ်း
23 March 2024
493

သံလွင်မြစ်ဟာ လူတိုင်းအတွက်ဖြစ်တယ်။ လူတွေ ငါးလာဖမ်းနိုင်သလို ခရီးသွားလို့လည်း ရတယ်။

Next Post
ထိုင်း ဈေးဝယ် စင်တာတွေမှာ မျက်လုံး စကန်ဖတ် အချက်အလက် ကောက်ယူနေခြင်းများကို သတိပေး

ထိုင်း ဈေးဝယ် စင်တာတွေမှာ မျက်လုံး စကန်ဖတ် အချက်အလက် ကောက်ယူနေခြင်းများကို သတိပေး

ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင် တိုင်း ၃ တိုင်း ခရီးထွက်

ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင် တိုင်း ၃ တိုင်း ခရီးထွက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved