ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ကိုးတန် ကောက် ကျေးရွာနဲ့ချိန်ခါလီကျေးရွာ အနောက်ဘက် ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးခိုးဖမ်းတဲ့စက်လှေတွေကို စက်တင်ဘာ ၁၀ ရက်နေ့ကဖမ်းဆီးခဲ့တာပါ။
စက်လှေ အစီး ၈၀ လောက်ထဲက ၅ စီးကို ဖမ်းဆီးရမိပြီးကမ်းခြေကိုခေါ်လာ ရာမှာ စက်လှေပေါ်ပါလာသူတွေက တိုက်ခိုက်ခဲ့တာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတဦး နဲ့ တပ်ဖွဲ့ဝင်တဦးသေဆုံးသွားခဲ့ရတယ်လို့ AAကဆိုပါတယ်။
အရင်ကလည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေကို အကြိမ်ကြိမ် ဖမ်းဆီးရမိခဲ့ဖူးပေမယ့် အပြန်အလှန်လေးစားမှုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲပြန်လွှဲပေးခဲ့ပြီး သတိပေးခဲ့တယ်လို့ AA ထုတ်ပြန်ထားပါတယ်။ဒီလို သတိပေးခဲ့ပေမယ့် လက်ရှိမှာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့လို့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်တော့မယ်လို့ AAကဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













