• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်သွေးကြွများ သမိုင်း

by ဘာတီး(လ် )လင့်တနာ
19 December 2016
in ဆောင်းပါး
A A
မောင်တောမြို့အတွင်း လုံခြုံရေးကင်းလှည့်နေသော တပ်မတော်သားများ / သော်ဟိန်းထက် / ဧရာဝတီ

မောင်တောမြို့အတွင်း လုံခြုံရေးကင်းလှည့်နေသော တပ်မတော်သားများ / သော်ဟိန်းထက် / ဧရာဝတီ

27.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံရှိ အခြားသော လူမျိုးစု ပဋိပက္ခ များထက် တမူထူးခြားနေပြီး ပြင်ပနိုင်ငံများ၏ အာရုံစိုက်မှုကို ရရှိစေသည်။ မြန်မာနိုင်ငံ အနောက်မြောက် အစွန်အဖျားမှ မွတ်စလင် အသိုက်အဝန်းများသည် “မျိုးတုန်းသတ်ဖြတ်မှု” နီးပါးဖြစ်နေသော “လူမျိုးသန့်စင်မှု”ကို ကြုံတွေ့ နေရခြင်း လား၊ သို့မဟုတ် နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေး အုပ်စု (International Crisis Group – ICG) မှ စာရေးဆရာ ၂ ဦးတို့က တိုင်းမ်မဂ္ဂဇင်းနှင့် ၎င်းတို့၏ ပိုမိုရှည်လျားေသော စာတမ်းတွင် ရေးသားထား သကဲ့သို့ “ကမ္ဘာ့ နောက်ဆုံးပေါ် မွတ်စလင် သူပုန်လက်သစ်” ဖြစ်ပါသလား။

မည်သို့ဆိုစေ ၂၀၁၂ ဇွန်လက စတင်ခဲ့သော ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များသည် ကြေကွဲစရာတခု ဖြစ်ပြီး အုံကြွမှု နှိမ်နှင်းရေး စစ်ဆင်မှုများ အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့များက ကျူးလွန်သော ပြင်းထန်သည့် လူ့အခွင်အရေး ချိုးဖောက်မှုဆိုင်ရာ ကျယ်ပြန့်သော စွပ်စွဲချက်များမှာလည်း ပျံ့နှံ့နေသည်။ ထိုနေရာကို ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများကမူ ရွာလုံးကျွတ် မီးရှို့ခံထားရသည်များကို ပြသနေပြီး အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်ရဲကင်းများကို စစ်သွေးကြွတို့က တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်က ကြားဝင်ဟန့်တားခဲ့ရာ ထောင်ချီသော ပြည်သူများမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြရသည်။

ရဲတပ်ဖွဲ့ဝင် ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ရဲကင်းများမှ လက်နက် ၅၀ ကျော်ကို လုယူသွားခဲ့ကြသော စစ်သွေးကြွများမှာ လက်နက် အပြည့်အစုံ မရှိသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများမှာမူ ကောင်းစွာချိတ်ဆက် လှုပ်ရှားကြခြင်း ဖြစ်ပြီး အခြေခံစစ်ရေး ပရိယာယ်များကို ကောင်းစွာ နားလည်ကြောင်း ပြသသည့် ရှင်းလင်းသည့် လက္ခဏာများ ရှိသည်။ ထိုကြောင့် ရိုဟင်ဂျာဟု သိကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များသည် နိုင်ငံတကာ မီဒီယာများက မကြာခဏ ဖော်ပြကြသကဲ့သို့ ကမ္ဘာ့အဖိနှိပ် အခံရဆုံးသော လူမျိုးစုဖြစ်သည် ဟူသော အချက်ထက်ပို၍ နက်ရှိုင်းသည့် ဝိရောဓိ ရှိနေသည်ဟု ယူဆလျှင် ဆီလျှော်သည်။

ဒေသခံများခံစားနေရသော ဒုက္ခများကို လျှစ်လျှူ မရှုသော်လည်း ဤဒေသတွင် စနစ်ကျသည့် အစ္စလမ်မစ် စစ်သွေးကြွမှု ပေါ်ပေါက်လာနေသည် ဟူသည့် ပိုမိုများပြားသော အထောက်အထားများ ထွက်ပေါ်လာနေပြီ။ စစ်တပ်၏ ပြင်းထန်သော တုံ့ပြန်မှုသည် ကျယ်ပြန့်သော အကျိုးဆက်များ ရှိလာနိုင်သည်။ “အာဏာပိုင်တွေက မီးနဲ့ ကစားနေကြတယ်” ဟု ဤကိစ္စနှင့် အကျွမ်းတဝင်ရှိသော သံတမန်တဦးက ပြောသည်။ “မွတ်စလင်လောကမှာ ဒီစစ်သွေးကြွတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကရုဏာသက်နေကြတယ်” ဟုလည်း ၎င်းက ပြောသည်။ တဖန် ICG ၏ အဆိုအရ ပြောရလျှင် စနစ်တကျ မကိုင်တွယ်ပါက ပြင်ပထောက်ခံမှုဖြင့် ဘာသာရေး အုံကြွမှုသစ်၏ နိဒါန်းဖြစ်လာနိုင်သည်။

ဤပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကခေါင်းဆောင်မှာ ပါကစ္စတန်ဖွား Abdus Qadoos Burmi ဖြစ်သည်ဟု ဆိုသည်။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် အခြေစိုက်ပြီး သူသည် လူမှုကွန်ယက်တွင် လွန်စွာပျံ့နှံ့နေသော ဗီဒီယိုတွင် ပါဝင်သလို သူ၏ အဖွဲ့ Harkat ul Jihad Islami-Arakan (HUJI-A) မှ ထုတ်ဝေသော စာစောင်တွင်လည်း ပါဝင်သည်။ ထိုအဖွဲ့သည် အာရဗီဘာသာဖြင့် ယုံကြည်ကိုးကွယ်ရေး လှုပ်ရှားမှု ဟုခေါ်သော Harakah al-Yaqin အမည်ရှိ ပိုမို အင်အားကြီးသည့် အဖွဲ့၏ အစိတ်အပိုင်း ဖြစ်နိုင်သည်။ ရခိုင်ပြည်နယ်မှ မိဘများက ပါကစ္စတန်တွင် မွေးဖွားသော Qadoos Burmi သည် Lashkar-e-Taiba (LeT) မှန်ကန်သူတို့၏ တပ်ဖွဲ့နှင့် ၎င်း၏ နိုင်ငံရေး အဖွဲ့အစည်း Jamat ud Dawah (JuD) တို့နှင့် နီးစပ်သူဟု ဖော်ပြကြသည်။ ထို ၂ ဖွဲ့လုံးကို ပါကစ္စတန်တွင် ပိတ်ပင်ထားသော်လည်း အနည်းနှင့် အများဆိုသလို ပြောင်ကျကျပင် ဆက်လက် လှုပ်ရှားနေကြသည်။ ဝီကီလိက ဖွင့်ချခဲ့သော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ အမေရိကန် သံတမန် ကြေးနန်းတွင်ပင် LeT နှင့် ၎င်း၏ အခြားအမည် JuD တို့သည် နိုင်ငံတကာ အကြမ်းဖက် ကွန်ရက် al-Qaida ၏ လက်အောက်ခံ ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများ အတွက် ရန်ပုံငွေကို ဆော်ဒီအာရေးဗီးယာမှ အလှူဒါန အဖွဲ့ဟု ခေါ်သော အဖွဲ့များမှ ရရှိသည်ဟု ပါရှိသည်။

၂၀၁၂ ခုနှစ် ဇွန်လ ပထမ အကြိမ် အကြမ်းဖက်မှုများ အပြီး မကြာမီတွင် LeT နှင့် JuD တို့သည် ရိုဟင်ဂျာ ပြဿနာကို မီးမောင်း ထိုးပြရန် Difa-e-Musalman e-Arakan Conference ခေါ် လှုပ်ရှားမှုတခု ပြုလုပ်သည်။ ထိုနှစ် သြဂုတ်လတွင် ထောက်လှမ်းရေး သတင်းများက Shahid Mahmood နှင့် Nadeem Awan ဟု ဖော်ပြသော JuD မှ ထိပ်တန်းလှုပ်ရှားသူ နှစ်ဦးတို့သည် မြန်မာနယ်စပ်ရှိ စခန်းများမှ ရိုဟင်ဂျာများနှင့် ဆက်သွယ်ရန် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ကြသည်။ ဘာသာရေးနှင့် စစ်ပုံစံ သင်တန်းအချို့ ပေးခဲ့သည်ဟု ဆိုသည်။ တချိန်တည်းမှာပင် LeT နှင့် ဆက်စပ်သော လှုပ်ရှားသူများသည် ထိုင်းနိုင်ငံ မဲဆောက်ဒေသသို့ သွားရောက်ကာ စစ်သွေးကြွ ဖြစ်နိုင်သူများကို လေ့ကျင့်သင်တန်း ပေးခဲ့သည်။

ရိုဟင်ဂျာ ထောက်ခံရေး လှုပ်ရှားမှုများသည် လူမှုကွန်ရက် ဆိုရှယ်မီဒီယာကို အသုံးပြုကာ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့များက ကျူးလွန်သည်ဟု စွပ်စွဲသော ရက်စက်သည့် ကျူးလွန်မှုများကို ပြသည့် ဓာတ်ပုံများ၊ ဗီဒီယိုများကို ဖြန့်ချိရင်း မအားလပ်နိုင်တော့ပေ။ ရက်စက်ကြမ်းကြုတ်မှုများ ရှိသည်ကို မငြင်းဆန်သော်လည်း ဝါရင့် လူ့အခွင့်အရေး လေ့လာသူ များမှာ ထိုဒေသမှ လာသော ဓာတ်ပုံအတုများ အကြီးအကျယ် ဖြန့်ချိနေခြင်းကြောင့် အံ့သြတုန်လှုပ်ခဲ့ကြရသည်။ မကြာသေးမီကပင် ကမ္ဘောဒီယား ကလေးငယ်တဦးကို ဒတ်ချ်တဦးနှင့် ကမ္ဘောဒီးယား နှစ်ဦးတို့ နှိပ်စက်နေသောပုံကို ဗြိတိန်သတင်းစာ ဒေးလီးမေးလ် (the Daily Mail) က ရိုဟင်ဂျာကလေးငယ်ကို မြန်မာစစ်သားများ နှိပ်စက်နေပုံ အဖြစ် ဖော်ပြခဲ့သည်။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းတွင် သေဆုံးသူများ၊ ၂၀၀၈ ခုနှစ် မေလက တရုတ်နိုင်ငံ စီချွမ်ငလျင်တွင် သေဆုံးသူများ၏ ဓာတ်ပုံများကိုလည်း ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်မှု အထောက်အထားများ အဖြစ် ဖြန့်ချိကြသည်။ နိုင်ဂျီးရီးယား စစ်သွေးကြွများက ကွင်းပြင်တွင် ထားပြီး သတ်ဖြတ်ခံသော ခရစ်ယာန်များ၏ ပုံကိုလည်း ရိုဟင်ဂျာများ သေဆုံးနေပုံဟု ပြောကြသည်။ ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသော မွတ်စလင်တဦး၏ ပုံကိုပင် ရခိုင်ပြည်နယ် အကြမ်းဖက်မှု၏ သားကောင်ဟု ဆိုကြသည်။

ရခိုင်ပြည်နယ်မှ မီးရှို့ခံရသော ရွာများ၏ ဓာတ်ပုံအစစ်များကို ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) နှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ခိုင်မာသော သတင်းများမှာ လုပ်ကြံ ဇာတ်လမ်းများနှင့် မှန်ကန်သော အချက်အလက်ကို ခွဲခြားရန် လွန်စွာ ဂရုစိုက်လာခဲ့ရသည်။ ၎င်းတို့ထံ ပေးပို့နေသော ဓာတ်ပုံနှင့် ဗီဒီယို အများအပြားမှာ သိသာသော အတုများ ဖြစ်သည်ဟု ၁၅ နှစ်မျှ HRW အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများ လိုက်ပေးနေသော David Mathieson ၏ အဆိုအရ သိရသည်။ အချို့သော ရိုဟင်ဂျာ ထောက်ခံရေး အုပ်စုများသည် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် HRW ကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့်အရေး အဖွဲ့များ၏ လုပ်ငန်းများကို လက်တွေ့တွင် ထိခိုက်စေသည်ဟု ၎င်းက ဆိုသည်။ “ လေးနက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာတခုကို ပုတ်ခတ်ပြောဆိုဖို့၊ ပညာရှင်တွေရဲ့ အစီရင်ခံစာကို အယုံအကြည် ကင်းမဲ့စေဖို့ သတင်းမှားတွေက မီးထိုးပေးတယ်” ဟုလည် David Mathieson က ဆက်ပြောသည်။ “ရှုပ်ထွေးတဲ့ လူ့အခွင့်အရေး သတင်းအချက်အလက်တွေ ထုတ်လွှင့်ဖို့ ဆိုရှယ်မီဒီယာကို စင်မြင့် အဖြစ် အလွဲသုံးစား လုပ်လို့ ရတာကို ပြနေပြီး အသုံးပြုသူတွေ အနေနဲ့ သတင်းတွေ၊ ပုံတွေတွေ့တာနဲ့ ချက်ခြင်း ထိခိုက်တုံ့ပြန်မယ့် အစား မှန်-မမှန် စိစစ် မေးခွန်းထုတ်ဖို့ လိုတယ်။ လူတွေက အကျပ်အတည်း ကြုံရင် သူတို့ရဲ့ စိတ်ခံစားမှုက တဖက်သတ် ပေါက်ကွဲ ကြပြီး မျှတတဲ့ သတင်းအချက်အလက် အပေါ်မှာ အခြေမခံ ကြတော့ဘူး” ဟုလည်း ၎င်းက ပြောသည်။

တိကျသော သတင်းနှင့် ကောလာဟလ အပါအဝင် ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတကာ မီဒီယာ၏ အဓိက အာရုံစိုက်ရာ ဖြစ်နေသဖြင့် ပြည်ပ သတင်းထောက် အများအပြားမှာ မြန်မာ၏ လူမျိုးစု ပဋိပက္ခများနှင့် ရိုဟင်ဂျာ ပြဿနာကို တန်းတူ ထားလာကြစဉ် တချိန်တည်းမှာပင် နိုင်ငံမြောက်ပိုင်း၌ အစိုးရတပ်များနှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အများ အပြား ကြားတွင် ပိုမိုပြင်းထန် ကြီးမားသော ပြည်တွင်းစစ် မီးဟုန်းဟုန်း တောက်နေသည်။ ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုခဲ့သော ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှာ ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ခိုက်ခံနေရသည်။ လူ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရပြီး ကချင်ပြည်နယ် ရှိ ယာယီတဲ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရသည်။ KIA စခန်းများနှင့် အရပ်သားကျေးရွာများမှာ ဗုံးကြဲတိုက်ခိုက် ခံနေရသည်။ ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အစိုးရတပ်များနှင့် KIA ၊ ပလောင်၊ ကိုးကန့်၊ ရှမ်းတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ ၁၉၈၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်သော ထိုစစ်ပွဲတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ အမြောက်ကြီးများကို အသုံးပြု တိုက်ခိုက်နေသည်။ တချိန်တည်းတွင် အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ကြေညာထားသည်။ မြန်မာသတင်းထောက်များက မိတ်ဆွေ နိုင်ငံခြား သတင်းထောက်များအား ၎င်းတို့သည် နိုင်ငံ၏ ဆယ်စုနှစ် များစွာကြာပြီဖြစ်သော လူမျိုးစုပြဿနာကို သတင်းယူနေသည် ဟု ပြောလျှင် နိုင်ငံခြားသတင်းထောက်များက “ဒါဆို ခင်ဗျား ရိုဟင်ဂျာကိစ္စ ရေးနေတာလား” ဟု ပြန်မေးတတ်ကြ သည်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် မြောက်ပိုင်းကိစ္စ ကဲ့သို့ တင်းပြည့်ကျပ်ပြည့် ပုန်ကန်မှု ဖြစ်လာမည်မှာ မသေချာသေး သကဲ့သု့ိ ထိုကိစ္စသည် ဒေသခံစစ်သွေးကြွများ အနေဖြင့် ပြည်ပမဟာမိတ်များထံမှ မည်သို့သော အကူအညီ ရယူနိုင်မည် ဆိုသည့် အချက်ပေါ်လည်း မှီတည်နေသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင် လွှမ်းမိုးသော မြို့နယ်များတွင် စစ်သွေးကြွ လှုပ်ရှားမှုများမှာ ထူးထူးခြားခြား အောင်မြင်မှု မရှိလှပေ။ ဤဒေသတွင် ပထမဆုံးသော မွတ်စလင် ခုခံရေးတပ်ဖွဲ့ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံလွတ်လပ်ရေး မရမီ ၁၉၄၇ ခုနှစ်သြဂုတ်လ ၂၀ ရက်နေ့တွင် ဘူးသီးတောင်၌ ဖွဲ့စည်းခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ Jafar Hussain ခေါ် Jafar Kawwal သည် ဒေသခံ လူသိများသော အဆိုတော် ဖြစ်ပြီး သူသည် ထိုဒေသကို ထိုစဉ်က လွတ်လပ်ရေး ရကာစက ပါကစ္စတန်နှင့် ပေါင်းလိုသည်။ အန္ဒိယက ပိုင်းခြားထားသော အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်တို့ ပါဝင်သည့် ပါကစ္စတန် နိုင်ငံသည် ၁၉၄၇ ခုနှစ်သြဂုတ်လ ၁၄ ရက်တွင် လွတ်လပ်ရေး ရသည်။ အန္ဒိယသည် သြဂုတ်လ ၁၅ ရက်နေ့တွင် လွတ်လပ်ရေး ရသည်။ ယခင်က အန္ဒိယ၏ အရှေ့ဘင်္ဂလား ပြည်နယ်ဖြစ်သော အရှေ့ပါကစ္စတန်သည် ၁၉၇၁ ခုနှစ်တွင် ခွဲထွက်ပြီးဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖြစ်လာသည်။

ပထမဆုံး ပုန်ကန်မှုသည် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ သို့သော် ပါကစ္စတန်က ထိုသူပုန်တို့၏ တောင်းဆိုမှုကို လက်မခံကြောင်း သေချာသောအခါ ၎င်းတို့က ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုကြသည်။ မြန်မာမွတ်စလင် ခေါင်းဆောင်များကလည်း ၎င်းတို့သည် အနောက်ဘက် နယ်စပ်မှ သူပုန်များကို မထောက်ခံကြောင်း ကြေညာကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရသော အမျိုးသားခေါင်းဆောင်တဦး ဖြစ်သူ မွတ်စလင်ဘာသာဝင် ဦးရာဇတ် ကလည်း ၁၉၄၆ ခုနှစ်မေလ ၂၀ ရက်နေ့ကပင် စာနယ်ဇင်းများ၌ ထိုအဆိုပြု ပါကစ္စတန်ပြည်နယ်ကို မထောက်ခံဘဲ နိုင်ငံရှိ မွတ်စလင်အသိုင်းအဝိုင်းကို သတိပေးချက် တစောင်ရေးသား ထုတ်ဝေသည်။ ဦးရာဇတ်က မြန်မာမွတ်စလင်များသည် ၎င်းတို့ မွေးဖွားရာ နိုင်ငံတွင် ခိုင်မာလေးစားစရာ အသိုင်းအဝန်း ဖြစ်စေလိုသည်။ ထိုမှစ၍ ဤအယူအဆသည် မြန်မာမွတ်စလင်များ၏ ရပ်တည်ချက် ဖြစ်လာသည်။ ယခုရခိုင်ပြည်နယ်တွင် ဖြစ်လာသော မွတ်စလင်ခွဲထွက်ရေးနှင့် လက်နက်ကိုင် အုံကြွမှုမှာ ထိုဒေသမှ မြို့နယ်များတွင်သာ ဖြစ်ခဲ့သည်။

အုံကြွမှု၏ခေါင်းဆောင် Jafar Hussain မှာ ၁၉၅၀ တွင် လုပ်ကြံခံရပြီး Cassim ဆိုသူက သူ့ကို ဆက်ခံသည်။ ထိုအုံကြွမှုမှာ ၁၉၅၄ ခုနှစ် မုတ်သုန် စစ်ဆင်ရေး အပြီး ၁၉၅၀ ခုနှစ်များ အလယ်လောက်တွင် ငြိမ်သက်သွားသည်။ ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးလက်ကျန် သူပုန်အနည်းငယ်သည် အစိုးရနှင့် သဘောတူညီချက် ရပြီး လက်နက်ချသည်။ ၎င်းတို့သည် မေယုနယ်ခြား အုပ်ချုပ်ရေးဒေသဟု ခေါ်သော ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ရရှိတော့မည် ဖြစ်သည်။

ထိုအစောပိုင်း သူပုန်များသည် ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာများဟု မခေါ်ကြဘဲ မူဂျာဟစ်များဟု ခေါ်ကြသည်။ ၁၉၅၀ ခုနှစ်များ နှောင်းပိုင်းအထိ ရိုဟင်ဂျာဟူသော အမည်ကို မသုံးသေးဘဲ အစိုးရကလည်း ထိုသတ်မှတ်ချက်ကို အသိအမှတ် မပြုသေးပေ။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်အိမ်စောင့်အစိုးရကို ၁၉၅၈ ခုနှစ်က အာဏာလွှဲပေးရန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားခဲ့သော ဦးနုက ၁၉၆၀ ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံသောအခါ မွတ်စလင်မဲ လိုချင်သော ကြောင့် မေယုနယ်ခြား အုပ်ချုပ်ရေးဒေသကို ဖန်တီးခဲ့ပြီး ရိုဟင်ဂျာဟူသော အမည်ကိုလည်း အသိအမှတ် ပြုခဲ့သည်။

ရိုဟင်ဂျာ ဟူသော စကားလုံး၏ အစမူရင်းနှင့် အဓိပ္ပာယ်မှာလည်း မရေရာချေ။ ရိုဟင်ဂျာ ထောက်ခံရေး အုပ်စုများကမူ စကော့လူမျိုး ပထဝီ၊ ရုက္ခဗေဒနှင့် သတ္တဗေဒပညာရှင် Francis Buchanan-Hamilton ၏ စာပေများကို ကိုးကားကြသည်။ သူက ယခုရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒေသတွင် Rooinga ဟုခေါ်သော သူများ နေထိုင်ကြောင်း ၁၇၉၉ ခုနှစ်တွင် ရေးသားခဲ့သည်။ ထို Rooinga များသည် ယနေ့ ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟု ခေါ်ကြသော သူများ ဟုတ် မဟုတ်မှာလည်း သေချာရန် အလှမ်း ဝေးလှသည်။ ယနေ့တိုင် မြန်မာမွတ်စလင်များနှင့် ပတ်သက်၍ အကောင်းဆုံး ကျမ်းရင်းများ အနက် တခု ဖြစ်နေသေးသော ၁၉၇၂ ခုနှစ်က ဂျာမဏီတွင်ထုတ်ဝေသည့် မြန်မာနိုင်ငံမှ မွတ်စလင်များ- လူမျိုးစုတခုကို လေ့လာခြင်း The Muslims of Burma: A Study of a Minority Group ကိုု ရေးသားသူ Moshe Yegar ၏ အဆိုအရ ရိုဟင်ဂျာဟူသော စကား၏ အဓိပ္ပာယ်မှာ မေတ္တာပြည့်ဝသူများ “the compassionate ones” ဟူ၍ ဖြစ်နိုင်သည်၊ သို့မဟုတ် ရွာဟောင်းက ကျား “rwa-haung-ga-kyar” ဟူသော စကားက အဆင့်ဆင့် ပြောင်းလဲလာခြင်း ဖြစ်နိုင်သည် ဟု ဆိုသည်။ ရွာဟောင်းက ကျား ဟူသော စကားမှာ ရဲရင့်သူများဟု အဓိပ္ပာယ်ရပြီး ၁၇၈၀ ခုနှစ်က ထိုဒေသကို ဗမာသိမ်းပိုက်ပြီးနောက် ဒေသခံ မွတ်စလင် စစ်သားများကို ပေးထားသော အမည် ဖြစ်သည်။ ၁၇၈၄ ခုနှစ်အထိ ရခိုင်သည် သီးခြား လွတ်လပ်သော ဘုရင့်နိုင်ငံ ဖြစ်ပြီး ဗမာဘုရင်ဘိုးတော်ဘုရားသည် ထိုဒေသကို သိမ်းရန် သူ၏ မွတ်စလင်စစ်သားများကို သုံးခဲ့သည်။ ထိုအယူအဆ မှန်ကန်ပါက ၁၇၉၉ ခုနှစ်က Rooinga များနှင့် ဘင်္ဂလီစကား၏ စစ်တကောင်း ဒေသိယစကား ပြောသော ယနေ့ ရိုဟင်ဂျာများကြား ဆက်စပ်မှု မရှိပေ။ ထိုဒေသတွင် ကျန်ခဲ့သော ထိုမွတ်စလင်စစ်သားများသည် မကြာမီ မြန်မာအမည်များ သုံးလာကြပြီး ၎င်းတို့မှ ဆင်းသက်လာသူများသည် ၎င်းတို့၏ ဘာသာကို ဆက်လက်ကိုးကွယ်စေကာမူ မြန်မာစကား သို့မဟုတ် ရခိုင်ဒေသိယစကားကို သုံးကြသည်။

စစ်တွေနှင့် စစ်တကောင်းကြား ဒေသသည် ထုံးစံအားဖြင့် အန္ဒိယတိုက်ငယ် အဆုံး အရှေ့တောင်အာရှဒေသ စတင်ရာ နယ်စပ်ဒေသ ဖြစ်ကာ ယခုမြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် နှစ်ဖက်စလုံးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ ယခင်ပင် နေထိုင်ကြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဗုဒ္ဓဘာသာများက ရခိုင်ဒေသိယစကားကို ပြောကြပြီး ၎င်းတို့ို ၁၉၄၀ ခုနှစ်များ နှောင်းပိုင်းတွင် Bohmong စော်ဘွား မောင်ရွှေဖြူ ထွင်သည့် စကားအတိုင်း မာရ်မ Marma ဟုခေါ်သည်။ မာရ်မ ဆိုသည်မှာ မြန်မာကို ရခိုင်သံဖြင့် ခေါ်သော အသံဖြစ်သည်။ ရခိုင်စကားတွင် မြန်မာစံဘာသာစကားနှင့် မတူ၊ ယပက်လက်သံ (Ya) ကို ရကောက်သံ (R) ဖြင့် အသံထွက်ကြသည်။ ပါကစ္စတန်နှင့် မြန်မာတို့ လွတ်လပ်ရေး ရပြီးနောက် နှစ်နိုင်ငံ နယ်ခြားမှာ နိုင်ငံတကာ နယ်ခြားမျဉ်း ဖြစ်လာပြီး လူမျိုးစုအမည် စရိုက်လက္ခဏာများ အရေးပါလာသည်။ အရှေ့ပါကစ္စတန်မှ ရခိုင်ဗုဒ္ဓဘာသာများက ၎င်းတို့သည် မာရ်မ ဖြစ်သည်ဟု ဆုံးဖြတ်ကြပြီးနောက် ဆယ်စုနှစ် ၁ ခု ကြာသောအခါ ဗြိသိသျှခေတ် တလျှောက်လုံး စစ်တကောင်းသား Chittagonians ဟု သတ်မှတ်ခံရသော ရခိုင် အနောက်မြောက်ပိုင်းမှ မွတ်စလင်များက ရိုဟင်ဂျာအမည်ကို ပြန်လည် အသက်သွင်းကြကာ အဓိပ္ပာယ်သစ် ဖွင့်ကြသည်။ အရှေ့ပါကစ္စတန်/ဘင်္ဂလားဒေ့ရှ်မှ မာရ်မ များသည် ထိုနိုင်ငံ၏ နိုင်ငံသားများ ဖြစ်လာကြသော်လည်း ရိုဟင်ဂျာများမှာ ၎င်းတို့ နေသော နေရာတွင် ထိုအဆင့်အတန်း မရခဲ့ပေ။ ၎င်းတို့ အများစုသည် ဗြိသိသျှခေတ် တလျှောက်လုံး ထိုနေရာတွင် အခြေချခဲ့ကြသော်လည်း ရခိုင်နှင့် မြန်မာတက်ကြွလှုပ်ရှားသူ အများစုက ၎င်းတိုကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် လာရောက်ခြေချသူ ဘင်ဂါလီများဟု ခေါ်ကြသည်။

လူ့အဖွဲ့အစည်း နှစ်ခုအကြား ကာလရှည်ကြာစွာ ဖြစ်ပေါ်နေခဲ့သော ပွတ်တိုက်မှုများသည် ၁၉၄၀ ခုနှစ်များက ဂျပန်ခေတ် အတွင်း လွန်စွာ ပြင်းထန်လာသည်။ ရခိုင်ဗုဒ္ဓဘာသာများက ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့လွတ်မြောက်ရေး တပ်မတော်နှင့် ဂျပန်ဘက်မှ ရပ်ပြီး စစ်တကောင်းသား မွတ်စလင် အားလုံးနီးပါးကမူ ၎င်းတို့ကို Mugh ခေါ် ရခိုင်ဖိနှိပ်မှုမှ အကာအကွယ် ပေးသော ဗြိသိသျှတို့ကို သစ္စာခံကြသည်ဟု C.E. Lucas Phillips ရေးသားသည့် The Raiders of Arakan စာအုပ်အရ သိရသည်။ ထို အသိုင်းအဝိုင်း နှစ်ခုလုံးတို့သည် တဖက်နှင့် တဖက် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြပြီး စစ်ကြီးပြီးသော အခါ ၅၀၀၀၀ သို့မဟုတ် ၈၀၀၀၀ အထိ ရှိသော စစ်တကောင်းသားများသည် အရှေ့ဘင်္ဂလားသို့ ထွက်ပြေးကြကာ ၎င်းတို့ကို စခန်းများတွင် ချုပ်နှောင်ထားသည်။ လွတ်လပ်ရေး ရပြီးသောအခါတွင်လည်း ပြန်မလာကြတော့ဘဲ အများအပြားသည် အနောက်ပါကစ္စတန်သို့ ဆက်သွားပြီး ကရာချိမြို့တွင်းနှင့် အနီးအပါးတွင် အခြေချသည်။ နောင် ၁၉၅၀ ခုနှစ်များတွင် အချို့သည် ယနေ့ စစ်သွေးကြွများကို ထောက်ခံအားပေးနေသည့် ကြီးမားသော ပြည်ပြေး အသိုင်းအဝိုင်း၏ နိဒါန်းဖြစ်သော ယခု အာရပ်စော်ဘွားများနိုင်ငံဟုခေါ်သော Sharjah သို့ ဆက်သွားကြသည်။

ဗိုလ်ချုပ်နေဝင်းကို အာဏာနောက်တကြိမ်နှင့် အပိုင်စား ရသွားစေသော ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုသည် မေယုနယ်ခြား ဒေသအုပ်ချုပ်ရေး အဖွဲ့၏ နိဂုံးပင် ဖြစ်သည်။ ရိုဟင်ဂျာ ကျောင်းသားများ သမဂ္ဂနှင့် ရိုဟင်ဂျာ လူငယ်အဖွဲ့ချုပ် အပါအဝင် ရိုဟင်ဂျာ အဖွဲ့အစည်းအားလုံး မတရားသင်း ကြေညာခံရသည်။ ထို ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင် Mohammad Jafar Habib အပါအဝင် အချို့သော တက်ကြွလှုပ်ရှားသူများက ၁၉၆၃ မေလတွင် မြေအောက်သို့ ဝင်ရောက်သွားကြပြီး ရိုဟင်ဂျာလွတ်လပ်ရေး တပ်ဖွဲ့ (Rohingya Independence Force – RIF) ကို ထူထောင်ကာ ရိုဟင်ဂျာအမည်ကို ပထမဆုံး သုံးသော သူပုန်အဖွဲ့ ဖြစ်လာသည်။ ၎င်းအဖွဲ့သည် ၁၉၇၄ ခုနှစ်တွင် ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (Rohingya Patriotic Front – RPF) ဖြစ်လာသော်လည်း ယခင် RIF ကဲ့သို့ပင် မြန်မာနိုင်ငံတွင် သိပ်မလှုပ်ရှားနိုင်ခဲ့ဘဲ စစ်တကောင်းတွင် အခြေစိုက်ပြီး ရိုဟင်ဂျာတိုက်ပွဲနှင့် ပတ်သက်သော စာအုပ်စာတမ်းများ ထုတ်ဝေခဲ့သည်။

မြန်မာအစိုးရက တရားမဝင် လာရောက် နေထိုင်သူများကို စစ်ဆေးရန် ၁၉၇၈ ခုနှစ် မတ်လတွင် နဂါးမင်း စစ်ဆင်ရေးကို ပြုလုပ်သောအခါ ဤပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာက စိတ်ဝင်စားမှု ရရှိလာသည်။ ဇွန်လအရောက်တွင် အနည်းဆုံး ရိုဟင်ဂျာ ၂ သိန်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး နိုင်ငံတကာကန့်ကွက်မှုနှင့် ရင်ဆိုင်ရသည်။ နောက်ဆုံးတွင် ၎င်းတို့၏ အများစုကို ပြန်လည် ဝင်ရောက်ခွင့် ပေးရသော်လည်း ထောင်နှင့် ချီသော သူများမှာ ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်တွင် နေရခြင်းသည် ပိုမိုအန္တရာယ်ကင်းသည် ဟု ယူဆကြသည်။ အလွန်အမင်း ကြွယ်ဝချမ်းသာသော ဆော်ဒီအာရေးဗီးယား အလှူဒါနအဖွဲ့ Rabitat-al-Alam-al-Islami က ၁၉၇၈ ခုနှစ် အကျပ်အတည်းများ အတွင်း အကူအညီများ စတင်ပို့ပေးခဲ့ပြီး Cox’s Bazar ၏ တောင်ဘက် Ukhia တွင် ဆေးရုံတရုံ၊ ဗလီတခုနှင့် အစ္စလမ်ဘာသာရေး ကောလိပ်တခု ဆောက်ပေးခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
124
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186

ရလဒ်မှာ အဖွဲ့၏ ပိုမိုစစ်သွေးကြွသော အစိတ်အပိုင်းများသည် RPF မှ ခွဲထွက်ကြပြီး ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ (Rohingya Solidarity Organization – RSO) ကို ထူထောင်ကြသည်။ ရခိုင်ပြည်နယ်မှ ဆေးဆရာဝန် Muhammad Yunus ဦးဆောင်ပြီးနောက် ၎င်းအဖွဲ့သည် မကြာမီ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ အဖွဲ့အစည်းများ အနက် အဓိက အကျဆုံးနှင့် စစ်သွေးအကြွဆုံး အဖွဲ့အစည်း ဖြစ်လာသည်။ ၎င်း၏ ပိုမိုတင်းကျပ်သော ဘာသာရေးရပ်တည်မှုကြောင့် RSO သည် မကြာမီမှာပင် မွတ်စလင်လောကမှ အလားတူအဖွဲ့အစည်းများ၏ ထောက်ခံမှု ရလာသည်။ ထိုသို့ ထောက်ခံသော အဖွဲ့များတွင် ဘင်္ဂလားဒေ့ရှ်မှ အခြေခံဝါဒီ Jamaat-e-Islami နှင့် ၎င်းထက် ပိုမို အစွန်းရောက်သော လူငယ်အဖွဲ့ Islami Chhatra Shibir ၊ အာဖဂန်မှ Gulbuddin Hekmatyar ၏ Hizb-e-Islami အဖွဲ့၊ ကက်ရှ်မီးယားမှ Hizbe-ul Mujahideen နှင့် မလေးရှားမှ အစ္စလာမ်လူငယ်အဖွဲ့ Angkatan Belia Islam sa-Malaysia တို့ ပါဝင်သည်။ Ukhia အနီးရှိ RSO စခန်းများတွင် အာဖဂန် နည်းပြများကို တွေ့လာရပြီး RSO စစ်သွေးကြွ ၁၀၀ နီးပါး အာဖဂန်နစ္စတန်နိုင်ငံ Khost ပြည်နယ်တွင် Hizb-e-Islami စစ်သင်တန်း တက်ရန် သွားကြသည်။

RSO ခေါင်းထောင်ထလာခြင်းသည် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် ဒေသခံများကို နယ်စပ်ဖြတ်ကျော် ပြေးစေသော မြန်မာစစ်တပ်၏ အခြားသော စစ်ဆင်ရေးတခု ပြုလုပ်ချိန်နှင့် တိုက်ဆိုင်နေပြန်သည်။ ၁၉၉၂ ခုနှစ်ဧပြီလတွင် ရိုဟင်ဂျာ ၂၅၀၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေပြီး ဖြစ်ကာ ထိုစဉ်က ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ၏ ဆော်ဒီအာရေးဗီးယား တပ်မှူး ဖြစ်သူ မင်းသား Khaled Sultan Abdul Aziz သည် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒက္ကာသို့သွား ရောက်လည်ပတ်ပြီး ကူဝိတ်တွင် ပြုလုပ် သကဲ့သို့ သဲကန္တာရမုန်တိုင်း စစ်ဆင်ရေး (အမေရိကန်ဦးဆောင်သော ကူဝိတ်မှ အီရတ်များကို မောင်းထုတ်သည့် စစ်ဆင်ရေး အမည်) ပုံစံ စစ်ဆင်ရေးမျိုး မြန်မာနိုင်ငံတွင် ပြုလုပ်ရန် ပြောကြားသည်။ ထိုကိစ္စသည် လက်တွေ့ဖြစ်မလာဘဲ ကုလသမဂ္ဂ၏ ဖိအားကြောင့် မြန်မာသည်ဒုက္ခသည် အများစုကို ပြန်ခေါ်ရန် သဘောတူရသည်။

RSO သည် ဒေသမှောင်ခိုဈေးကွက်မှ အော်တိုမစ်တစ် ရိုင်ဖယ်များ၊ စက်သေနတ်များကဲ့သို့သော လက်နက်များနှင့် ရော့ကက် လောင်ချာများကဲ့သို့သော လက်နက်များလိုပြီး ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ် မီဒီယာများသည် နယ်စပ်အနီး သူပုန်အင်အား တည်ဆောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ သို့သော် RSO စခန်းများတွင် သင်တန်းတက်ကြသူများမှာ ရိုဟင်ဂျာများသာမကကြောင်း ထင်ရှားလာသည်။ အများအပြားမှာ ၎င်းတို့၏ စစ်သွေးကြွ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် RSO စခန်းများသို့ ရောက်လာသော Islami Chhatra Shibir အဖွဲ့ဝင်များ၊ စစ်တကောင်း တက္ကသိုလ်မှ လူများ ဖြစ်ကြသည်။ လက်တွေ့တွင် RSO သည် မြန်မာပြည်တွင် တိုက်ခိုက်မှုများတွင် မပါသလောက်ပင် ဖြစ်သည်။ ထိုစခန်းများမှ ဗီဒီယိုတိပ်များမှာ နောက်ပိုင်းတွင် ကဘူးရှိ အယ်လ်ကိုင်ဒါအဖွဲ့တွင် ပေါ်လာပြီး ၂၀၀၁ ခုနှစ်တွင် အမေရိကန်က အာဖဂန်ကို သိမ်းပြီးနောက် အမေရိကန် ကေဘယ်သတင်းရုပ်သံ CNN က ရရှိသည်။ ထိုဗီဒီယိုများကို အာရဗီဘာသာဖြင့် Burma ဟု အမှတ်အသားပြုပြီး ၂၀၀၂ သြဂုတ်လတွင် ကမ္ဘာတလွှားသို့ ပြသသည်။ ၎င်းတို့ကို တဖက်နယ်စပ် Ukhia တွင်ထက် မြန်မာနိုင်ငံအတွင်း ရိုက်ကူးသည်ဟု ပိုမိုယူဆရဖွယ် ရှိသည်။

ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အခြားနေရာများမှ စစ်သွေးကြွများသည် အခွင့်အရေး ဆုံးရှုံးနေသော ရိုဟင်ဂျာများကို အမြတ်ထုတ်ကြပြီး ၎င်းတို့ကို အာဖဂန်နှင့် ကမ္ဘာအနှံ့မှ အယ်ကိုင်ဒါများ အတွက် အသုံးတော်ခံ အဖြစ် ပြုလုပ်ခဲ့သည်မှာ သံသယ ရှိစရာမလိုပေ။ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကရာချိ အခြေစိုက် Ummat သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာတွင် အိုစမာဘင်လာဒင် ကိုယ်တိုင်က “ကမ္ဘာတဝှန်း နေရာအနှံ့ ဘော့စနီးယားက ဆူဒန်အထိ၊ မြန်မာနိုင်ငံကနေ ကက်ရှ်မီးယားအထိမှာ စိတ်ဓာတ် ပြင်းထန်တဲ့ ဂျီဟတ်ဝါဒီတွေ ရှိနေကြတယ်” ဟုပြောခဲ့သည်။ သူသည် Ukhia မှ RSO များကို ရည်ညွန်းပြောပုံရသည်။

ရိုဟင်ဂျာတပ်သားသစ် အများအပြားမှာ စစ်မြေပြင်တွင် အန္တရာယ် အများဆုံးအလုပ်များ၊ မိုင်းရှင်းခြင်းနှင့် ပေါ်တာအဖြစ် အခိုင်းခံကြရသည်။ ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုအရ ရိုဟင်ဂျာတပ်သားသစ်များကို ကနဦးတွင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၃ သောင်း (အမေရိကန်ဒေါ်လာ ၅၂၅ ဒေါ်လာ) ပေးပြီး တလလျှင် တာကာ ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၇၅၀ ဒေါ်လာ) ပေးသည်။ လူသစ်များကို နိပေါမှ ပါကစ္စတန်သို့ ပို့ဆောင်ပြီး လေ့ကျင့်ပေးကာ အာဖဂန်ရှိ စစ်စခန်းများသို့ ပို့သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများတွင် ပိုမိုအလယ်အလတ်ကျသူ အုပ်စုများလည်း ရှိပြီး ထိုသူများတွင် ရခိုင်ရိုဟင်ဂျာ အစ္စလမ်မစ် တပ်ဦး (Arakan Rohingya Islamic Front – ARIF) လည်း ပါဝင်သည်။ ၎င်းကို ၁၉၈၆ ခုနှစ်တွင် RPF ဟောင်း အကြွင်းအကျန်များနှင့် RSO မှ ထွက်ပြေးလာသူ လက်တဆုပ်စာကို စုစည်း တည်ထောင်ပြီး ရန်ကုန်တွင် ပညာသင်ကြားခဲ့သူ Nurul Islam က ဦးဆောင်သည်။ သို့သော် ထိုအဖွဲ့တွင် လက်နက်ဟောင်းများ တပ်ဆင်ထားသည့် တပ်ဖွဲ့လက်တဆုပ်စာထက် မည်သည့်အခါကမျှ ပိုမရှိခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်တွင်လည်း ကောင်းစွာ ခြေကုပ် မရခဲ့ပေ။ ၁၉၉၈ ခုနှစ်တွင်မူ ၎င်းသည် ရခိုင်ရိုဟင်ဂျာ အမျိုးသားအဖွဲ့ (Arakan Rohingya National Organization – ARNO) ဖြစ်လာပြီး အလယ်အလတ် ရပ်တည်မှုကို ထိန်းသိမ်းကာ စစ်တကောင်းနှင့် ကော့ဘဇားတွင် ပြည်ပြေးအဖြစ် ရပ်တည်ရုံသာ ရပ်တည်နိုင်သည်။

ယနေ့ခေတ်တွင်မူ ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ကို ပိုမိုထိန်းချုပ်လာသောကြောင့် RSO နှင့် ARIF/ARNO တို့မှာ အနည်းနှင့် အများ ဆိုသလို အလုပ်မဖြစ်တော့သော အဖွဲ့အစည်းများ ဖြစ်နေသည်။ သို့သော် မကြာသေးမီက ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုများသည် ပိုမိုစစ်သွေးကြွသော ရခိုင်ပြည်နယ်မှ စစ်သွေးကြွမျိုးဆက်တခု ပေါ်ပေါက်နေ ကြောင်း အထောက်အထား ပြသနေပြီး အောက်တိုဘာလက အကြီးအကျယ် လူထုလှုံ့ဆော်တိုက်ခိုက်မှုသည် မြန်မာနိုင်ငံသို့ လက်နက်ကိုင်များဖြင့် ပထမဆုံးဝင်ရောက်ရန် ကြိုးစားမှု မဟုတ်ကြောင်း ပြသနေသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလက စစ်သွေးကြွအုပ်စုများသည် မောင်တောရှိ နယ်ခြားစောင့် ရဲစခန်းများကို အသေအပျောက် များသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကို ပြည်တွင်း မီဒီယာများက ဖော်ပြခြင်း မရှိသလောက်ပင် ဖြစ်သည်။ အနည်းဆုံး ၄ ဦးနှင့် ထိုထက်ပိုသော ရဲတပ်ဖွဲ့ဝင်များ ထိုစဉ်က သေဆုံးခဲ့ကြသည်။

နောက်ထပ် စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ၏ လူသူအရောက်အပေါက် နည်းသော နယ်စပ် ဒေသများတွင် လေ့ကျင့်ပေးနေသည်။ ထို့အပြင် ဂျီဟတ် သို့မဟုတ် ဘာသာရေးစစ်ပွဲ အတွက် ရန်ပုံငွေများမှာလည်း အဓိက အားဖြင့် ကာတာနှင့်ချမ်းသာကြွယ်ဝသော ဆော်ဒီအာရေးဗီးယားနှင့် ပင်လယ်ကွေ့ နိုင်ငံများမှ ငွေကြေး ထောက်ပံ့သူများ ထံမှ ရောက်ရှိလာနေကြသည်။ ထိုအုပ်စုများသည် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အစ္စလမ်မစ် အစွန်းရောက် အခြေခံဝါဒီများနှင့် အဆက်အစပ် ရှိကြသည်ဟု သတင်းများ ထွက်နေသည်။ စစ်သွေးကြွ၊ လက်နက်တပ်ဆင် လေ့ကျင့် သို့မဟုတ် အခြားတနည်းနည်းဖြင့် စည်းရုံးထားသော သူ မည်မျှရှိသည်ကိုမူ အတိအကျ မသိရ သလို အဖွဲ့အစည်းများ၏ အမည်ကိုလည်း မသိရပေ။ ၎င်းတို့၏ ခေါင်းဆောင်များ၏ အမည်မှာလည်း ပဟေဠိ ဖြစ်နေဆဲ ဖြစ်ပြီး ၎င်းတို့၏ အများစုက အမည်အမျိုးမျိုး သုံးနေကြသည်။

ယနေ့ခေတ် စစ်သွေးကြွများသည် သတင်းများ အတိုင်း ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် အစ္စလမ်မစ်နိုင်ငံတော် ထူထောင်လို/မလို၊ သို့မဟုတ် အန္ဒိအပါအဝင် ဖြစ်နိုင်သော ဒေသတွင်း စစ်ဆင်ရေးများ အတွက် နယ်မြေသစ် ရှာဖွေနေခြင်း ဟုတ်/မဟုတ်လည်း အသေအချာ မသိရပေ။ သို့သော် ၎င်းသည် နိုင်ငံတကာလေ့လာသူများ ယခုမှသာ စိတ်ဝင်စားလာသော ကြီးထွားနေသည့် လှုပ်ရှားမှုဖြစ်သည်မှာ သေချာသည်။ ထို့အပြင် ICG ၏ အဆိုလည်း မှန်ကောင်း မှန်နိုင်သည်။ ၎င်းသည် ဒေသတွင်း အခြားနိုင်ငံများတွင် တည်ငြိမ်ငြိမ်းချမ်းမှုကို အကြီးအကျယ် ထိခိုက်သော မြန်မာနိုင်ငံမှ အစ္စလမ်မစ်လှုံ့ဆော်သော အုံကြွမှု၏ နိဒါန်းလည်းဖြစ်နိုင်သည်။

(ဘာတေးလင့်တနာသည် Far Eastern Economic Review ၏ သတင်းထောက်ဟောင်း တဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ စာအုပ် အများအပြား ရေးသားပြုစုခဲ့သူ ဖြစ်သည်။ သူ၏ Militancy in Arakan State ကို ဘာသာပြန်ဆို ဖော်ပြသည်)

Your Thoughts …
Tags: ရိုဟင်ဂျာ
ဘာတီး(လ် )လင့်တနာ

ဘာတီး(လ် )လင့်တနာ

Contributor

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

by David Scott Mathieson
17 August 2023
11.9k

မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

Next Post
ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း (ရုပ်/သံ)

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း (ရုပ်/သံ)

ယနေ့ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး သို့ တက်ရောက် လာသူများကို တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

ရခိုင်ဒေသ အရေး အာဆီယံ အကူအညီပေးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved