• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လမ်းလွဲနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နည်းလမ်းသစ်နဲ့ ပြန်စရန် လို

by ဘာတီး(လ် )လင့်တနာ
21 October 2016
in ဆောင်းပါး
A A
အောက်တိုဘာ ၈ ရက် ရန်ကုန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

အောက်တိုဘာ ၈ ရက် ရန်ကုန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြစဉ် / မျိုးမင်းစိုး / ဧရာဝတီ

4.5k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည် သြဂုတ်လကုန် နေပြည်တော်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံဟု ခေါ် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး မပြီးသေးသည့် အချိန်မှာပင် တပ်မတော်က ထိုးစစ် စတင်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲသတင်းများ ကြားလာရပြီး ကရင်ပြည်နယ်တွင် ဒေသခံ လက်နက်ကိုင် အုပ်စုများ အကြား ပဋိပက္ခများ ဖြစ်ပွားကာ ရှမ်းပြည်အရှေ့ပိုင်းတွင်မူ အင်အား ကြီးမားလှ သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က တချိန်က အနီးကပ်ဆုံး မဟာမိတ် အဖြစ် သတ်မှတ်ခဲ့ သည့် မိုင်းလားအုပ်စု ခေါ် အမျိုးသာဒီမိုကရေစီ မဟာမိတ်တပ်မတော် National Democratic Alliance Army (Eastern Shan State) (NDAA[ESS]) ကို ဆန့်ကျင်လှုပ်ရှားပြီး ၎င်းတို့၏စခန်း အများအပြားကို သိမ်းယူသည်။

“ဒါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မဟုတ်ဘဲ ပဋိပက္ခ လုပ်ငန်းစဉ် ဖြစ်နေတယ်” ဟု လေ့လာသူ တဦးက ပြောသည်။

ငြိမ်းချမ်းရေးနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသော အချက်မှာ ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် သမ္မတဖြစ်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟု ခေါ်သော အစီအစဉ်ကို စတင်ပြီးနောက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို တွေ့ရခြင်း ဖြစ်သည်။ တိုက်ပွဲ အများစုမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ဖြစ်ပွားပြီး ရခိုင်နှင့် ကရင်ပြည်နယ်များတွင် တိုက်ပွဲများ နေရာကျဲကျဲ ဖြစ်ပွားသည်။ ၁၉၈၀ ခုနှစ်များ နောက်ပိုင်း တပ်မတော်က ကွန်မြူနစ်တပ်များနှင့် ကရင်တပ်များကို ထိုးစစ်များ ဆင်ခဲ့သည့်နောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်သည် ယခုအချိန်တွင် အပြင်းထန်ဆုံးဖြစ်နေသည်။

ပြည်ပမှ ငြိမ်းချမ်းရေး တည်ဆောက်ပေးသူများ ရှိသော်လည်း သို့မဟုတ် ထိုသူများ ရှိနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်မည်၊ ပဋိပက္ခသည် ဘယ်အခါမျှ ပြီးဆုံးမည့်ပုံ မပေါ်ပေ။ လူသိများသော နည်လမ်းမှာ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို မြောက်ပိုင်း အိုင်ယာလန်၊ ကိုလံဗီယာနှင့် တောင်အာဖရိက အပါအဝင် ကမ္ဘာတဝန်းရှိ အခြားသော ပဋိပက္ခ ဒေသများသို့ လေ့လာရေး ခရီး စေလွှတ်ခြင်း ဖြစ်သည်။ ထိုခရီးစဉ်များကို အဓိက စီစဉ်သူမှာ ဗြိတိန် အခြေစိုက် Intermediate ဟု ခေါ်သော အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကို ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ အောက်တွင် ၁၉၉၇ မှ ၂၀၀၇ အထိ ရုံးအဖွဲ့ အကြီးအကဲ တာဝန်ယူခဲ့သူ Jonathan Powell က ထူထောင်ဦးဆောင် ခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
557
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
493
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
191

သို့သော် ထိုလေ့လာရေး ခရီးစဉ်များ၏ အကျိုးမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ရန်ကုန်တွင် အခြေစိုက်သော ပြည်ပ သုတေသီတဦးက ထိုလေ့လာရေး ခရီးစဉ်များကို “လက်တွေ့ ဆွေးနွေပွဲများ ရှေ့မတိုးနိုင်ချိန်တွင် လူမျိုးစု ခေါင်းဆောင်များ၏ စိတ်ကို လွှမ်းမိုးစေသော မဆုံးနိုင်သော ကမ္ဘာ့ ငြိမ်းချမ်းရေးပြသမှု ပြည်သူ့ဘဏ္ဍာသုံး အပျော်ခရီး များ” ဟု ထုတ်ဖော်ခဲ့သည်။ တဆက်တည်း “ဆက်လက် ဖြစ်ပွားနေသော ပြဿနာကို ဖြေရှင်းရေးမှာ တိုးတက်မှုကို ပျက်စီးစေသော အရာ အဖြစ်” ပုံဖော်သည်။

ဆွစ်ဇာလန် ကန်တုန်စနစ် Canton system သည် မြန်မာနိုင်ငံအတွက် မည်သို့မည်ပုံ နမူနာကောင်း ဖြစ်နိုင်သည်ကို စဉ်းစား ကြည့်ရန်ပင် ခက်ခဲလှသော်သည်း ဆွစ်ဖက်ဒရယ်စနစ် မည်သို့အလုပ်လုပ်သည်ကို မြန်မာနိုင်ငံမှ လူမျိုးစုခေါင်းဆောင် များအား ဖိတ်ကြားပြသရာတွင် ဆွစ်ဇာလန် အစိုးရကလည်း တက်ကြွသည်။ ဖိတ်ကြားခံရသူများမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ Restoration Council of Shan State (RCSS) ၏ ကိုယ်စားလှယ်များ ဖြစ်သည်။ ထိုအဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement (NCA) ခေါ် စာချုပ်တွင် အစိုးရနှင့် ပါဝင်လက်မှတ်ထိုးသော အဖွဲ့ ၈ တွင် ပါဝင်သည်။ (၎င်းတို့ အနက် ၃ ဖွဲ့တွင်သာ အမှန်တကယ် လက်နက်ကိုင် တပ်ဖွဲ့ ရှိပြီး ကျန် ၅ ဖွဲ့မှာ လူတဒါဇင်သာသာခန့် စီသာ ရှိသော လက်မှတ်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။)

IHS Jane စာစောင်မှ သုတေသီ Anthony Davis က ယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုလို ရေးသားခဲ့သည်။ “နောက်ဆုံးတွင် မြန်မာကို တရားဝင် စီပွားရေး လုပ်ရန်နေရာ အဖြစ် ကြေညာရန် စိတ်အား ထက်သန်နေသော အနောက်နိုင်ငံ အစိုးရများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပုံအောခဲ့သော ဒေါ်လာသန်း ဆယ်ပေါင်းများစွာ၏ ရုပ်ပုံလွှာ အသေးအဖွဲ အပြောင်းအလဲမျှသာ ဖြစ်သည်မှာ သံသယ ဖြစ်ရန် မရှိသော်လည်း ဤစရိတ်ခံ စိတ်ကူးယဉ် ခရီးများသည် ဆွစ်အခွန်ထမ်းများကို ငွေကြေး ကုန်ကျစေသည်”။

RCSS ကိုယ်စားလှယ်များကို ဆွစ်ဇာလန်တွင် ဖျော်ဖြေနေသည့် တချိန်တည်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင် ထရပ်ကား အစီးပေါင်းများစွာကို ရှမ်းပြည်မြောက်ပိုင်းသို့ စေလွှတ်ပြီး NCA လက်မှတ် မထိုးသည့် ပလောင်လူမျိုးစု တပ်ဖွဲ့ ဖြစ်သော တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (Ta’ang National Liberation Army) ကို တိုက်ခိုက်စေ ခဲ့သည်။ အစိုးရနှင့် ငြိမ်းချမ်းရေးသည် RCSS အဖွဲ့အား ရှမ်းပြည်နယ်တွင် တပ်များလှုပ်ရှားခွင့် ရစေပြီး Davis အဆိုအရ လက်ဝေခံ တိုက်ပွဲဟု ခေါ်သော မြန်မာစစ်တပ်အစား တိုက်ပေးသော စစ်ကို ဆင်နွဲနိုင်စေသည်။

NDAA (ESS) အပေါ် UWSA က စစ်ရေးအရ အရေးယူ ဆောင်ရွက်ခြင်းမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ သွေးခွဲသော အကျိုးဆက် တခု ဖြစ်သည်။ NDSS(ESS) သည် NCA လက်မှတ်ထိုးသော အုပ်စုများနှင့် ပူးပေါင်းမည်ဟု UWSA က သံသယဝင်သည် ဟု ဆိုသည်။ သြဂုတ်လက နေပြည်တော် ဆွေးနွေးပွဲများတွင် ၎င်းတို့၏ ကိုယ်စားလှယ်များ အနက်တဦးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံရန် အဖွဲ့အားလုံးကို တိုက်တွန်း ခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ကို နိုင်ငံတော်အာဏာ ပေးထားပြီး တိုင်းရင်းသား လူမျိုးစုများ တိုက်ပွဲဝင် တောင်းဆိုနေသော ဖက်ဒရယ် စရိုက်လက္ခဏာ မရှိသောကြောင့် ဒီမိုကရေစီ မကျသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသော ဖွဲ့စည်းပုံ ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သော ပြည်ပအစိုးရများ အနေဖြင့် ၎င်းတို့ ပါဝင်ရန် လိုအပ်လျှင်ပင် သေနင်္ဂဗျူဟာများကို အလေးအနက် ပြန်လည် စဉ်းစားရန် လိုသည်။ မြန်မာနိုင်ငံ အခြေစိုက် သုတေသီ၏ အဆိုအရ “၎င်းတို့၏ လေ့လာသုံးသပ်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲများသည် ဆယ်စုနှစ် ၆ စုကြာ ခံစားနေရသော လူထုအသံကို နားထောင်ခြင်းထက် ပို၍ အခွင့်အလမ်းသာသင့်သည်ဟု ထင်ကြသော သူရဲဘောကြောင်သော အချောင်သမားများကို မွေးဖွားပေးနေသည်။ ယင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မဟုတ်၊ ယင်းသည် တခြားနိုင်ငံတွေမှာ မအောင်မြင်တဲ့ သမိုင်းရှိသူတွေ ပါဝင်အရိပ်မိုးနေတဲ့ စင်ပြိုင်အရှိတရားတခုပဲ” ဟု သူက ပြောသည်။

မြန်မာ့လူ့အခွင့်အရေး လုပ်သားတဦးကလည်း မကြာသေးမီက ဖြစ်ရပ်များကို ငြိမ်းချမ်းရေး သံစုံ ပြဇာတ်ဟု သံသယဖြင့် ခေါ်သည်။ ထိုထက် ပိုပြောရလျှင် ဤပြဇာတ်မှာ အများအပြားက ခေါင်းဆောင်မင်းသားသာ လုပ်လိုကြပြီး သီချင်းဆိုအဖွဲ့တွင် သီဆိုမည့်သူ မည်သူမျှ မရှိသော ပြဇာတ်ဖြစ်သည် ဟု ဆိုသည်။

ဆယ်စုနှစ်များစွာ ကြာသော မြန်မာနိုင်ငံ၏ လူမျိုးစုနှင့် နိုင်ငံရေးပဋိပက္ခ အနေအထားနှင့် မည်သည့်နေရာတွင်မျှ မတူသော အခြားနိုင်ငံများ၏ ဖြစ်စဉ်များကို လေ့လာမည့်အစား မြန်မာနိုင်ငံ၏ အတိတ်က ငြိမ်းချမ်းရေးဖော်ဆောင်မှု (မည်သို့သော အကြောင်းများကြောင့် မည်သူမျှ စစ်ကို အဆုံမသတ်နိုင်ခဲ့ကြသည်) ကို လေ့လာလျှင်ပင် များစွာ အသုံးဝင်ပါသေးသည်။

၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက ဦးနု ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူပြီး စစ်တပ်က ထိန်းချုပ်သည့် အိမ်စောင့် အစိုးရကို ဖွဲ့စည်းသောအခါ တရားဝင် ကြေညာခြင်း မရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကွန်မြူနစ် အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့တို့ လက်နက်ချခဲ့သည်။ မည်သည့်နိုင်ငံရေး အပေးအယူမျှ မပြုလုပ်ခဲ့ပေ။ အချို့မှာ စီးပွားရေးလုပ်သော ဒေသခံလက်နက်ကိုင်များ ဖြစ်လာကြသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်က နောက်တကြိမ်ပြန်လာပြီး ဦးနု ဦးဆောင်သည့် အရပ်သားအစိုးရသစ်တက်ပြီး ခဏအကြာ အာဏာကို အပြီးအပြတ် သိမ်းသောအခါ စစ်အစိုးရသစ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု အလေးအနက် ကတိပြုခဲ့သည်။ ထိုဆွေးနွေးပွဲများသည် ၁၉၆၃ တွင် စတင်ပြီး လူမျိုးစုနှင့် နိုင်ငံရေး သူပုန် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။သို့သော် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဘဝပြန်လည် ထူထောင်ရေးမှ လွဲ၍ ဘာမျှ မပေးဘဲ လက်နက်ချရန် တောင်းဆိုသည်။

ဆွေးနွေးပွဲများ ပြိုကွဲသွားသည်မှာ အံ့သြစရာ မဟုတ်ပါ။ လက်နက်ကိုင်အုပ်စု အသစ်အဟောင်းအချို့ကို ကာကွယ်ရေး ဟု ခေါ်သော ပြည်စောင့်တပ် ဖွဲ့စည်းပေးသည်။ သို့သော် ၎င်းတို့ကို ပေးရန် ဘဏ္ဍာငွေ အလုံအလောက် မရှိသောကြောင့် ဘိန်းကုန်ကူးခွင့် ပေးပြီး ရန်ပုံငွေ ရှာခွင့်ပြုသည်။ လော်စစ်ဟန်နှင့် ခွန်ဆာတို့ နှစ်ဦးလုံးသည် ကာကွယ်ရေး တပ်မှူးများ အဖြစ် ဘဝကို စတင်ခဲ့ကြပြီး ထိုကြောင့်ပင် ထင်ရှားသော ဘိန်းကုန်သည်များ ဖြစ်လာကြသည်။ ၎င်းတို့ ဘိန်းသယ်ဆောင်သည့် ယာဉ်တန်းများကို ထိုင်းနယ်စပ် အထိ ပို့နိုင်ရန် ရှမ်းပြည်နယ်ရှိ အခြားသော သူပုန်များနှင့် အဆက်အသွယ် ထူထောင်သောအခါမှသာ ၎င်းတို့ကို ဖမ်းခဲ့သည်။

၁၉၇၃ ခုနှစ် ဇန်နဝါရီလတွင် ကာကွယ်ရေး တပ်ဖွဲ့ စီမံကိန်းကို ရပ်စဲသည်။ ၎င်းတို့အစား ပြည်သူ့စစ်ဟု ခေါ်သော အဖွဲ့များ ဖွဲ့စည်းသည်။ ၎င်းတို့သည် ကာကွယ်ရေး တပ်ဖွဲ့များထက် အင်အားနည်းသဖြင့် စစ်တပ်က ပိုမိုထိမ်းချုပ်ရန် လွယ်ကူသည်။
၁၉၈၀ ခုနှစ်တွင် သူပုန်များနှင့် နိုင်ငံရေးအကျဉ်းသားများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုုးရက ကြေညာသည်။ သူပုန် ၁၄၃၁ ဦး တရားဝင် လက်နက်ချသည်။ ထိုကိန်းဂဏန်းမှာ အလွန်အကျွံချဲ့ကားထားခြင်း ဖြစ်နိုင်သည်။ သို့သော် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သည် ထိုင်းနယ်စပ်မှ ဦးနုဦးဆောင်သည့် လက်ယာဗမာ သူပုန်များကို ပြိုကွဲသွားစေခဲ့သည်။တချိန်တည်းတွင် ဗမာပြည် ကွန်မြုနစ်ပါတီ (CPB) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့နှင့် သီးခြား ဆွေးနွေးပွဲများ ကျင်းပသည်။ ဆွေးနွေးပွဲများသည် လပေါင်းများစွာ ကြာသည်။ သို့သော် အစိုးရ၏ ကမ်းလှမ်းမှုမှာ လက်နက်ချခြင်း အတွက် ဘဝပြန်လည် ထူထောင်ပေးခြင်းသာ ဖြစ်နေသည်။ ထို ဆွေးနွေးပွဲများလည်း ပြိုကွဲသွားသည်မှာ ပြောရန်ပင် မလိုပါချေ။

၁၉၈၈ ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများ အပြီးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration Council – SLORC) က အာဏာသိမ်းယူအပြီးတွင် ထောင်ပေါင်းများစွာသော မြို့ပြမှ အစိုးရ ဆန့်ကျင်သူများသည် ကရင်အမျိုးသား အစည်အရုံး (Karen National Union-KNU) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အခြားသော လူမျိုးစု လက်နက်ကိုင်များနှင့် ချိတ်ဆက်ကြသသည်။ သို့သော် တရုတ်ထံမှ ၁၉၆၈ မှ ၇၈ အတွင်း ရရှိထားသော လက်နက်များ ဂိုဒေါင်များစွာ ရှိသော CPB ကဲ့သို့ မဟုတ်ဘဲ ထိုအုပ်စုများတွင် မြန်မာ တက်ကြွလှုပ်ရှားသူများ အတွက် လက်နက်အပို အနည်းငယ်မျသာ ရှိသည်။ သို့သော် ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူအချို့လည်း CPB ဒေသများသို့ သွားခဲ့ကြသည်။

၁၉၈၉ မတ်၊ ဧပြီတွင် တောင်ပေါ်လူမျိုးစုများ ရာထူး အဆင့်ဆင့်က CPB နှင့် အသက်အရွယ် ကြီးရင့်သော မြန်မာ ပါတီခေါင်းဆောင်မှုကို ပုန်ကန်ကြသောအခါ အခြေအနေ ပြောင်းလဲသွားသည်။ CPB သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ၄ စု ဖြစ်သွားသည်။ UWSA ၊NDAA (ESS)၊ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အခြေစိုက် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army) နှင့် ကချင်ပြည်နယ်မှ ဒီမိုကရေစီ တပ်မတော်သစ် (New Democratic Army-Kachin) တို့ ဖြစ်လာသည်။

ထိုအခါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ညီညွတ်ရေး တပ်ပေါင်းစုတခု၏ အန္တရာယ်ကို ရင်ဆိုင် လာရသည်။ သို့သော် မြန်မာစစ်တပ်သည် ထိုစဉ်က လျော့တိလျော့ရဲသာ ရှိနေသော လူမျိုးစု လက်နက်ကိုင်များနှင့် မြို့ပြမှ အစိုးရဆန့်ကျင်သူများ၏ မဟာမိတ်အဖွဲ့ကို လက်ဦးမှုရယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင်သည်။ CPB ကို ပုန်ကန်ခဲ့သော တပ်ဖွဲ့များကို အပစ်အခတ် ရပ်စဲရေးကမ်းလှမ်းပြီး အကန့်အသတ်မရှိသော စီးပွားရေး အခွင့်အလမ်းများ ပေးသည်။ ထို့ကြောင့် CPB တပ်ဖွဲ့ဟောင်း အားလုံး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ကြသည်။
နယ်စပ်မှ ခြိမ်းခြောက်မှုကို ငြိမ်အောင်လုပ်ထားသော်လည်း တိုင်းပြည်အတွက် အကျိုးဆက်မှာ လွန်စွာ ဆိုးရွား လှသည်။ အရှေ့မြောက် နယ်ခြားဒေသတွင် စီးပွားရေး ဆိုသည်မှာ ဘိန်းနှင့် ဘိန်းထုတ်ကုန် ဘိန်းဖြူထုတ်လုပ်ရေးဟု အဓိပ္ပာယ်ရသည်။ ထိုအကျိုးဆက်မှာ ဘိန်း စိုက်ဧကသည် ၁၉၈၈ တွင် ၁၀၃,၂၀၀ ဟက်တာ ရှိရာမှ ၁၉၉၁ တွင် ၁၆၁, ၀၁၂ ဟက်တာသို့ တိုးလာသည်။ အမေရိကန်နိုင်ငံ၏ တရားဝင် စာရင်းများအရ အလားတူ ကာလအတွင်း ဘိန်းထုတ်လုပ်မှုမှာ နှစ်စဉ် ၆၈ တန်မှ ၁၈၅ တန်သို့ ထိုးတက်သွားသည်။ ၎င်းတို့ အနက် ၁၈၁ ဒသမ ၅ တန်မှာ ပြည်ပပို့ရန် ဖြစ်သည်။

ကွန်မြူနစ်ပါတီ ပြိုကွဲခြင်း၊ မဟာမိတ်အဖွဲ့သစ် မဖွဲ့စည်းနိုင်ခြင်းတို့နှင့် အတူ အရွယ်အစား အမျိုးမျိုးသော ၂ ဒါဇင်ခန့် ရှိသော လူမျိုးစု လက်နက်ကိုင်များသည် ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များ အစောပိုင်းတို့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုကြသည်။ ထိုအုပ်စု အများအပြားက သစ်ထုတ်လုပ်ကြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ကျယ်ပြန့်သော နယ်ပယ်များမှာ လွင်တီးခေါင် ဖြစ်ကုန်ပြီး သစ်ကို တရုတ်ပြည်သို့ ရောင်းကြသည်။

ထို့ကြောင့် လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခြင်းမှာ အသစ်အဆန်း မဟုတ်ပါ။ ဖျက်သိမ်းလိုက်သည်မှာ ကြာမြင့်ပြီ ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ မူဝါဒကို ဆက်လက် အကောင်အထည် ဖော်ခြင်းသာ ဖြစ်သည်။ သို့သော် ထိုစဉ်က ပြုလုပ်ခဲ့သော အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အားလုံးကို လေးစား လိုက်နာကြသည်တော့ မဟုတ်ချေ။ ၁၉၉၄ ခုနှစ်က လက်တွေ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော (ယခင်က သဘောတူ စာချုပ်မရှိဘဲ နှုတ်ဖြင့်သာ သဘောတူခဲ့သည်) KIA သည် ၂၀၁၁ တွင် အကြီးအကျယ် အတိုက်ခံရပြီး တိုက်ပွဲများ ယခုထိ ဆက်လက်ဖြစ်ပွားနေသည်။ အစိုးရနှင့် ၁၉၈၉ တွင် ငြိမ်းချမ်းရေး ယူခဲ့သော ရှမ်းပြည် တပ်မတော်ကိုလည်း မကြာမီတွင် တိုက်ခိုက်ခဲ့သည်။

ဤဆွေးနွေးပွဲများနှင့် ယခုကျင်းပနေသော ဆွေးနွေပွဲများ၏ တူညီသော လက္ခဏာမှာ စစ်တပ်နှင့် အစိုးရက လက်နက်ချရေး ပြီးလျှင် ဘဝပြန်လည်ထူထောင်ရေး လုပ်ပေးမည်ဟု တောင်းဆိုသည် သို့မဟုတ် မအောင်မြင်သော အခါ မည်သည့် စီးပွားရေးမဆို လုပ်ကိုင်ခွင့် ပေးပြီး အကျင့်စာရိတ္တပျက်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့ အပစ်အခတ် ရပ်စဲရေး စာချုပ်အပြီးတွင် RCSS နှင့် KNU ခေါင်းဆောင်များသည် သစ်ထုတ်လုပ်ရေးနှင့် ဆီအုန်းစိုက်ခင်းများ အပါအဝင် အကျိုးအမြတ်များသော စီးပွားရေး အခွင့်အလမ်းများ ရခဲ့ကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ၂၀၁၅ နိုဝင်ဘာလက အထွေထွေ ရွေးကောက်ပွဲများတွင် လူထုက ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် အာဏာရခဲ့သော လက်ရှိအစိုးရသည် ယခင်အစိုးရ၏ ဝါဒများကို ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်သည်။ ၎င်းမှာ တနိုင်ငံလုံး အကျုံးမဝင် သကဲ့သို့ ငြိမ်းချမ်းရေးလည်း မရ ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ဗဟိုနိုင်ငံတော် အဆောက်အအုံ ခေါ် နိုင်ငံအတွက် ချမှတ်သင့်သည့် အုပ်ချုပ်ရေး စနစ်သစ်ကိုု ဆွေးနွေမည့် အဓိပ္ပာယ်ရှိသော ဆွေးနွေးပွဲများလည်း ဖြစ်မလာသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို အားလုံး မည်သူမဆို လက်မှတ်ရေးထိုးရမည်ဟု တောင်းဆိုခြင်း ဖြစ်သည်။ ထိုစဉ်အတွင်း ပဋိပက္ခတွင် ပါဝင်သူ အားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၍ လက်နက်ချပြီး ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်လာကာ စီးပွားရေး အကျိုးခံစားရန် စစ်တပ် ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပြန်သည်။

ဘိန်းမှောင်ခိုချသော ပြည်သူ့စစ် တပ်မှူးများသည် ၂၀၁၀ ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လက်မှတ်ဖြင့် ဒေသဆိုင်ရာနှင့် အမျိုးသားအဆင့် လွှတ်တော်များသို့ ရွေးကောက်ခံခဲရသည်မှာလည်း လျှို့ဝှက်ချက် မဟုတ်ပေ။ ယနေ့ ဘိန်းကုန်ကူးလုပ်ငန်းကို ထိန်းချုပ်ထားသူများမှာ ထိုပုဂ္ဂိုလ်များနှင့် အုပ်စုများသာ ဖြစ်ပြီး UWSA၊ MNDAA သို့မဟုတ် NDAA(ESS) တို့ မဟုတ်ကြပေ။ ထိုအဖွဲ့များသည် မူးယစ်ကုန်သွယ်မှုများဖြင့် စီးပွားရေး လုပ်ငန်းများ တည်ဆောက်ခဲ့ပြီးနောက် ကာစီနို၊ လူသုံးကုန်၊ နယ်စပ်ကုန်သွယ်ရေးနှင့် သံဖြူနှင့် ရှားပါးသတ္တု တရုတ်သို့ ရောင်းခြင်းစသည့် လုပ်ငန်းများသို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြသည်။

ယခင်က မအောင်မြင်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ယခုအကြိမ် ကွာခြားချက်မှာ ရန်ပုံငွေနှင့် အာရုံစိုက်ခံရခြင်း များကို အပြင်းအထန် ဆွေးနွေးနေသော ပြည်ပမှ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ပါဝင်လာခြင်းသာ ဖြစ်သည်။ သို့သော် ရန်ကုန်အခြေစိုက် ပြည်ပသုတေသီက “ပြည်ပမှ ဆွေးနွေးသူများသည် တပ်မတော်၏ ခေါင်းမာသော အယူအဆကိုသာ လက်တွေ့အကောင်အထည် ဖော်ပြီး အရာရာသည် စီးပွားရေး အကျိုးစီးပွားသာ ဖြစ်သည်ဟု ဆိုကာ လူမျိုးစုများ၏ နစ်နာချက်များကို နားလည်အောင် ကြိုးစားရန် လျစ်လျူရှု နေကြသည်၊ ဤအယူအဆမှာ ရန်ကုန်ရှိ အနောက်တိုင်း သံတမန်များ၏ အပ်ကြောင်းထပ်နေသော အယူအဆ ဖြစ်သည်” ဟု ဆိုသည်။

ပြည်ပမှ အကြံဉာဏ် ရယူခြင်းနှင့် အခြားနိုင်ငံများ၏ အတွေ့အကြုံကို လေ့လာခြင်းမှာ လုံးလုံး အလဟသ ဖြစ်သည်တော့ မဟုတ်ပေ။ သို့သော် ပြည်ပထည့်ဝင်မှုကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထည့်သွင်းပုံမှာ ငြိမ်းချမ်းရေးနှင့် အနည်းငယ်မျပင် မနီးစပ်စေပါ။ ပို၍ ဆိုးသည်မှာ ဤလုပ်ရပ်သည် လက်နက်ကိုင်နှင့် လက်နက် မကိုင်သော လူမျိုးစု အုပ်စုများနှင့် ရပ်ရွာများကို စတေးပြီး တပ်မတော်ကို ယခင်က သူတို့တွင် မရှိသည့် လေးစားခံရမှုနှင့် တရားဝင်မှု ပေးလိုက်ခြင်းပင် ဖြစ်သည်။

အကြွင်းမဲ့ လက်နက်ချ၊ ပြန်လည်ထူထောင်ပေးမည်၊ စီးပွားရေးအခွင့်အရေး ပေးမည်ဟူသော သံသရာကို ချိုးဖျက်ရန် ဆိုလျှင် လုံးဝသစ်လွင်သော ချဉ်းကပ်ပုံသစ် လိုအပ်နေသည်မှာ အားလုံး အတွက် ထင်ရှားလွန်းလှပေသည်။ ဤနည်းလမ်းသစ်တွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများ ပါဝင်ရမည်။ လွန်ခဲ့သော သြဂုတ်လက နေပြည်တော်တွင် ပြုလုပ်သကဲ့သို့သော ခန်းမကျယ်ကြီး အတွင်း တောက်ပသော ဝတ်စုံများဖြင့် ထိုင်ပြီး မိန့်ခွန်းများ နာခံနေကြသော လူမျိုးစုကိုယ်စားလှယ် ဒါဇင်များစွာ ပါဝင်သော အစည်းအဝေးမျိုးဖြင့် မလုံလောက်ပါ။
စစ်မျက်နှာ အားလုံးတွင် တိုက်ပွဲများ ရပ်ရမည်။ ၁၉၅၀ မှ ၁၉၉၀ ခုနှစ်များ အတွင်း ဖြစ်ရပ်များ တပတ် ပြန်မလည် မှသာ အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်နိုင်မည်။ မြန်မာ့လူမျိုးစု ပဋိက္ခသည် နိုင်ငံရေး အဖြေလိုသော နိုင်ငံရေးပြဿနာ ဖြစ်သည်။ လက်ရှိငြိမ်းချမ်းရေး ပြဇာတ်ကြီးမှာ အနာဂတ် ကပ်ဆိုးကြုံမည့် ပုံသေနည်း ဖြစ်နေတော့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ Burma’s Misguided Peace Process Needs a Fresh Start ကို ဘာသာပြန်သည်)

Your Thoughts …
Tags: ၂၁ ရာစု ပင်လုံ
ဘာတီး(လ် )လင့်တနာ

ဘာတီး(လ် )လင့်တနာ

Contributor

Similar Picks:

၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်မှ သဘောမတူလျင် ပြင်ဆင်၍ မရပေ / Reuters

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ဘယ်လိုရှင်းကြမလဲ

by မောင်မောင်စိုး
23 August 2018
8.3k

အချိန်ကာလတခု ကြာသည်အထိ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း မပြုပါက မြန်မာပြည် နိုင်ငံရေးတွင် "အခြေခံဥပဒေ အကျပ်အတည်း " ပြန်လည်ဖြစ်လာနိုင်သည်

ရှေးခေတ် မြန်မာဘုရင်ရုပ် ၃ ရုပ် နောက်ခံဖြင့် နေပြည်တော် စစ်ရေးပြ အခမ်းအနားကို ၂၀၁၆ မတ်လ ၂၇ ရက်က တွေ့ရစဉ် / Reuters

ငြိမ်းချမ်းရေးအတွက် သမိုင်းအမြင်သစ် လိုအပ်သည်

by စိုင်းလတ်
1 September 2016
1.8k

အဖွဲ့ပေါင်းစုံအကြား တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် သမိုင်းပေး ပဋိပက္ခများ ဖြေရှင်းမည့် "သမိုင်းဝင်" ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေစဉ်ကာလ ရန်ကုန်တက္ကသိုလ်၌ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် သမိုင်းဘာသာရပ် တက်ရောက်မည့် ကျောင်းသားသစ် တယောက်မျှ မရှိ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့် လွင် / ဧရာဝတီ

ဗမာကို တိုင်းရင်းသားလို့ မမြင်တာ ပြဿနာ

by ချစ်မင်းထွန်း
29 July 2019
28.6k

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့်လွင်ကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားသည်။

UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းသို့ အဝင် စစ်ဆေးရေးဂိတ် / ဂျေပိုင် / ဧရာဝတီ

“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ကျိုင်းတုံကိုပါ ထည့်သွင်း တောင်းဆိုရန် ပြင်ဆင်

by နန်းလွင်နှင်းပွင့်
2 September 2016
1.7k

ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံဒေသကိုပါ ထည့်သွင်းပြီး ပြည်ထောင်စု ‘ဝ’ပြည် နယ် အဖြစ် သတ်မှတ်ပေးရန် နိုင်ငံရေး ဆွေးနွေးပွဲများ၌ အစိုးရထံ တောင်းဆိုသွားရေး ‘ဝ’ တာဝန်ရှိသူများက ပြင်ဆင် နေကြောင်း...

တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်မှ ပလောင် (တအာင်း) လူမျိုးတွေ နေထိုင်ကြတဲ့ တောင်ပေါ်ရွာ။ / ကျော်ခ / ဧရာဝတီ

၂၁ ရာစု ပင်လုံ ညီလာခံတွင် ပလောင် ကိုယ်ပိုင်ပြည်နယ် တောင်းဆိုမည်

by ခင်ဦးသာ
12 August 2016
1.2k

၂၁ ရာစု ပင်လုံ ညီလာခံ၌ ပလောင်ပြည်နယ် ရရှိရေး တင်ပြတောင်းဆိုသွားရန် အတွက် အလွှာပေါင်းစုံမှ ပလောင် လူမျိုး များ ပါဝင်သည့် နှီးနှော ဖလှယ်ပွဲ တခုကို သြဂုတ်လ ၂ ရက်မှ ၆...

နေပြည်တော်တွင် ကျင်းပသည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး  / ဧရာဝတီ

ငြိမ်းချမ်းရေး နှင့် လှေနံဓားထစ်ဝါဒ

by ဇင်လင်း
21 April 2019
13.4k

ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံကို ငြိမ်းချမ်းစေရန် ဆောင်ရွက်ရသည့် အလုပ်မှာ အလွန်ခက်ခဲသော တာဝန် ဖြစ်သည်။

Next Post
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒို စကားဝါ ခန်းမတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ သတင်းစာ ရှင်းလင်းပွဲ / သူဇာ / ဧရာဝတီ

ရန်ကုန် စက်မှုဇုန်များအနီး ပန်းလှိုင် နှင့် လှိုင်မြစ်အတွင်း အန္တရာယ်ရှိ ဓာတု ဓာတ်များ တွေ့ရှိ

ဗြိတိန်သားတွေရွေးတဲ့ ကြောက်လန့်စရာအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

ဗြိတိန်သားတွေရွေးတဲ့ ကြောက်လန့်စရာအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved