ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာ တရားဝင်မှုကိုရဖို့ကြိုးပမ်းနေတဲ့အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံရေးပုဒ်မတခုဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ -က နဲ့ အမှုဖွင့်ခံထားရသူအားလုံးကို နိုဝင်ဘာ ၂၆ ရက်နေ့က ပယ်ဖျက် ဖြေလျှော့ ခွင့်ပြုလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေချိန် နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေး တယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံတကာကို လှည့်စားတာလို့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတိတ်နိုင်က ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်ရေး ထိုးပြီး အသစ်ထုတ်ပြန်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #၅၀၅က #နိုင်ငံရေးအကျဉ်းသား #နိုင်ငံတကာ #ရွေးကောက်ပွဲ #လွတ်ငြိမ်းချမ်းသာခွင့် #WhathappensInMyanmar













