• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

YBS စနစ်သစ်နဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ ရန်ကုန်

by ခင်ဦးသာ
24 January 2017
in ဆောင်းပါး
A A
ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက YBS ယာဉ်လိုင်းကြောင်းသစ်နဲ့ ခရီးသွားပြည်သူများ သခင်မြ ပန်းခြံ ကားမှတ်တိုင် တွင် မြင်တွေ့ရစဉ် / ပြေကျော် / ဧရာဝတီ

ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက YBS ယာဉ်လိုင်းကြောင်းသစ်နဲ့ ခရီးသွားပြည်သူများ သခင်မြ ပန်းခြံ ကားမှတ်တိုင် တွင် မြင်တွေ့ရစဉ် / ပြေကျော် / ဧရာဝတီ

23.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့နေ ပြည်သူတွေ၊ သတင်း မီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို ဒီရက်သတ္တပတ် အတွင်းမှာ လှုပ်လှုပ် ရှားရှား ဖြစ်စေတဲ့ အရာကတော့ YBS (Yangon Bus Service) ဆိုတဲ့ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ်ပဲ ဖြစ် ပါတယ်။

YBS ဘတ်စ်ကား လိုင်း စနစ်သစ်ကို ဇန်နဝါရီလ ၁၆ ရက်မှာ စတင်ခဲ့ပြီး အဲဒီနေ့မှာပဲ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်က ကား မှတ်တိုင်တွေမှာ အလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့အလုပ်ရှိရာ၊ သင်တန်း၊ ကျောင်းတွေရှိရာကို အရောက်သွားနိုင်ကြဖို့ ဘယ်ယာဉ်လိုင်း နံပါတ်ကို စီးနင်းရမယ်ဆိုတာ မသိကြဘဲ ဖြစ်နေခဲ့ကြတယ်။

ကားမှတ်တိုင်ဆီ ဆိုက်ကပ်လာတဲ့ YBS ဆိုတဲ့ နံပါတ်အသစ်နဲ့ ကားတစီးကို တွေ့ပြီဆိုတာနဲ့ ပြေးသွားကြပြီး သွားလိုတဲ့ ခရီးကို မရောက်ဘူးဆိုရင် မှတ်တိုင်ဆီ ထပ်မံဆိုက်ရပ်လာတဲ့ ကားဆီ ပြေးလာကြ၊ မေးမြန်းကြ၊ စုပြုံတိုးဝှေ့ တက်ကြနဲ့ အတော်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ လူဦးရေ ၆ သန်း နီးပါး(၂၀၁၄- ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ) ရှိပြီး ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာနေကြသူ ၂ သန်းကျော် ရှိတယ်လို့ သိရပါတယ်။ အဲဒီလူ အများစုဟာ ရန်ကုန်မြို့တွင်းမှာ အရင်က ပြေးဆွဲပေးနေတဲ့ မ.ထ.သ လက်အောက်က ယာဉ်လိုင်းတွေကို အသုံးပြု သွားလာကြရသူတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း အစိုးရရဲ့ စီမံကိန်းသစ် တခုဖြစ်တဲ့ YBS ယာဉ်လိုင်းတွေရဲ့ ပြောင်းလဲပြေးဆွဲမယ့် အစီအစဉ်ကို စတင်ပြေး ဆွဲ မယ့် ဇန်နဝါရီ ၁၆ ရက် မတိုင်ခင် တပတ်လောက် အလိုမှာပဲ ပြည်သူတွေကို ကြိုတင်အသိပေးမှု လုပ်ဆောင်ခဲ့ပါတယ်။

မ.ထ.သ ယာဉ်လိုင်းပေါင်းစုံ စနစ်ကိုလည်း ရန်ကုန်တိုင်း အစိုးရက ဇန်နဝါရီ ၁၅ ရက်မှာ ဖျက်သိမ်းလိုက်ပြီး YBS ယာဉ် လိုင်းကြောင်း စနစ်သစ်ကို ဇန်နဝါရီ ၁၆ ရက်မှာ စတင် အကောင်အထည် ဖော်ဆောင်ခဲ့ပါတယ်။
အဲဒါကြောင့်ပဲ YBS ယာဉ်လိုင်းသစ်တွေမှာ ပြေးဆွဲကြတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တချို့ဟာ ယာဉ်လမ်းကြောင်း တွေနဲ့ ရင်နှီး ကျွမ်းဝင်ခြင်း မရှိကြဘဲ အဆင်မပြေမှုတွေ ဖြစ်ကုန်ပါတယ်။ ခရီးသည်တွေရဲ့ အကူအညီနဲ့ မှတ်တိုင်တွေမှာ အတက်အဆင်း ပြုလုပ်ခဲ့ရတယ်လို့ ခရီးသွားပြည်သူတွေ က ဆိုကြပါတယ်။

YBS ယာဉ်လိုင်းစနစ် စတင်ပြေးဆွဲတဲ့ ရက်မှာဆိုရင် ခရီးသွားပြည်သူတွေဟာ မိမိတို့ သွားလိုရာခရီး အတွက် ဘယ်ယာဉ် လိုင်းကို ဘယ်လိုစီးရမှန်း မသိကြသူ အများအပြား ရှိခဲ့ပါတယ်။ အဲဒီလို အခက်အခဲတွေ ပြေလည်စေဖို့အတွက် စေတနာ့ ဝန်ထမ်း အများအပြားကလည်း ကားမှတ်တိုင်တွေမှာ ကူညီပေးခဲ့ကြပါတယ်။ ကိုယ့် အသိစိတ်ဓာတ်နဲ့ကိုယ် ပါဝင် ကူညီ ပေးတဲ့ ပြည်သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ခရီးသွားပြည်သူတွေရဲ့အခက်အခဲတွေကို ကူညီနိုင်ဖို့ လူမှုအဖွဲ့စည်းတွေကလည်းပဲ အဖွဲ့အစည်းပိုင် ယာဉ်တွေနဲ့ အခမဲ့ သယ်ယူပို့ ဆောင်ပေးကြပါတယ်။

နေ့စဉ် ခရီးသွားပြည်သူ သန်းချီရှိနေတဲ့ ရန်ကုန်မြို့ကြီးမှာ သယ်ယူပို့ဆောင်ရေး စနစ်သစ်တခုကို ရုတ်တရက် ပြောင်းလဲ လိုက်ပါက ခရီးသွားပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ကြုံရနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက လူမှုကွန်ရက် စာမျက် နှာတွေမှာ ဝေဖန်ရေးသားကြပါတယ်။

ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေနဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကြီး တခုလုံးကို ရုတ်တရက် အပြောင်းအလဲ လုပ်လိုက် တာ ဟာ အာဏာရှင် အစိုးရရဲ့ လုပ်ရပ်နဲ့ တူနေတယ်လို့လည်း ဝေဖန်ကြပါတယ်။

တကယ်လို့ လအနည်းငယ် အချိန်ယူပြီး ကြိုတင်ပြင်ဆင်ခဲ့မယ်၊ အသိပညာတွေ ပေးခဲ့မယ်ဆိုရင် ခရီးသွားပြည်သူတွေအဖို့ ကသောင်းကနင်း ဖြစ်လာစရာ မရှိနိုင်ဘူးလို့ ကြိုတင်ထောက်ပြခဲ့ကြပေမယ့် တိုင်းအစိုးရ အဖွဲ့ကတော့ သူတို့အစီအစဉ် အတိုင်း မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်ဆောင်ခဲ့ပါတယ်။

ဖော်ပြပါ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အစိုးရ တရပ်ကို ဦးဆောင်သူတွေ အနေနဲ့ သိရှိနိုင်မယ်လို့လည်း ယူဆရပါတယ်။ ဘာကြောင့် အခုလို ရုတ်တရက် လုပ်လိုက်ရသလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ အသေအချာ မသိရှိရပါဘူး။

YBS စနစ်သစ်မှာ စေတနာ့ဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ကူညီပံ့ပိုးပေးနေတဲ့ အခမဲ့ယာဉ်တွေသာ ပါဝင်မှု မရှိခဲ့ ဘူးဆိုရင် ခရီးသွားပြည်သူတွေရဲ့ အခြေအနေဟာ လက်ရှိထက် အများကြီး ခက်ခဲသွားနိုင်ပါတယ်။ စေတနာရှင် အဖွဲ့အ စည်း တွေရဲ့ အခမဲ့ယာဉ်စီးရေဟာ နေ့စဉ် ရာနဲ့ချီပြီး ရန်ကုန်မြို့တွင်းက လိုအပ်ချက် ရှိနေတဲ့နေရာတွေမှာ ဖြည့်စွက် ပြေး ဆွဲပေးနေပါတယ်။

YBS ရဲ့စနစ်သစ်မှာ လမ်းကြောင်းရှည်တဲ့ ယာဉ်လိုင်းတခုစီ အတွက် စီးရေ ၁၁၇ စီး၊ လမ်းကြောင်းတို ပြေးဆွဲတဲ့ယာဉ် လိုင်း မှာ စီးရေ ၅၀ ကျော်နဲ့ ပြေးဆွဲနေပါတယ်။ YBS မှာ လက်ရှိ လိုင်းပေါင်း ၇၀ ကျော် ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ပြေးဆွဲချိန်ကိုတော့ မနက် ၅ နာရီကနေ ည ၉ နာရီအထိ သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့ယာဉ်လိုင်း တွေက သတ်မှတ်ချိန်ထက် စောပြီး ည ၇ နာရီလောက်ဆို ကားသိမ်းသွားကြလို့ ညည့်နက်တဲ့ အထိ အလုပ်လုပ်ကိုင်ကြရ တဲ့ အရောင်း စင်တာ ဝန်ထမ်းတချို့နဲ့ ကုမ္ပဏီဝန်ထမ်းတွေ အခက်အခဲ ဖြစ်ကြရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အဆင်မပြေမှုတွေ အတွက် ခရီးသွားပြည်သူတွေကို တောင်းပန်ပါတယ် လို့ ဇန်နဝါရီ ၁၇ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး စနစ်သစ်နဲ့ ပတ်သက်ပြီး နိုင်ငံရဲ့အရေးကြီးတဲ့ အပြောင်းအလဲတခုကို ပြည်သူတွေ အနေနဲ့ စိတ်ရှည် သည်းခံကြဖို့နဲ့ ဒီထက် အဆင့်မြင့်မားတဲ့ စနစ်သစ်ဆီ တက်လှမ်းနိုင်ဖို့၊ ဘယ်သူမှ မနစ်နာဘဲ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ဦးဖြိုးမင်းသိန်း က ဆက်လက်ပြောဆိုခဲ့ပါတယ်။

အခက်အခဲတွေ ရှိပေမယ့် YBS ယာဉ်လိုင်းသစ် ပြောင်းလဲပြေးဆွဲတဲ့ အစီအစဉ်ကို ခရီးသွားပြည်သူတွေကတော့ ကြိုဆို လက်ခံကြပါတယ်။ ကြပ်ညပ်ပြွတ်သိပ်နေတဲ့ ယာဉ်လိုင်းပေါ်မှာ ခရီးသွား အချင်းချင်း ကူညီပေးကြတာ၊ အသက်ကြီးတဲ့ သူတွေနဲ့ အမျိုးသမီးတွေကို ဦးစားပေး စီးနင်းစေတာကို တွေ့မြင်ရပါတယ်။

YBS ယာဉ်လိုင်းကြောင်းတွေကို မှန်ကန်စွာ ရွေးချယ်စီးနင်းနိုင်ဖို့ မှတ်တိုင်တွေမှာ အကူအညီပေးနေတဲ့ စေတနာ့ ဝန်ထမ်း တွေကြောင့်လည်းပဲ အလွယ်တကူ သွားလာ နိုင်ခဲ့ကြပါတယ်။

ရန်ကုန် လူထု အနေနဲ့ကတော့ အရင် မထသ စနစ်ဟောင်းတုန်းကလည်း ကြပ်ကြပ်သပ်သပ် စီးနင်း သွားလာရတဲ့ အတွေ့အကြုံ ရှိပြီးသားပါ။

အခမဲ့ယာဉ်တွေ မရှိတဲ့အချိန်မှာ အခက်အခဲ မဖြစ်ပေါ်ရေးအတွက် မော်တော်ယာဉ်အသစ် စီးရေ ၁၀၀ ကျော်ကို ပြည်ပက တင်သွင်းထားပြီး ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် အခုလကုန်ပတ်မှာ ဖြည့်စွက်ပြေးဆွဲနိုင်မယ်လို့လည်း YBS အဖွဲ့က ပြောဆိုထားပါတယ်။ နောက်ထပ်လည်း မော်တော်ယဉ် အသစ်တွေ မှာထားတယ်လို့ သိရပါတယ်။

YBS ယာဉ်လိုင်းသစ်မှာ ယာဉ်စီးခကို ခရီးစဉ် စ/ဆုံး ၂၀၀ ကျပ်သတ်မှတ်ထားပါတယ်။ မြို့ပတ် ယာဉ်လိုင်းတွေမှာတော့ ယာဉ်စီးခ ၁၀၀ ကျပ် သတ်မှတ်ထားပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
483
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186

မြို့စွန်တွေမှာနေထိုင်ပြီး မြို့တွင်းဖြစ်တဲ့ လသာ၊ ကျောက်တံတား၊ ပန်းဘဲ တန်းမြို့နယ်တွေမှာ အလုပ်လုပ်ကြသူတွေ အနေနဲ့တော့ ဆူးလေအထိ တိုက်ရိုက်ကား မရှိတာကြောင့် တဆင့်ပြန် စီးရပါတယ်။ ဒါကလည်း မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ပြေလည်အောင် စီစဉ်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အလုံမြို့နယ် သခင်မြပန်းခြံမှာပဲ ဂိတ်ဆုံး သတ်မှတ်လိုက်တာကြောင့် မြို့လယ်ကိုရောက်ရှိနိုင်ဖို့ ယာဉ်လိုင်းတွေ အဆင့်ဆင့် စီးနင်းရတာကြောင့်၊ တရက်ကို အသွားအပြန် ခရီးစရိတ် ကျပ် ၁၀၀၀ ကျော် အထိ ကုန်ကျနေ တဲ့ အပြင် အချိန်လည်း ပိုကြန့်ကြာစေတယ်လို့ ဆိုကြပါတယ်။

ယာဉ်လိုင်း အဆင့်ဆင့်စီးပြီး သွားလာရတဲ့ ခရီးသွားတွေထဲမှာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမ တွေ၊ အရောင်းဝန်ထမ်းတွေနဲ့ သာမန်လက်လုပ်လက်စား အများအပြား ပါဝင်နေတာကြောင့် အစိုးရအနေနဲ့ အဲဒီအခက်အခဲ ကို အမြန်ဆုံးဖြေရှင်းပေးဖို့လည်း လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ရေးသားတောင်းဆို နေကြတာကို တွေ့ရပါတယ်။

YBS ယာဉ်လမ်းကြောင်းမှာ မော်တော်ယာဉ်စီးရေ ထပ်တိုးပေးပြီး ယာဉ်လိုင်းသစ်တွေကို အမြန်ဆုံး ထပ်မံတိုးချဲ့ပေးနိုင် မယ်ဆိုရင် YBS ရဲ့ စနစ်ဟာလည်း လအနည်းငယ်မှာ ပုံမှန်အခြေအနေကို ရောက်ရှိနိုင်မယ်လို့ ဆိုကြပါတယ်။

မ.ထ.သ ယာဉ်လိုင်းတွေကို မနှစ်သက်ခဲ့တဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ YBS ယာဉ်လိုင်းသစ်ရဲ့ ဝန်ဆောင်မှုတွေကို အခက်အခဲတွေကြားကပဲ အတော်ကြီး မျှော်လင့်နေကြတာကိုလည်း တွေ့ရပါတယ်။

မ.ထ.သ ယာဉ်လိုင်းတွေရဲ့ ယာဉ်မောင်းတချို့နဲ့ ယာဉ်နောက်လိုက် တချို့ဟာ ခရီးသည်တွေအပေါ် မချေမငံ ရိုင်းရိုင်းပြပြ ဆက်ဆံတာ၊ အသက် သေဆုံးသည် အထိ ရိုက်နှက် ရန်လုပ်တာ၊ သက်ကြီးရွယ်အိုတွေကို ရိုင်းစိုင်းစွာ ပြောဆိုတဲ့အပြင် ကားပေါ်ကို တွန်းတင်၊ တွန်းချ တာတွေကြောင့် မ.ထ.သ ယာဉ်လိုင်းတွေကို ခရီးသည်တွေက မနှစ်သက်တာ ကြာပါပြီ။

အလားတူပဲ YBS ယာဉ်လိုင်းကြောင်း စနစ်သစ် ပြေးဆွဲတဲ့ တတိယမြောက်နေ့မှာပဲ၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း – ဆယ်မိုင်ကုန်း မှတ်တိုင်မှာ ခရီးသည် ဇနီးမောင်နှံကို YBS နံပါတ် ၆ ယာဉ်လိုင်းက ယာဉ်နောက်လိုက် ၂ ဦးက ထိုးကြိတ် တဲ့ ဖြစ်ရပ်တခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အဲဒီယာဉ်နောက်လိုက် ၂ ဦးကိုတော့ အရေးယူထားတယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

YBS စနစ်သစ် မစခင် ၁ ရက် ၂ ရက် အလိုမှာပဲ သံလျင်ဘက် ပြေးဆွဲတဲ့ မေတ္တာလှိုင်း ယာဉ်လိုင်းက ယာဉ်နောက်လိုက် တွေ ရိုက်နှက်လို့ တာမွေမှာ ခရီးသည် တဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တာကိုလည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

YBS ယာဉ်လိုင်းတွေမှာ အရင် မ.ထ.သ ယာဉ်လိုင်းတွေက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ အများစု ပါဝင် နေပါ တယ်။ ဒါပေမယ့် စနစ်သစ် ပြောင်းလဲလိုက်ချိန်မှာ စည်းကမ်းချိုးဖောက်သူကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူ မယ်ဆိုရင်တော့ အဲဒီလူတွေရဲ့ အပြုအမူတွေလည်းပဲ ပြောင်းလဲလာနိုင်ပါတယ်။ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက် တွေကိုလည်းပဲ စနစ်တကျ သင်တန်းပေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။
မ.ထ.သ လက်ထက်က ပျက်ယွင်းနေတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ စည်းကမ်းချိုးဖောက်သူ အားလုံးကို YBS ရဲ့ စနစ်သစ်မှာ ဘက်လိုက်မှု မရှိဘဲ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှပဲ ရေရှည်အတွက် အောင်မြင်နိုင်မှာပါ။

YBS စနစ်သစ်ကို ပြောင်းလဲလိုက်ပေမယ့် မ.ထ.သ လက်အောက်က ဝန်ထမ်းတွေကို တာဝန်က အနားပေးမှာ မဟုတ်ဘဲ အဆင်ပြေမယ့် နေရာတွေမှာ ပြန်လည်ခန့်အပ် ပေးသွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထား ပါတယ်။ မ.ထ.သ ဝန်ထမ်းဦးရေ ၇, ၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်တွေကို လုပ်အားခပေးတဲ့ စနစ်ကိုလည်း သေချာစွာ ဆောင်ရွက်သင့်တယ်လို့ ဆိုကြ ပါတယ်။ လက်ရှိ YBS ယာဉ်လိုင်းတွေကို မောင်းနေကြတဲ့သူတွေနဲ့ ယာဉ်နောက်လိုက် အများစုဟာ အရင်က ရခဲ့တဲ့ ဝင်ငွေ ထက် နည်းပါးနေတဲ့ လုပ်အားခကိုပဲ ရရှိကြတဲ့အတွက် ကျေနပ်မှု မရှိကြဘူးလို့ ယာဉ်မောင်းတချို့က ပြောဆို ပါတယ်။

ယာဉ်ပိုင်ရှင်တွေကလည်းပဲ အလားတူ ပြောဆိုနေကြပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီကိစ္စ အ ပေါ် အားလုံး ညီတူညီမျှဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

YBS ယာဉ်လိုင်း စနစ်နဲ့ ပတ်သက်ပြီး တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကို ထောက်ပြဝေဖန်ကြတဲ့သူတွေ ရှိသလို၊ အပြောင်းအလဲအတွက် သည်းခံ စီးနင်းကြဖို့ လူမှုကွန်ရက်တွေက တဆင့် နှိုးဆော်နေကြတာကိုလည်း တွေ့ရပါတယ်။

YBS ယာဉ်လိုင်းကြောင်း စနစ်ကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ မရှိတော့တဲ့ အချိန်မှာ ဖြစ်လာနိုင်တဲ့ အဓိက အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၀ ရက်မှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခက်အခဲ ၃ ခု ကို ပြောဆိုခဲ့ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ် က သူရဲ့လူမှုကွန်ရက် စာမျက်နှာက တဆင့် ရေးသားဖော်ပြထားပါတယ်။

(၁) ပြည်သူလူထုကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးဖို့၊ လမ်းညွှန်ပေးဖို့ လိုကြောင်း (ဆိုင်းဘုတ်တွေကို ပိုမို ရှင်းလင်းလွယ်ကူအောင် ပြန်ပြင်မှာ ဖြစ်ပြီး လက်ကမ်း ကြော်ငြာ အသစ်တွေကိုလည်း ထပ်မံဖြန့်ဝေမှာဖြစ်ပြီး မှတ်တိုင် တွေမှာ အလွယ်တကူ ယူလို့ရအောင် လုပ်ဆောင်ပေးဖို့)။

(၂) Complaint တွေကို တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးမယ့် အဖွဲ့ကို ဒီထက် ပိုကောင်းအောင်လုပ်ဖို့ လိုတဲ့အကြောင်း

(လက်ရှိ စေတနာ့ဝန်ထမ်းတွေက YBS ရဲ့ Call Center တွေမှာ နောက်တပတ် အထိ ထပ်မံကူညီပေးကြဖို့)
အခက်အခဲ ရှိရင် ခေါ်ဆိုနိုင်ဖို့ YBS အရေးပေါ် ဖုန်းနံပါတ်တွေ ဖြစ်တဲ့ ၀၉ ၄၄ ၈၁ ၄၇ ၁၅၃ ၊ ၀၉ ၄၄ ၈၁ ၄၇ ၁၅၄ ၊ ၀၉ ၄၄ ၈၁ ၄၇ ၁၄၉ ၊ ၀၉ ၄၄ ၉၂ ၁၆ ၅၇၂ ၊ ၀၉ ၄၄ ၉၂ ၁၆ ၅၇၈ တို့ရှိကြောင်း။

(၃) ညဘက်တွေမှာ ကားမရလို့ အိမ်မပြန်နိုင်သူတွေကို ကူညီပေးဖို့ ကားတွေ အဆင်သင့်ပြင်ထားဖို့ လိုကြောင်း၊ (ယာဉ်လိုင်းတွေမှာ ကားတွေ ထပ်တိုးလာပြီဖြစ်ကြောင်းနဲ့ အစိုးရအဖွဲ့ အနေနဲ့လည်း ကားရော၊ ဆီရော အဆင်သင့် ပြင် ထားတဲ့ အကြောင်း) ပြောဆိုခဲ့ကြောင်း ဦးနေဘုန်းလတ်က ရေးသားထားပါတယ်။

YBS နဲ့ ပတ်သက်ပြီး လက်ရှိမှာ အခက်အခဲတွေ ရှိနေပေမယ့် YBS ယာဉ်လိုင်း စနစ်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ ကို အစိုးရ အဖွဲ့နဲ့အတူ ခရီးသွားပြည်သူ တရပ်လုံးကလည်းပဲ အပြုသဘောနဲ့ ပါဝင်ပူးပေါင်းကြမယ်ဆိုရင် ရန်ကုန်မြို့ကြီး ရဲ့ ယာဉ်ကြောတွေနဲ့ ဆက်စပ်နေတဲ့ အခက်အခဲ ပြဿနာ အရပ်ရပ်ကို အမြန်ဆုံး ပြေလည်စေနိုင်မှာ ဖြစ်တယ်လို့ မျှော်လင့် ရပါတယ်။ ။

Your Thoughts …
Tags: YBS
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ရန်ကုန် လေဆိပ်မှ မြို့တွင်းသို့ ပြေးဆွဲနေသော YBS ယာဉ်တစီးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

by အောင်သီဟ
17 May 2019
18.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း

ယခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် YBS ကားများ  / ထက်ဝေ / ဧရာဝတီ

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

by အောင်သီဟ
8 June 2020
28.8k

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေ သော YBS ယာဉ်များ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း  / ဧရာဝတီ

ဦးနေဝင်း မိသားစု နှင့် စစ်တပ်ပိုင်ကုမ္ပဏီတို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်

by ဧရာဝတီ
29 January 2023
4.9k

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင် / ဧရာဝတီ

ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်

by မျိုးပပစန်း
11 October 2019
11k

ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
33.5k

ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့် ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်

ဒီဇိုင်း- ကျော်မျိုးထိုက်/ဧရာဝတီ

ခရမ်းပြာ ဝေဒနာ၊ YBS ညည်းချင်း

by မောင်ကေ
29 April 2017
35.9k

ကွီးလို့အများခေါ်ကြတဲ့ ရွှေကိုယ်တော် ဝန်ကြီးချုပ်ရဲ့မဟာစီမံကိန်း ဝိုင်ဘီအက်စနစ်ကို ရန်ကုန်မြို့နေ သဟာ ဆွေ (MPTဆွေသဟာနဲ့ဘာမျှ မဆိုင်) တို့ မေးခွန်းထုတ်နေချိန် ရွှေကိုယ်တော် ခွင့်တော်တင်ပြီး နှုတ်တော်ဆွံ့နေလို့ပဲ ဖြစ် ပါတယ်။

Next Post
ထိုင်းကြည်းတပ်ဦးစီးချုပ် ရောက်ရှိ၊ အကြမ်းဖက်မှုကာကွယ်ရေးဆွေးနွေး

ထိုင်းကြည်းတပ်ဦးစီးချုပ် ရောက်ရှိ၊ အကြမ်းဖက်မှုကာကွယ်ရေးဆွေးနွေး

အကယ်၍

အကယ်၍

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved