• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home SFU

တရားရသွားသော ဦးရုက္ခစိုး

by ရန်ကုန်သားတာတေ
3 November 2015
in SFU
A A
ရွေးကောက်ပွဲ, ဦးရုက္ခစိုး

သရုပ်ဖော် - ဟန်လေး

3k
VIEWS
Share on FacebookShare on Twitter

“မင်္ဂလာပါ တပည့်တို့” …။
“ဆဝါဒီ ခပ်” …။

ဆရာလုပ်သူက မြန်မာလို နှုတ်ဆက်၊ တပည့်များက ထိုင်းလို ပြန်နှုတ်ဆက်နေသော ထူးဆန်းသည့် အနီးကပ် သင်တန်း ဝိုင်းကျူရှင်ကို တအံ့တသြ ငေးကြည့်နေသူက ဦးရုက္ခစိုးဖြစ်သည်။ သင်တန်းဆရာကား တခြားမဟုတ်၊ ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ကြွက်စုတ်ပင်ဖြစ်သည်။
ဆရာက မြန်မာ၊ တပည့်များက ထိုင်းကလေးများ ဖြစ်၏။ သင်တန်း ခေါင်းစဉ်က “ရွေးကောက်ပွဲမှာ ဘယ်လို အနိုင်ယူမလဲ” တဲ့။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲအတွက် သင်တန်းပေးရန် ဖန်ဒင် (ရန်ပုံငွေ) ရထားသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ရထားသမျှ ဖန်ဒင်များကို သုံးဖြုံးပြီး ကုန်သလောက် ရှိမှ ကမန်းကတန်း လက်ပူတိုက် သင်တန်းတခု ပေးနေကြခြင်း ဖြစ်သည်။ ဖိုးရှုပ်က သူ့အချိန် မကျသေးသောကြောင့် ဦးရုက္ခစိုးနှင့် အတူ စောင့်ကြည့်နေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
168
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
532
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

“တပည့်တို့ အနေနဲ့ ရွေးကောက်ပွဲတပွဲမှာ ကိုယ်က နိုင်ခြေမရှိတော့ဘူး ဆိုတာ သေချာနေရင် အနိုင်ရဖို့ကြံနည်း ဖန်နည်းတွေ ပြောပြမယ်၊ နားထောင်။ မင်းတို့ တတ်နိုင်သမျှ ဉာဏ်နီဉာဏ်နက် နည်းပေါင်းစုံသုံးရမယ်ကွဲ့”
“ဆရာတို့က ရွေးကောက်ပွဲဆိုတာ အခုမှ ကြုံရတာပါ ဆရာ၊ ကျနော်တို့က တောက်လျှောက် ကြုံခဲ့ရတာ၊ ကလိန်ကကျစ် နည်းပေါင်းစုံ ကျနော်တို့ သုံးတတ်ပါတယ်”
“အဲဒါပဲ အဲဒါခက်တာ၊ မင်းတို့ ကလိန်ကကျစ် ကျတယ်ဆိုတာ ငါတို့ အိပ်နေသလောက်ပဲ ရှိတယ်ကွဲ့။ ၂၀၁၀ တုန်းက ငါတို့ဆီမှာ ဘယ်လို အနိုင်ရသွားတယ်ဆိုတာ မင်းတို့ အမြင်ပဲ”
“အဲဒါက အကြီးဆုံး အတိုက်အခံ ပါတီကြီး မရှိတော့ ဆရာတို့ လုပ်ချင်တိုင်း လုပ်လို့ရခဲ့တာလေ။ အခု အဲဒီလို အတင်း အနိုင်ယူပြီး ပြည်သူတင်မြှောက်သော အစိုးရ လုပ်လို့ ဘယ်ရတော့မလဲ”
“ကြိုက်တယ်။ အဲဒီလို ဒီဘိတ်မျိုးကို သဘောကျတာ။ မင်းတို့ တခါမှ မကြားဘူးသေးတဲ့ လိမ်နည်းတွေ သင်ပေးရဦးမယ် ဟဲဟဲ”
“ခပ်” (ထိုင်းလို ပြောခြင်း ဖြစ်သည်၊ မြန်မာလို ဟုတ်ကဲ့ ဟု အဓိပ္ပာယ်ရသည်။)

ရုက္ခစိုး။     ။ ဘုရား … ဘုရား … ဒုက္ခပါပဲ။ ဖိုးရှုပ် … မင်းတို့ ဘာတွေ မဟုတ်တရုတ် သင်နေတာလဲကွ။
ဖိုးရှုပ်။     ။ ဟဲဟဲ … ဦးရုက္ခစိုးကလည်းလေ … ဒီနည်းတွေက ဦးရုက္ခစိုးပဲ သင်ပေးခဲ့တာပဲဟာ။

ရုက္ခစိုး။     ။ ဟ … ငါလည်း မင်းတို့ လူကြီးတွေ လုပ်သလို လိုက်လုပ်ကြည့်တာ … တကယ်က ပြည်သူလူထု ပါလာဖို့ ဆိုရင် အဲဒီလိုကြီး အတင်းလုပ်လို့ မရဘူးနော်။
ဦးရုက္ခစိုးက စိတ်ပျက်လက်ပျက် ခေါင်းတခါခါ လည်တခါခါ ဆိုသည်။ ကြွက်စုတ်ကလည်း အားပါးတရ သင်သည်။

“၂၀၁၀ တုန်းက ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့တယ်။ ဟုတ်တယ် … ဒါပေမယ့် အခု ၂၀၁၅ မှာ ဟိုပါတီကြီးက မဲတွေကို ပယ်မဲမဖြစ်ဖြစ်အောင် ကြံဖန်မယ်”
“ပယ်မဲတွေ များတဲ့ကြားက အတိုက်အခံပဲ နိုင်သွားတယ် ဆိုရင်ကော၊ ၉၀ တုန်းကလို အာဏာမလွှဲပေးလို့ မရတော့ဘူးနော်၊ အခုက နိုင်ငံတကာက စောင့်ကြည့်နေတာ”
“မင်းတို့ … ရှုံးမဲ မဲတယ်ဆိုတာ ကြားဖူးကြလား”

ကြွက်စုတ်က တပည့်များနှင့် အပြန်အလှန်ပြောဆိုရင်း စိတ်ဓာတ်တွေ တက်ကြွလာသည်။ ဖိုးရှုပ်ကတော့ တပြုံးပြုံး … ဦးရုက္ခစိုးကတော့ နားထောင်ရင်း ကျောချမ်းဟန်ပြသည်။

ရုက္ခစိုး။     ။ ဟေ့ကောင် ဖိုးရှုပ်၊ မင်းတို့က ပြဿနာတက်မယ့် ကိစ္စတွေ ဖန်တီးနေသလိုပဲနော်။
ဖိုးရှုပ်။     ။ ဦးရုက္ခစိုးရယ် … အာဏာလက်ရှိ ပါတီဆိုတာ လူထုမကြိုက်တိုင်း ဆင်းပေးစရာ မလိုဘူးလို့ တပည့်တွေ သိအောင် ပြောပြနေတာပါ။ ဝှက်ဖဲရှိရမယ်လေ။

ရုက္ခစိုး။     ။ ဘာတုန်း ဝှက်ဖဲ။
ဖိုးရှုပ်။     ။ မဆူဆူအောင် ကွိုင်ရှာမယ့် လူမိုက်တွေကို တံခါးဖွင့်ပေးထားတယ်လေ၊ လွှတ်ပေးထားတယ်။ သူတို့က ကွိုင်ရှာ၊ လူထုက မကျေနပ်၊ ဒေါသထွက်၊ ပြဿနာတွေတက်တော့ စစ်အာဏာ ယာယီ သိမ်းတယ်ပေါ့။

ရုက္ခစိုး။     ။ ဟဲ့ကောင် … အဲဒီနည်းလမ်းက ငါတို့ ရုက္ခစိုးတွေ သုံးခဲ့ပြီးပြီ … မအောင်မြင်ဘူးကွ။ ငါတို့ ရုက္ခစိုးတွေက လူထု … အဲ နတ်ထုကြီး အနာတရဖြစ်မှာကို မလိုလားဘူးလေ။ အာဏာရှင်စနစ်ကို ပြန်ရောက်အောင် နှပ်ကြောင်း မပေးချင် ပါနဲ့တော့ကွာ။
ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကြီးပဲ နိုင်ချင်ရတာနဲ့၊ သမ္မတဖြစ်ချင်ရတာနဲ့၊ အခုမှ ဘယ်လို ဖြစ်တာလဲဗျ။ အာဏာ မဖယ်ပေးရေးက လိုရင်းပဲ မဟုတ်ဘူးလား။

ရုက္ခစိုး။     ။ လူထုမလိုလားဘဲ နှစ်ပေါင်းများစွာ အစိုးရလုပ်ခဲ့ပြီးပြီလေ၊ တော်ရောပေါ့။ ပြည်သူ့မေတ္တာ အစူးမခံချင်စမ်းပါနဲ့၊ ပြည်သူလိုလားတဲ့ ပါတီကိုပဲ အစိုးရဖွဲ့ခွင့်ပေးလိုက်၊ ၅ နှစ်လုပ်ကြည့်ခွင့် ပေးလိုက်ပေါ့ကွာ။ အဲဒါဆို လက်ရှိ အာဏာရ ပါတီကြီးအနေနဲ့ သဘောထား ကြီးကြောင်း ပြရာကျမယ်၊ နိုင်ငံတကာက လက်ခုပ်တီးမှာ၊ နာမည်ဆိုးခဲ့သမျှ ဒီတခုနဲ့ ခြေဖျက်ပြီးသား ဖြစ်သွားမယ်။
ဖိုးရှုပ် စဉ်းစားသည်၊ ဦးရုက္ခစိုးကြီးတောင် သမ္မတ ဖြစ်ချင်စိတ်ကို စွန့်လွှတ်၍ သူတို့ရုက္ခစိုး ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို လွှဲပြောင်းပေးလိုက်ပြီ၊ အခု မကြာခင် ချင်းမိုင်ပြန်၍ ဒွိုင်ဆူထေ့တောင်ပေါ်မှာ တရားကျင့်တော့မည်တဲ့။ ကြွက်စုတ်က သူ့သင်ခန်းစာကို အဆုံးသတ်တော့မည်။ ဖိုးရှုပ်ကမန်းကတန်း ထိုင်ရာက ထကာ ကြွက်စုတ်ကို တားသည်။

ဖိုးရှုပ်။     ။ ကြွက်စုတ်ရေ … ခဏလေး … ခဏလေး … ငါတို့ သင်ခန်းစာကို ပြောင်းမယ်ဟေ့။
ထိုင်းတပည့်များက ပြိုင်တူ ဟစ်ကြွေးလိုက်သည်။
“ဆဝါဒီ ခပ် ဆရာ”

(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)

Your Thoughts …
Tags: ထွေရာလေးပါး
ရန်ကုန်သားတာတေ

ရန်ကုန်သားတာတေ

ဧရာဝတီ

Similar Picks:

IBS, Middle pain, ဆီးခုံဆီးစပ်, နာကျင်မှု,

နာကျင်နေသော ဆီးစပ်များ (၁)

by ဒေါက်တာသက်ဦး
22 September 2015
92.2k

ဆီးစပ် နာကျင် ကိုက်ခဲတာက လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း သတိမူရမှာ ပါ။ ဂနိုလို့ အသိများတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတွေ ကတော့ ဒီလက္ခဏာ အဖြစ်များပါတယ်။ တခါတလေ ၂...

ဒီမိုကရေစီ, ၃၇ မင်း နတ်

ဒီမိုကရေစီအစ ၃၇ မင်းက

by ညိုမြ(မောင်သုမန)
9 September 2015
5.5k

စတာလင်တို့၊ လီနင်တို့၊ အက်တလီတို့၊ အိုက်ဆင်ဟောင်ဝါတို့က သူတို့ဝါဒတွေကိုအဘယ်မျှ အမွှမ်းတင် ၀ါကြွားနေ စေကာမူ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် စထွင်စီမံသူ၊ ပဒေသရာဇ်ကို ဦးစွာ တော်လှန်သူများဟာ ပန်းပဲမောင်တင့်တယ် အမှူးရှိတဲ့ ပုပ္ပား ၃၇ မင်း နတ်များသာလျှင်...

တောက်တဲ့တွေ ခေတ်စားနေတယ်

by ရန်ကုန်သားတာတေ
9 November 2011
2.7k

“တောက်တဲ့ ... တောက်တဲ့ … တောက်တဲ့” “သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ … မိုးလေဝသ ဟောတတ်တဲ့ တောက်တဲ့ … တောက်တဲ့ … အိုး အော်လိုက်စမ်းပါဦး …” တန်ဆောင်တိုင် လွိုင်ကထုံပွဲကြောင့်...

သူခိုးရေးတဲ့ သူခိုးဝတ္ထု

သူခိုးရေးတဲ့ သူခိုးဝတ္ထု

by မင်းဒင်
3 September 2014
18.6k

“လူပျိုပါ” လို့လည်း သူခိုးက ဖြေလိုက်ရော အပျိုကြီးဟာ “ဒီတစ်ခါတော့ ဟန်ကျပြီဟဲ့” ဆိုတဲ့ အတွေးနဲ့ “ဒါဆိုနင် ငါ့ကို လက်ထပ် ယူမလား၊ ယူမယ်ဆိုရင် ငါလွှတ်ပေးမယ်။ မယူဘူး ဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”

မောင်မောင်ဖောင်တိန်

ကြက်သားကာလသားချက်၊ လစ်ပတန်တီးနဲ့ ခေတ်ပျက်သူဌေးလေး ဖတ်ဖို့ မေတ္တာစာ

by မောင်ကေ
9 June 2016
22.3k

စင်ကာပူဝန်ကြီးချုပ်ကို သမ္မတကြီးဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တည်ခင်းတဲ့ ညစာစားပွဲမှာ ကြက်သားကာလသားချက်နဲ့ လစ်ပတန်တီး တိုက်လို့ဆိုပြီး ခံစားမရနိုင် ဖြစ်ပါသတဲ့။ လစ်ပတန်တီး တိုက်တာ တိုင်းပြည်သိက္ခာကျသတဲ့

စစ်ရေးအမြင်နဲ့ ကန်စွန်းရွက်ကြော်

ကန်စွန်းရွက် ကြော်ရင်လည်း စစ်ရေးအမြင် ရှိရမယ်

by မင်းဒင်
19 May 2015
5.7k

ဒင်းတို့ ဟာပြောတော့မိုး၊ ထိုးတော့မြေကြီုး။ နှစ်ပေါင်းခြောက်ဆယ် နီးပါး ဦးဆောင်ခဲ့တဲ့တိုင်းပြည်ကို ပြန်ကြည့်တော့ ဖွတ်ကျောပြာစု၊ ခရုတ်ဆံကျွတ်၊ အမွဲတကာ့ထိပ်ခေါင်၊ အီသီယိုးပီးယားက အဘခေါ် နေရပြီလေ

Next Post

ထိုင်းနိုင်ငံမြောက်ပိုင်း ယာဉ်တိုက်မှု မြန်မာအလုပ်သမား ၄ ဦး သေဆုံး

ပြည်ပနိုင်ငံအဖွဲ့အစည်းနှင့် ဆက်သွယ်မှုမရှိသူကို မဲပေးရန် ကာချုပ်ထပ်မံသတိပေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved