အာဏာသိမ်း စစ်တပ်အတွင်းမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) တွေနဲ့ တိုင်းမှူးတွေ အပြောင်းအလဲ ဖြစ်တယ်လို့ စစ်တပ်သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
ရာထူးတိုးခံရသူတွေနဲ့ ဌာနအပြောင်းအလဲလုပ်ခံရသူတွေဟာ စစ်ခေါင်းဆောင်နဲ့ နီးစပ်သူဖြစ်တာကြောင့် စစ်ခေါင်းဆောင်ဟာ သူ့ကိုသစ္စာခံမယ့်သူတွေကို နေရာချပေးနေတာဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar ) က ခန့်မှန်းထားတဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အလွန် စတုတ္ထမျိုးဆက်မှာ ပါဝင်နေတဲ့ စစ်အရာရှိတွေကို ဒီတခေါက် ရာထူးတိုး၊ အပြောင်းအလဲမှာ အစုလိုက် အပြုံလိုက်တွေ့ရပါတယ်။
#မြန်မာ #ဧရာဝတီ #ကစထမှူး #ရာထူးအပြောင်းအလဲ #မင်းအောင်လှိုင် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












