ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးကို ရွေးကောက်ပွဲ ဝါဒဖြန့်ချီရေးကမ်ပိန်းဗီဒီယို မရိုက်ပေးတာကြောင့် စစ်ကော်မရှင်တပ်က ခေါ်ယူစစ်မေးခဲ့တယ်လို့ သိရပါတယ်။
ရုပ်ရှင်ရိုက်ကွင်းတခုမှာ ရောက်ရှိနေတဲ့ သရုပ်ဆောင်ဖွေးဖွေးကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်ခေါ်ယူစစ်မေးခဲ့တာလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကဧရာဝတီကိုပြောပါတယ်။
ဖွေးဖွေး အပြင် သရုပ်ဆောင် အလင်းရောင်လည်း ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပေမယ့်ဧရာဝတီအနေနဲ့ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေး ပါဘူး။ ဖွေးဖွေးနဲ့ အလင်းရောင်တို့ဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဖူးသူတွေ ဖြစ်တာကြောင့် ရွေးကောက်ပွဲဝါဒါဖြန့် ရိုက်ကူးဖို့ ရှောင်နေတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးဖို့ကို စစ်တပ်ထောက်ခံသူတွေနဲ့ ဝါဒဖြန့်ချယ်နယ်တွေက တိုက်တွန်းပြောဆိုမှုတွေ ရှိနေတာပါ။
ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားတွေမှာ သရုပ်ဆောင်တွေပါဝင်ရိုက်ကူးဖို့ ဖိအားပေး ညွှန်ကြားတာမျိုးမရှိဘူးလို့ ရုပ်ရှင်အစည်းအရုံးကငြင်းဆန်ထားပေမယ့် ရုပ်ရှင် လောကမှာတော့ ရွေးကောက်ပွဲဝါဒဖြန့်တာနဲ့ ပတ်သက်လို့ဖိအားတွေ ရှိနေတယ်လို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













