• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူဖြစ်လာမလား

by Motokazu Matsui
9 February 2017
in ဆောင်းပါး
A A
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

57.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တော်၏ ခေါင်းဆောင်သည် မြို့ပြပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော ခိုင်မာသည့် ဦးဆောင်မှုကြောင့် ဂုဏ်သတင်း ကျော်ကြားနေသည်။

ရန်ကုန်တိုင်းအကြီးအကဲသည် ရန်ကုန်မြို့တွင် ရင်ဆိုင်နေရသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရင်း ဂုဏ်သတင်းကြီးမား လာပြီး နိုင်ငံ၏ခေါင်းဆောင်ဟု အားလုံးက လက်ခံထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမည့်သူ တဦးအဖြစ် သတင်းပြေးနေသည်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
531
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.6k
မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

14 July 2025
664

အသက် ၄၇ နှစ်အရွယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် စတင် တာဝန်ထမ်းဆောင်စဉ်မှ စ၍ ရန်ကုန်မှ ယဉ်ကြောပိတ်ဆို့မှုနှင့် အခြားပြဿနာများကို အပြင်းအထန် ကိုင်တွယ် ဖြေရှင်းပြီး ပြည်ပစီးပွားရေး လုပ်ငန်းများကို ရန်ကုန်သို့ ဆွဲဆောင်ရန် လုပ်ဆောင်နေသည်။

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရန်ကုန်တွင် တပတ်ရစ်ကား တင်သွင်းမှု အကြီးအကျယ် မြင့်မားလာပြီး လွန်ခဲ့သော ၂၅ နှစ် ဆိုရှယ်လစ်ခေတ်က သုံးစွဲခဲ့သော ဘတ်စ်ကားအိုကြီးများနှင့် နေရာအပြိုင် လုလာ ရသည်။ ရန်ကုန်တိုင်းအစိုးရ၏ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွင် အဓိကကျသော ပြန်လည်ဖွဲ့စည်း တည်ဆောက်မှု၏ တစိတ်တပိုင်းအဖြစ် ထိုဘတ်စ်ကားများကို ဇန်နဝါရီလ ၁၆ ရက်နေ့က လမ်းများပေါ်မှ ဖယ်ရှား ပစ်လိုက်သည်။ အသေးစားနှင့် အလတ်စားလုပ်ငန်များက စီမံနေသည့် ဘတ်စ်ကားလိုင်း ၃၀၀ ကျော်ကို ကားလိုင်း ၇၀ ဖြင့် ကျစ်လစ်သိပ်သည်းအောင် ပြုလုပ်လိုက်ပြီး တိုင်းအစိုးရနှင့် ပြည်တွင်း အဓိကစီးပွားရေး လုပ်ပန်းများ ပူးပေါင်း ထူထောင်သည့် ပြည်သူနှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီ ၈ ခု၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိလိုက်သည်။

ထိုလုပ်ရပ်ကြောင့် ဟောင်းနွမ်းနေသော ဘတ်စ်ကားများ ပျောက်ကွယ်သွားပြီး မူလဘတ်စ်ကား အရေအတွက်၏ ထက်ဝက်ဖြစ်သော စင်းရေ ၂၀၀၀ လျော့သွားသည်။

ပုဂ္ဂလိက ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ညံ့သော ဘတ်စ်ကားစနစ်ကြောင့် ယာဉ်ကြောပိတ်ဆို့ကာ စီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်သည်ဟု လွန်ခဲ့သော သြဂုတ်လက မှတ်ချက်ချပြီးနောက် ဦးဖြိုးမင်းသိန်းက ထိုအစီအစဉ်ကို ဦးဆောင်သည်။ သူသည် ယာဉ်ကြောပိတ်ဆို့မှု တိုက်ဖျက်ရေး အစီအစဉ်များကို နိုဝင်ဘာလတွင် ချမှတ်ကာ နောက် ၂ လ အတွင်း အကောင်အထည်ဖော်ခဲ့သည်။

ဘတ်စ်ကား အရေအတွက် လျော့နည်းသွားသောကြောင့် အချို့နေရာများတွင် နှောင့်နှေးကြန့်ကြာခြင်း၊ ကားခများ တိုးတက်သွားခြင်း စသည့်ဒုက္ခများ ကြုံတွေ့ကြရသည်။ သို့သော် တိုင်းဝန်ကြီးချုပ်သည် ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်လုပ်နေပြီး ဒုတိယအဆင့် အနေဖြင့် မြို့တော်မှတက္ကဆီ အရေအတွက်ကို ကန့်သတ်မည်ဟု လွန်ခဲ့သော လက ပြောပြန်သည်။

သူ၏ ပြုပြင်ပြောင်းလဲရေးများသည် ယာဉ်ကိစ္စနှင့်သာ ပတ်သက်နေသည် မဟုတ်ပေ။ သမ္မတဦးသိန်းစိန်၏ ယခင် အစိုးရ လက်ထက်က ခွင့်ပြုထားခဲ့သော အထပ်မြင့် အဆောက်အအုံ ၂၀၀ ကျော် ဆောက်လုပ်ရေး လုပ်ငန်းများ ကိုလည်း ဥပဒေ အတိုင်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးရန် လွန်ခဲ့သော မေလက ၆ လခန့် ဆိုင်းငံ့ခဲ့သေးသည်။ ဥပဒေနှင့် မညီသော စံမမီသည့် အဆောက်အအုံများ ပေါ်ပေါက်စေမည့် ဥပဒေချိုးဖောက်မှုများကို အရေးယူရန် ဦးဖြိုးမင်းသိန်း၏ ဆုံးဖြတ်ချက်များကို အခြေခံကာ ဆိုင်းငံ့ခဲ့သည်။

ယခင်က ရန်ကုန်တွင် အုပ်ချုပ်ရေး လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံမှာ လွန်စွာနှေးကွေးသောကြောင့် စီမံကိန်းများကို ချမှတ်ထားသည့်အတိုင်း အကောင်အထည် ဖော်နိုင်ခြင်းမှာ ရှားပါးလှသည်။ ယခုအခါတွင် ဦးဖြိုးမင်းသိန်း၏ မြန်ဆန်သော ပြုပြင်ပြောင်းလဲရေးများမှာ ပွတ်တိုက်မှု အချို့ရှိသော်လည်း လွန်စွာ မြင်သာသည်။ သူသည် နိုဝင်ဘာလကလည်း ယာဉ်အန္တရာယ်နှင့် မြို့တော်သာယာလှပမှု အတွက် လမ်းဘေးဈေးသည်များကို မြို့တော်၏ လမ်းများပေါ်မှ အတင်းဖယ်ရှားခဲ့ခြင်းကြောင့် ဈေးသည်များ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် ရင်ဆိုင်ရသည်။

ကျောင်းသားခေါင်းဆောင်

၁၉၈၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို စစ်အာဏာသိမ်းပွဲ တခုဖြင့် ဖယ်ရှားပြီး ဒီမိုပရေစီ တန်ပြန် လှုပ်ရှားမှုများ ဖြစ်ပွားစေချိန်က ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တက္ကသိုလ်မှ အသက် ၁၈ နှစ် အရွယ် ရူပဗေဒအထူးပြု ကျောင်းသားတဦး ဖြစ်သည်။ သူသည် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်အနေဖြင့် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ သို့သော် စစ်တပ်က ဒီမိုကရေစီလှုပ်ရှားမှုကိုု ဖြိုခွဲသဖြင့် ၁၉၉၁ တွင် နိုင်ငံရေး လှုပ်ရှားမှု အတွက် အဖမ်းခံရပြီး ထောင် ၁၅ နှစ် ချမှတ်ခံရသည်။

မြန်မာနိုင်ငံကို စီးပွားရေး အခက်အခဲများမှ ဆွဲထုတ်ရန် စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များ စတင်သောအခါ ထိုစဉ်က ထောင်မှ ပြန်လည် လွတ်မြောက်လာသော ဦးဖြိုးမင်းသိန်းသည် ဒီမိုကရေစီကို အားပေးရန် နိုင်ငံရေးပါတီတခု ထောင်သည်။ နောက်ပိုင်းတွင် ယခုအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံ အဖြစ် ဦးဆောင်နေသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်လိုက်သည်။

ဦးဖြိုးမင်းသိန်းသည် ၂၀၁၂ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရသောအခါ သူသည် ယခုရာထူးအတွက် ရွေးချယ်ခြင်းခံရသည်။ ထိုသို့ ရွေးချယ်ခြင်း ခံရသည်မှာလည်း ထောင်သွင်း အကျဉ်းချခံရသည် ၁၅ နှစ် အတွင်း ဒီမိုကရေစီရေး အတွက် မြှုပ်နှံလုပ်ကိုင်မှုက ပြသနေသည့် ခိုင်မာသောပိုင်းဖြတ်မှု၊ သူ၏ အသိပညာနှင့် အခြားသူများကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ နောက်လိုက်သက်သက် မဟုတ်ဘဲ ကိုယ်ပိုင်ထင်မြင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ဖော်ပြရဲသောကြောင့် ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းနှင့် နီးစပ်သော ပါတီဝင်တဦးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဘဝက သူ၏ စကားများ၊ လုပ်ရပ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သဘောကျ သည်။

“ကျနော် ထောင်ထဲမှာ နေခဲ့ရတဲ့ ၁၅ နှစ် အချိန်ကို ပြန်ရဖို့ ကျနော် အလုပ်ကို ကြိုးကြိုးစားစား လုပ်ရမယ်” ဟု ယခုရာထူးကို ရရှိပြီးနောက် သူ၏ လက်ထောက်များကို ဦးဖြိုမင်းသိန်းက ပြောခဲ့သည်။ သူသည် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး အပါအဝင် စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြခံမူများ ချမှတ်ရေးကို ဦးစားပေးပြီး ရန်ကုန်တွင် ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက် ပြုလုပ်နေသည်။

ရန်ကုန်တိုင်းအစိုးရသည် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ပံ့ပိုးမှုဖြင့် ၂၀၄၀ ခုနှစ်တွင် ရန်ကုန် အခြေခံအဆောက်အအုံ တိုးတက်ရေး မဟာစီမံချက်ကို အကောင်အထည် ဖော်နေသည်။ ထိုစီမံချက်ကို ထုတ်ဖော်ကြေညာခြင်း မရှိသေးသော်လည်း မြေအောက်ရထားစနစ်၊ မြို့ပတ်လမ်းတခုနှင့် လေဆိပ် ဖွံ့ဖြိုးရေးတို့ ပါဝင်သည်ဟု ထိုစာရွက်စာတမ်းများနှင့် နီးစပ်သူများ အားလုံးက ပြောသည်။

ဦးဖြိုးမင်းသိန်း၏ လိုလားမှုများမှာ ကျယ်ပြန့်ပြီး အသေးစိတ် ကျသောကြောင့် ဆက်စပ်တွေးခေါ်မှု စွမ်းအားနှင့် ရန်ကုန်ကို နိုင်ငံတကာနှင့် ခေတ်မီ ရင်ပေါင်တန်းနိုင်သော အဆင့်ရှိ မြို့တော် ဖြစ်စေလိုသည့် သူ၏ ထက်သန်မှု ကြောင့် သူသည် မြန်မာနိုင်ငံရေးသမားများ အကြားတွင် ထူးခြားနေသည်ဟု ဂျပန်သံတမန်တဦးက ပြောသည်။

တိုင်းဝန်ကြီးချုပ်သည် ပြည်ပစီးပွားရေး လုပ်ငန်းများကိုလည်း ဆွဲဆောင်ရန် စိတ်ထက်သန်နေသည်။ မြို့တော်၏ တောင်ဘက်တွင် အထူးစီးပွားရေးဇုန် အသစ်တခု တည်ထောင်ရန် သူ၏ အစီအစဉ်ကို ဒီဇင်ဘာလက ပြည်ထောင်စုအစိုးရက သဘောတူသည်။ ထိုစီမံကိန်းတွင် မြေဟက်တာ ၆၀၀၀၀ တွင် ကြီးမားသော စက်မှုဇုန်တခု တည်ဆောက်ရေးနှင့် ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ရေးလည်း ပါဝင်သည်။

“အရင်းအနှီး ပြတ်နေတဲ့ ကုမ္ပဏီအလတ်စား အသေးစားတွေကို စက်ရုံအငှားစနစ် လုပ်ပေးဖို့ ကျနော်တို့ သွားပြောတော့ သူက တာဝန်ခံအရာရှိကို ချက်ချင်း ညွှန်ကြားလိုက်တယ်။ သူ့မှာ လျင်မြန်မှုနဲ့ ပတ်သက်ရင် သဘောကျစရာ ကောင်းတာ ရှိတယ်” ဟု နိုဝင်ဘာလက ဦးဖြိုးမင်းသိန်းနှင့် တွေ့ခဲ့သော အိုဆာကာ ကုန်သည်စက်မှု လုပ်ငန်းရှင်များ အသင်းမှ ခေါင်းဆောင်တဦးက ပြောသည်။

စာနယ်ဇင်းများနှင့် အငြင်းပွားမှု

အတိအကျပြောရလျှင် ဦးဖြိုးမင်းသိန်း၏ ရာထူးသက်တမ်းတွင် အငြင်းပွားမှုများလည်း မရှိသည်တော့ မဟုတ်ပေ။ ဥပမာဆိုရလျှင် သူသည် မျက်နှာသာပေးခံလိုသော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တဦးထံမှ ဒေါ်လာ တသိန်းတန် နာရီ လက်ခံရရှိသည်ဟု ပြည်တွင်း ထိပ်တန်းသတင်းစာ Eleven က ရေးသည်။ တိုင်းဝန်ကြီးချုပ်က ချက်ချင်းပင် သတင်းစာရှင်းလင်းပွဲကို ပြတ်ပြတ်သားသား ကျင်းပပြီး ထိုသတင်းစာကို အသရေဖျက်မှုဖြင့် တရားစွဲသည်။ ထိုသတင်းစာ အမှုဆောင်အရာရှိချုပ် အဖမ်းခံရပြီး ထောင်ထဲတွင် ၂ လ နေရသည်။

Eleven သတင်းစာသည် နောက်ဆုံးတွင် သတင်းမှားယွင်းကြောင်း ဝန်ခံပြီး ပြန်လည် တောင်းပန်သည်။ သို့သော် ဦးဖြိုးမင်းသိန်းက ထို တရားစွဲဆိုမှုကို ပြန်လည် မရုပ်သိမ်းခဲ့ပေ။ ယင်းကြောင့် ပြည်တွင်းမီဒီယာများက သူ့အား သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သည်ဟု စွပ်စွဲစေခဲ့သည်။

လွန်ခဲ့သော အောက်တိုဘာလက ပါတီဖွဲ့စည်းပုံ ပြန်လည် တည်ဆောက်စဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဦးဖြိုးမင်းသိန်းကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုအဖွဲ့၏ အဖွဲ့ဝင် ၁၂ ဦးတွင် သူသည် အငယ်ဆုံး ဖြစ်ပြီး ရန်ကုန်တိုင်း၏ အကြီးအကဲအဖြစ်သူ၏ ဆောင်ရွက်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ထိုကော်မတီသို့ ရာထူးတိုးပေးသည်ဟု ကျယ်ပြန့်စွာ ယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြဇာမှာ ကြီးမားလွန်းသောကြောင့် ၁၉၈၈ ခုနှစ် စတင်ထူထောင်ချိန်မှစ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် နံပတ် ၂ ခေါင်းဆောင် မရှိဟု ပြောကြသည်။ အသက် ၇၁ နှစ် ရှိပြီဖြစ်သာ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီကို နှစ်ပေါင်းများစွာ ဆက်လက်ဦးဆောင်ရန် မမျှော်လင့်နိုင်တော့သောကြောင့် သူမအား ဆက်ခံမည့်သူကို ပြုစုပျိုးထောင်ရန်မှာ ပါတီအတွက် အရေးကြီးလာသည်။

ဦးဖြိုးမင်းသိန်းသည် လက်ရှိရာထူးကို စတင်ရရှိချိန်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက် အရ ဂျပန်၊ တရုတ်နှင့် စင်ကာပူအပါအဝင် ပြည်ပနိုင်ငံများသို့လည်း သွားရောက် လည်ပတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း သူ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမည့်သူ အဖြစ် မြင်လာကြသည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု အတွက် သော့ချက် ဖြစ်ပြီး မြန်မာ့စီးပွားရေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးမူဝါဒချမှတ်ရာတွင် နှေးကွေးမှုကြောင့် လိုက်ပါနှေးကွေးနေခဲ့သည်။ မြို့တော်၏ ခေါင်းဆောင်အဖြစ် ဦးဖြိုးမင်းသိန်း၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုက သူသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူ ဖြစ်နိုင် မဖြစ်နိုင်ကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ ။

(Nikkei Asian Review ပါ Motokazu Matsui ၏ Yangon politician emerges as possible Suu Kyi successor ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: ဦးဖြိုးမင်းသိန်း
Motokazu Matsui

Motokazu Matsui

Similar Picks:

ထောက်လှမ်းရေးအကြီးအကဲဟောင်းကို အကန်တော့ခံ စာရေးဆရာအဖြစ် ထည့်သွင်းခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ကန်တော့ခဲ့တယ် /  ဧရာဝတီ

ဦးခင်ညွန့်က စာရေးဆရာတဲ့လား

by သွေး (စစ်ကိုင်း)
10 January 2019
29.4k

ပြည်သူတွေကို၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်ခဲ့တဲ့ သူတယောက်ကို စာရေးဆရာ တယောက်အဖြစ် သတ်မှတ်တာ သင့်တော်ပါရဲ့လား

ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ 

ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ

by ဧရာဝတီ
8 October 2021
20.5k

ဦးဖြိုးမင်းသိန်း ကိုယ်တိုင် လာရောက်သက်သေ ထွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောလာသောအခါ လူ တော်တော်များများ အံ့ဩတုန်လှုပ်သွားကြသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ခံဓာတ်ပုံနှင့် ငယ်ရွယ်သော နိုင်ငံရေးသမား ဘဝတုန်းက ဦးဖြိုးမင်းသိန်း

စစ်ကောင်စီဘက်မှ သက်သေလိုက်ခဲ့သည့် ဦးဖြိုးမင်းသိန်း ဒဏ်ငွေ ကျပ် ၁ သိန်းနှင့် အမှုပြီး

by ဧရာဝတီ
22 February 2023
14.7k

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) သည် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီးချုပ်များလည်း ယင်းပုဒ်မ -...

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို “ကွီးဖြိုး” ဟု နှစ်သက်သူများက ချစ်စနိုးခေါ်ဆိုကြသည် / ဧရာဝတီ

ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ

by ဇင်လင်းထက်
17 July 2020
23.9k

အငြင်းပွားဖွယ်ရာ လုပ်ရပ်များကြောင့် အဝေဖန်ခံရဆုံး တိုင်းဝန်ကြီးချုပ်ကို ညွှန်ပြရလျှင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုသာ ပြဆိုရမည်ဖြစ်သည်။

စစ်ကောင်စီက ထုတ်လွှင့်ခဲ့သည့် ဦးဖြိုးမင်းသိန်း၏ ဗီဒီယိုဖိုင်

စစ်ကောင်စီ၏ ဦးဖြိုးမင်းသိန်း ဗီဒီယိုဖိုင် ထုတ်ပြန်မှု လူများ မယုံကြည်ကြ

by ဧရာဝတီ
23 March 2021
181.6k

ဦးဖြိုးမင်းသိန်း၏ ပါးစပ် သိပ်မလှုပ်ခြင်း၊ အသံ မတည်ငြိမ်ဘဲ ပုံမှန် မဟုတ်ခြင်းတို့ကြောင့် နည်းပညာဖြင့် အသံတု ပြုလုပ် ထုတ်လွှင့်ခြင်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်တွင် ပြောဆို ဝေဖန်လျက်ရှိသည်

--

ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာ ကန့်ကွက်ပါတယ်

by ဧရာဝတီ
31 December 2018
74.4k

အမျိုးသားရင်ကြားစေ့ရေးလို့ ပြောနေတဲ့ NLD ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်တွေကို ပြောလိုက်ချင်တာက အဲဒီလို သွေးစွန်းသွားတာတွေကို မမေ့ကြပါနဲ့ ကိုဖြိုးမင်းသိန်းတို့လို့ ထောင်ထဲ ရောက်ခဲ့တဲ့ သူတွေကလည်း အဲဒါတွေကို မေ့ပြီး ဗိုလ်ခင်ညွန့် ထိုင်ကန်တော့ နေတဲ့အဖြစ်မျိုးတွေကလည်း ရှက်စရာ အလွန်ကောင်းတယ်လို့...

Next Post
ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ရန် တောင်းဆိုနေကြသည် / ဧရာဝတီ

ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတဝန်း အဓမ္မပြုကျင့်မှု တရာကျော်ဖြစ်ပွား

အဆိုတော် ရွှေထူး “စိတ်ကူးယဉ်စာအုပ်” DVD မိတ်ဆက်ပွဲ မြင်ကွင်း / သီဟတိုး / ဧရာဝတီ

အဆိုတော် ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်” DVD မိတ်ဆက်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate