ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ငဖဲမြို့နယ်အတွင်းက နတ်ရေကန်စခန်းဟာ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးတပ်တွေအတွက် စစ်ရေး၊ မဟာဗျူဟာ အရ အရေးပါတဲ့ တပ်စခန်းဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
ဒီစခန်းဟာ အာဏာသိမ်း စစ်တပ် အတွက်လည်း စစ်ရေးမဟာဗျူဟာအရ အရေးပါသလို မြန်မာနိုင်ငံအနောက်ခြမ်း လေကြောင်းထောက်လှမ်းရေးမှာ အရေးပါတဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းတခု ဖြစ်တယ်လို့ သိရပါတယ်။
ဒီစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက ခံစစ်ကျိုးပျက်သွားတဲ့ အထိ အာဏာသိမ်း တပ်ကို တိုက်ခိုက်ချေမှုန်းထားပြီး ထပ်တက်လာတဲ့ စစ်ကူစစ်ကြောင်း တွေကိုလည်း ကြားဖြတ် တိုက်ခိုက်နေတာလို့ မြေပြင်တပ်တွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #နတ်ရေကန်စခန်း #ငဖဲမြို့နယ် #မကွေးတိုင်း #AA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













