သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရဲ့ လူသိအများဆုံး ခေါင်းဆောင်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့အတူ သံတိုင်နောက်မှာ ရောက်နေပေမယ့် စစ်တပ်လက်ဝေခံ နဲ့ သစ္စာခံတွေဟာ မလွတ်လပ် မမျှတဘူးလို့ ပယ်ချခံရတဲ့ရွေးကောက်ပွဲဝင်ဖို့ တန်းစီနေကြပါတယ်။
စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံအစိတ်အပိုင်းများစွာမှာ ထိန်းချုပ်မှု မထူထောင်နိုင်ပေမဲ့ ရွေးကောက်ပွဲ ပထမဆင့်ကို တနိုင်ငံလုံး မြို့နယ် ၃၀၀ ကျော်အနက် မြို့နယ် ၁၀၂ ခုအတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်မယ်လို့ ကြေညာထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၂၀ ခုနှစ်မှာ သောင်ပြိုကမ်းပြိုအနိုင်ရတာကို စစ်အုပ်စုက ပယ်ဖျက်ပြီး ခေါင်းဆောင်တွေကို ဖမ်းထားပြီးနောက် ဖျက်သိမ်းထားတဲ့အတွက် အရင်က နေရာအနည်းငယ်သာ အနိုင်ရဖူးတဲ့ ပါတီတွေဟာ ဒီဇင်ဘာ-ဇန်နဝါရီ ရွေးကောက်ပွဲတွေမှာ အဓိကယှဉ်ပြိုင်သူတွေ ဖြစ်လာတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးနဲ့ NLD အဖွဲ့ဝင် ၂,၅၀၀ နီးပါးဟာ သံတိုင်တွေနောက်မှာပဲ ဆက်လက်ရှိနေကြဆဲဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #စစ်အုပ်စု #NLD
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













