မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကမ္ဘာ့ ကုလသမဂ္ဂမှာ ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးအတွက် လူထုထောက်ခံချီတက်ပွဲကို စက်တင်ဘာ ၂၁ ရက်နေ့က အမေရိကန်၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီးမှာ ကျင်းပခဲ့ကြပါတယ်။
“Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ခေါင်းစဉ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေက လူထုထောက်ခံချီတက်ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး “Global Action for Credential Campaign 2025” ခေါင်းစဉ်နဲ့ လှုပ်ရှားမှု လုပ်ခဲ့ကြတာပါ။
အဆိုပါပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာဖို့ဆုတောင်းခဲ့ကြသလို ကုလသမဂ္ဂမှာ မြန်မာ ကိုယ်စားပြု ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတဲ့ စစ်အုပ်စုကို နိုင်ငံတကာက ဖယ်ကြဉ်ဖို့၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
အခမ်းအနားကို သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ၀န်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့လည်း လာရောက်ခဲ့ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












