• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တလပြည့် YBS အခက်အခဲများ နှင့် ရန်ကုန်

by ခင်ဦးသာ
19 February 2017
in ဆောင်းပါး
A A
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ကားများ / ချမ်းစွန်း / ဧရာဝတီ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ကားများ / ချမ်းစွန်း / ဧရာဝတီ

10.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း စနစ်သစ် YBS (Yangon Bus Service) များ ပြေးဆွဲနေသည်မှာ ဖေဖော်ဝါရီ လ ၁၆ ရက်နေ့တွင် တလ ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။

သိသာသည့် ပြောင်းလဲမှုများ မရှိသေး၍ ခရီးသွား ပြည်သူများကြား ဝေဖန်သံများ အပြင် စိတ်ပျက်သံများလည်း ကြား နေရသည်။

ခရီးသည်များ၏ အဓိက အခက်အခဲများမှာ ရုံးတက်၊ ရုံးဆင်းချိန်များတွင် ပြည့်ကျပ်နေသည့် ကားများကို တိုးစီးရခြင်း၊ လုပ်ငန်းခွင်သို့ အချိန်မီ မရောက်နိုင်ခြင်း၊ အဆင့်ဆင့် စီးရခြင်း၊ ငွေပိုကုန်ခြင်း၊ အချိန်ကုန်ခြင်း၊ ရွေးချယ်စရာ ယာဉ် လိုင်း မရှိခြင်း၊ ညနေ အလုပ်ပြန်ချိန်တွင် ကားရှား၍ အခက်အခဲ ဖြစ်ခြင်း စသည်တို့ဖြစ်ကြောင်း ခရီးသည်များက ပြော ဆို ကြသည်။

YBS ပြေးဆွဲစဉ်က အခက်အခဲများသည် သီတင်းပတ် အနည်းငယ်တွင် အဆင်ပြေသွားမည်ဟု ခရီးသည် အများစုက ယူဆထားကြသည်။

YBS စနစ် ပြောင်းလဲမှုကို ထောက်ခံအားပေးသူ တချို့လည်း ရှိသည်။

မြောက်ဒဂုံ မှ ဆူးလေအထိ သွားရောက်၍ နေ့စဉ် အလုပ်ဆင်းနေသည့် မခိုင်သဇင်မျိုးက YBS ကို ကြိုဆိုထောက်ခံ ကြောင်း ဧရာဝတီသို့ ပြောသည်။

မခိုင်သဇင်မျိုး က “မြို့ထဲက စတိုးဆိုင်မှာ လုပ်တာဆိုတော့ ညနေ အိမ်ပြန်ရင် ဘီအမ် အောက်ဆိုက် ကားတွေပဲ စီးရ တယ်၊ ပိုက်ဆံ ပိုပေးရတယ်၊ တခါတလေ တထောင်တန် တက္ကစီကားနဲ့ ပြန်ရတယ်၊ အခုတော့ YBS ကို ဂိတ်က သွား စီးရင် နေရာလည်းရတယ်၊ ဂိတ်စဂိတ်ဆုံး ၂၀၀ ပဲကုန်တော့တယ်”ဟု ပြောပြသည်။

ရန်ကုန်မြို့တခွင်၌ နေ့စဉ် ခရီးသွားပြည်သူ ၂ သန်းကျော် အနက် YBS နှင့် အဆင်ပြေသူ ဦးရေသည် လက်ချိုး ရေတွက် လို့ပင် ရနိုင်သည့် အနေအထား ဖြစ်နေသည်ကို တွေ့မြင်ရသည်။ မြို့တွင်းနှင့် ဝေးလံသည့် မြို့စွန်ဒေသများ တွင် နေထိုင်သူ အများစုသည် အဆင်ပြေမှု မရှိကြပေ။

အထူးသဖြင့် အင်းစိန်၊ ရွှေပြည်သာ စသည်တို့တွင် နေထိုင်သူများသည် ကားအဆင့်ဆင့် စီးနေကြရသည်။

အင်းစိန်သို့ သွားမည်ဆိုပါကဆူးလေမှ စီးလျှင် တဆင့်တည်းသာ စီးရသော်လည်း၊ ယခုအခါ ဗိုလ်တထောင် ကမ်းနား မှ မော်တင်အထိ မြို့ပတ်ကား စီးရပြီး ထိုမှတဆင့် နောက်တဆင့် စီးကာ အိမ်ပြန်ကြရကြောင်း အင်းစိန်တွင် နေထိုင် သူ များက ပြောသည်။

အင်းစိန်တွင် နေထိုင်သူ အမျိုးသမီးတဦးက “ဆူးလေကနေ ၆၁ ကားစီးပြီး အိမ်ပြန်မယ်ဆိုရင် ညနေ ၆ နာရီနောက် ပိုင်း မှာ ကားတွေက သိပ်မရှိတော့ဘူး၊ ရတဲ့ကားကို ကျပ်ညပ်စီးရတယ်၊ အဲဒီလို ကျပ်ညပ်နေတော့ ခါးပိုက်နှိုက် ကြောက်ရတာနဲ့၊ မိန်းကလေးတွေနား အတင်းတိုးကပ်ပြီး အခွင့်အရေးယူတတ်တဲ့ လူတွေကို ကြောက်ရတာနဲ့ အတော့်ကို စိတ်ညစ်စရာ ကောင်းတယ်”ဟု ဆိုသည်။

ထိုသို့ ရန်ကုန်မြို့တွင်း ညပိုင်း သွားလာသူများ အဆင်ပြေစေရန် ညပိုင်း သီးသန့်ပြေးဆွဲသည့် ဘတ်စ်ကားများ စီစဉ် ပေးမည် ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပြောဆိုထား ပါသည်။

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) အနေဖြင့် ပြည်သူများ၏ အခက်အခဲ များကို ပြေလည်ရန် ကြိုးပမ်းနေပြီး လိုင်းသစ်တိုးခြင်း၊ ကားစီးရေ တိုးခြင်း တို့ကို လုပ်ဆောင်သွားမည်ဟု အာဏာပိုင် အဖွဲ့ကလည်း ပြောသည်။

YBS စီးနေကြသည့် ခရီးသည်များ၏ အခက်အခဲများကို စစ်တမ်းကောက်ယူနေပြီး ၃ လ တကြိမ် ပြင်ဆင်မှု ပြုလုပ် သွား မည် ဖြစ်ကြောင်း၊ ၂၀၁၈ တွင် ခေတ်မီသည့် စနစ်တခုကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ဦးဖြိုးမင်းသိန်းက “နောက်ပိုင်းမှာ ကားအသစ်တွေကိုပဲ သုံးမယ်၊ အသစ် ၃၀၀၀ လောက် လျာထားတယ်၊ လက်ရှိ ဆွဲ နေတာတွေထဲက ကောင်းတဲ့ကားတွေနဲ့ ပေါင်းပြီး စနစ်တခုလုံးကိုစီးရေ ၄၅၀၀ လောက်နဲ့ပြေးဆွဲမယ်၊ ၂၀၁၈ မှာတော့ ခေတ်မီတဲ့ စနစ်တခု ဖြစ်သွားမယ်”ဟု ဆိုသည်။

အလားတူ ဘတ်စ်ကား မှတ်တိုင်များကို အဆင့်မြှင့်ရန်ရှိပြီး ကားများအားလုံးတွင် GPS(လမ်းညွှန်မြေပုံ) စနစ် တပ်ဆင် မည် ဖြစ်ကြောင်း၊ ယာဉ်နောက်လိုက်များကိုလည်း နောက်ပိုင်းတွင် လျှော့ချသွားပြီး ငွေပေးကတ် စနစ်ဖြင့် လုပ်ဆောင် မည် ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များနှင့် တိုင်ပင် ဆွေးနွေး နေကြောင်းလည်း ဦးဖြိုးမင်းသိန်း က ပြောဆိုသည်။

YBS ၏ အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာ သန်းဝင်းက “ကားစီးရေ တိုးလာရင်တော့ လူတွေ အဆင်ပြေအောင် တချို့ လိုင်းသစ်တွေ တိုးဖို့ရှိပါတယ်၊ ဒါပေမယ့် ဘယ်ရက် တိုးမယ်ဆိုတာကို လောလောဆယ်မှာ ပြောလို့ မရသေးပါဘူး၊ ကား မှ မရှိသေးတာ”ဟု ဆိုသည်။

လက်ရှိတွင် လိုင်းပေါင်း ၇၉ လိုင်းနှင့်အစီးရေ ၄၀၀၀ ဝန်းကျင်သာရှိသေးသည်။ ကားအစီးရေ တိုးချဲ့နိုင်ရေးအတွက် ပြည်ပမှ တင်သွင်းရန် ပြင်ဆင်နေကြောင်း၊ သို့သော် ပြည်ပမှ ရောက်ရှိလာမည့် အချိန်ကိုအတိအကျ မပြောနိုင်သေး ကြောင်း အာဏာပိုင်အဖွဲ့ က ပြောသည်။

မတ်လသို့မဟုတ် ဧပြီလတွင် ပြည်ပမှကားများ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုကားများ ရောက်ရှိလာပါ က အဆင်ပြေမည် ဖြစ်ကြောင်း၊ ကားသစ်များ ရောက်လာပါက အနည်းငယ် ပြန်လည် ပြင်ဆင်ပြီးသည်နှင့် ပြေးဆွဲနိုင် မည်ဟု YRTA အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် ကလည်း ပြောပြသည်။

ဒေါက်တာ မောင်အောင် က “မတ်လ၊ ဧပြီလလောက် ဆိုရင်တော့ ကားစီးရေ များလာပြီးတော့ အားလုံး အဆင်ပြေ သွားနိုင်မှာပါ၊ ငွေပေးတဲ့ ကတ်စနစ်တွေကိုလည်း လုပ်ပေးသွားမယ်”ဟု ဆိုသည်။

ယာဉ်လိုင်းသစ်များ တိုးချဲ့ပြေးဆွဲခြင်း၊ ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲခြင်းများ လုပ်ဆောင်နိုင်ရန် ကုမ္ပဏီ အသီးသီးသည် ယာဉ်စီးရေ ၁၀၀၀ ဝန်းကျင်ကို ပြည်ပမှ မှာယူထားသော်လည်း လက်ရှိတွင် အစီးရေ ၁၀၀ ခန့်သာ ရောက်ရှိသေး ကြောင်း YBS အဖွဲ့က ပြောသည်။

ယခင် မ.ထ.သ တွင် လိုင်းပေါင်း ၃၀၀ ကျော်အထိရှိပြီး ကားအစီးရေ ၇၀၀၀ ကျော်ဖြင့် ပြေးဆွဲခဲ့ကြောင်း သိရသည်။

လက်ရှိပြေးဆွဲနေသည့် လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များသည် YBS စတင် ပြောင်းလဲချိန်တွင် စည်းကမ်း လိုက်နာမှု ရှိခဲ့သော်လည်း တဖြည်းဖြည်း စည်းကမ်းဖောက်ဖျက်မှုများ ရှိလာသည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားနေကြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
592

စည်းကမ်း ဖောက်မှုတွင် ဂိတ်စဂိတ်ဆုံး မောင်းနှင်မှု မရှိခြင်း၊ ပြိုင်မောင်းခြင်း၊ သတ်မှတ်ချိန် အတိအကျ မမောင်းခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ စည်းကမ်း ဖောက်ဖျက်မှုများအတွက် ထိုယာဉ်လိုင်းများကို တာဝန်ယူထားသည့် သက်ဆိုင်ရာ ကုမ္ပဏီများက အရေးယူရန် ညွှန်ကြားထားကြောင်း၊ ယာဉ်မောင်းများနှင့် ယာဉ် နောက်လိုက်များကိုလည်း ပညာပေးမှု လုပ်ဆောင် မည့် အစီအစဉ်များရှိပြီး စည်းကမ်း ဖောက်ဖျက်သူများအား ထိရောက်စွာ အရေးယူမှုများ ပြုလုပ်နေကြောင်း YBS အာဏာပိုင် အဖွဲ့ က ပြောသည်။

YBS စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ လကုန်အထိ တိုင်စာပေါင်း တထောင်ကျော်ရှိပြီး ကဏ္ဍအလိုက် အရေးယူထားသည့် အမှုပေါင်း ၆၀ ကျော် ရှိနေကြာင်း ဒေါက်တာ မောင်အောင်ကလည်း ပြောသည်။

စည်းကမ်း ဖောက်ဖျက်သူအား အထောက်အထား ခိုင်လုံစွာဖြင့် YBS မှ ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း YBS က ကြေညာထားသည်။

တိုင်ကြားခံရသူသည် အမှန်တကယ် စည်းကမ်း ဖောက်ဖျက်ပါက ချက်ချင်း အရေးယူမည်ဖြစ်ပြီး ၎င်းတို့၏ လိုင်စင် အား သိမ်းယူမည် ဖြစ်ကာ လိုင်စင်သိမ်းခံရသူများ အနေဖြင့်လည်း မည်သည့် ယာဉ်လိုင်းတွင်မှ မောင်းနှင်ခွင့် ရှိတော့မည် မဟုတ်ဟု YBS အာဏာပိုင်အဖွဲ့ က ပြောသည်။

ဒေါက်တာ မောင်အောင်က “လူတယောက်က တနေရာမှာ ပြစ်မှုကျူးလွန်တယ် ဆိုရင် တခြား ဘယ်ယာဉ်လိုင်းမှာမှ ဝင်လုပ်ခွင့် မရှိတော့ပါဘူး၊ ကုမ္ပဏီတွေကိုလည်း အမှတ်ပေးဇယားနဲ့ လုပ်ဆောင်ဖို့ ပြောထားတာတွေ ရှိပါတယ်” ဟု ပြောဆိုသည်။

ပြိုင်မောင်းသည့် ယာဉ်မောင်းသူများကို အရေးယူမည်ဟု အာဏာပိုင်အဖွဲ့က ပြောဆိုသော်လည်း ယာဉ်မောင်းတချို့ သည် ရုံးတက် ရုံးဆင်း လူကျပ်သည့် အချိန်များတွင် ပြိုင်ဆိုင်မောင်းနေကြဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကလည်း ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ ပြုတ်ကျ၍ အမျိုးသမီးတဦး သေဆုံးမှု ဖြစ်ပွား ခဲ့သေးသည်။

လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို ရုံးချိန်များတွင် ၂ မိနစ် သို့မဟုတ် ၅ မိနစ်လျှင် တစီး ပြေးဆွဲရန် သတ်မှတ် ပေးထားသော်လည်း တချို့လိုင်းများသည် သတ်မှတ်ချိန်အတိုင်း ပြေးဆွဲခြင်းလည်း မရှိပေ။

YBS ယာဉ်လိုင်းအများစုတွင် ယာဉ်စီးခပေးဆောင်ရန် ငွေထည့်ပုံးများ တပ်ဆင်ထားသော်လည်း တလပြည့်ချိန်တွင် ယခင် မ.ထ.သ စနစ်ကဲ့သို့ ယာဉ်နောက်လိုက် ကိုယ်တိုင်ပင် ကောက်ခံတော့သည်။

ထိုချို့ယွင်းချက်သည် ခရီးသည်များ ဘက်ကလည်း ငွေထည့်ပုံးများတွင် ကျသင့်ငွေ ပေးဆောင် စီးနင်းခြင်းကို မလိုက် နာခြင်းလည်း ပါဝင်သည်ကို သိရသည်။

YBS အာဏာပိုင်အဖွဲ့ ကလည်း ယာဉ်စီးခ ပေးဆောင်သည့် စနစ်ကို စနစ်တကျ ဖြစ်စေရန် တဖြည်းဖြည်း ဆောင်ရွက် မှ သာ အဆင်ပြေမည်ဟု ပြောသည်။

စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်လိုင်းအား ပိတ်သိမ်းသွားမည် ဖြစ်ပြီး တာဝန်ယူထားသည့် ကုမ္ပဏီကိုပါ အရေးယူ သွားမည်ဟု ဦးဖြိုးမင်းသိန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ဦးဖြိုးမင်းသိန်းက “ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ၊ ယာဉ်ပိုင်ရှင်တွေ ပြည်သူ့မျက်နှာ မကြည့်ဘဲ လုပ်ချင်ရာ လုပ်မယ် ဆိုရင် ချန်ထားခဲ့မယ်”ဟုလည်း ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်း သွားလာရေး အတွက် ခရီးသွား ပြည်သူများက ရထား အသုံးပြုမှုလည်း များပြားလာပြီး အစိုးရ အာဏာပိုင်အဖွဲ့ကလည်း မြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်းများကို လုပ်ဆောင်နေသည်။

ထို့အပြင် မြစ်တွင်းသွား ရေကြောင်း သယ်ယူပို့ဆောင်ရေး အဖြစ် Water Taxi (အမြန်ရေယာဉ်) ပြေးဆွဲခြင်းကို လာ မည့် မေလဆန်းတွင် စတင်ပြေးဆွဲနိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယင်း Water Taxi ခရီးစဉ်လမ်းကြောင်းကို ရန်ကုန်မြစ် နှင့် လှိုင်မြစ်တွင် လှိုင်သာယာမှ ပန်းဆိုးတန်း ခရီးစဉ် အထိ ဆိပ်ကမ်း ၇ ခု၊ ငမိုးရိပ်ချောင်းတွင် ဒဂုံမြို့သစ် မြောက်ပိုင်းမှ ညောင်တန်း ခရီးစဉ်အထိ ဆိပ်ကမ်း ၁၁ ခုကို လျာထား ကြောင်း သိရသည်။  ။

Your Thoughts …
Tags: YBS
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ရန်ကုန် လေဆိပ်မှ မြို့တွင်းသို့ ပြေးဆွဲနေသော YBS ယာဉ်တစီးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

by အောင်သီဟ
17 May 2019
18.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း

ယခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် YBS ကားများ  / ထက်ဝေ / ဧရာဝတီ

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

by အောင်သီဟ
8 June 2020
28.8k

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေ သော YBS ယာဉ်များ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း  / ဧရာဝတီ

ဦးနေဝင်း မိသားစု နှင့် စစ်တပ်ပိုင်ကုမ္ပဏီတို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်

by ဧရာဝတီ
29 January 2023
4.9k

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင် / ဧရာဝတီ

ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်

by မျိုးပပစန်း
11 October 2019
11k

ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
33.5k

ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့် ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်

ဒီဇိုင်း- ကျော်မျိုးထိုက်/ဧရာဝတီ

ခရမ်းပြာ ဝေဒနာ၊ YBS ညည်းချင်း

by မောင်ကေ
29 April 2017
35.9k

ကွီးလို့အများခေါ်ကြတဲ့ ရွှေကိုယ်တော် ဝန်ကြီးချုပ်ရဲ့မဟာစီမံကိန်း ဝိုင်ဘီအက်စနစ်ကို ရန်ကုန်မြို့နေ သဟာ ဆွေ (MPTဆွေသဟာနဲ့ဘာမျှ မဆိုင်) တို့ မေးခွန်းထုတ်နေချိန် ရွှေကိုယ်တော် ခွင့်တော်တင်ပြီး နှုတ်တော်ဆွံ့နေလို့ပဲ ဖြစ် ပါတယ်။

Next Post
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ပစ်ခတ်မှုဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ပစ်ခတ်မှုဖြစ်ပွား

ပန်းတောင်းမြို့နယ် ဖိုးဦးတောင်ရွာသစ်အနီး ဧရာဝတီ မြစ်အတွင်း ကျောက်စုပ်နေသည့် စက်လှေများ / ကောင်းမြတ်မင်း

ဧရာဝတီ မြစ်အတွင်း ကျောက်စရစ်ထုတ်ယူမှု ဒေသခံများကန့်ကွက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved