• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သက်တမ်းဝက် ရွေးကောက်ပွဲမှာ ထရမ့် စိတ်ပူစရာလိုသလား

by ဧရာဝတီ
5 November 2018
in ဆောင်းပါး
A A
ကယ်လီဖိုးနီးယား ပြည်နယ် နောဝက်ဒေသတွင် ကြိုတင်မဲ ပေးနေစဉ် / Reuters

ကယ်လီဖိုးနီးယား ပြည်နယ် နောဝက်ဒေသတွင် ကြိုတင်မဲ ပေးနေစဉ် / Reuters

8.7k
VIEWS
Share on FacebookShare on Twitter

အင်္ဂါနေ့တွင် အမေရိကန် နိုင်ငံသားများ မဲပေးသောအခါ ဒေါ်နယ်ထရမ့်အပေါ် မဲခွဲဆုံးဖြတ်ခြင်း မဟုတ် သော်လည်း ထိုရွေးကောက်ပွဲများသည် သူ၏ သမ္မတသက်တမ်း လက်ကျန် အချိန်ကို ပုံဖော်ပေးမည် ဖြစ်သည်။

မဲဆန္ဒရှင်များသည် အထက်လွှတ်တော်အမတ် ၃၅ ဦး၊ အောက် လွှတ်တော်အမတ် ၄၃၅ နေရာစလုံး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ၃၆ ဦးနှင့် ဒါဇင်ပေါင်း များစွာသော ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ် ကြမည် ဖြစ်သည်။

လက်ရှိအခြေအနေတွင် လွှတ်တော် နှစ်ရပ်စလုံးကို သမ္မတထရမ့်၏ ရီပတ်ဗလစ်ကန် ပါတီက ထိန်းချုပ်ထား သောကြောင့် ထိုရွေးကောက်ပွဲ များသည် အရေးပါသည်ဟု ဆိုရမည်။

ဒီမိုကရက်များက အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါက ထရမ့်၏ သမ္မတသက်တမ်း လက်ကျန် ၂ နှစ်ကို ကြီးမားစွာ အကန့်အသတ် ဖြစ်စေနိုင်သောကြောင့် ထို ရွေးကောက်ပွဲ များသည် အရေးပါနေခြင်း ဖြစ်သည်။

အောက်လွှတ်တော် နေရာ အများအပြားတွင် အပြောင်းအလဲ များစွာရှိနိုင်ပြီး လက်ရှိအခြေအနေအရ အများစုကို ရီပတ်ဗလစ်ကန်များက ရရှိထားသည်။

ကိုယ်စားလှယ် နေရာအားလုံးဖြစ်သော ၄၃၅ နေရာစလုံးကို နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး နေရာ ၅၀ ရာခိုင်နှုန်းတွင် အပြောင်းအလဲဖြစ်ကာ ထိပ်တန်း ဒီမိုကရက်များက ထိုနေရာများကို ထိန်းချုပ်လိမ့်မည် ဟု သုတေသီများက ခန့့်မှန်းကြသည်။

အထက်လွှတ်တော်မှ ရီပတ်ဗလစ်ကန် ထိန်းချုပ်နေရာ ကိုးနေရာအတွက်သာ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရက်တို့ ထိန်းချုပ်သော နေရာ ၂၄ နေရာနှင့် ၎င်းတို့ကို ထောက်ခံသော တသီးပုဂ္ဂလ နေရာနှစ်ခုအတွက် ရွေးကောက်ပွဲများ ကျင်းပသောကြောင့် အထက်လွှတ်တော်တွင်မူ ရီပတ်ဗလစ်ကန်တို့၏ အနေအထား ကောင်းနေသည်ဟု ဆိုရပေမည်။ စုစုပေါင်း နေရာ ၁၀၀ အနက် ၃၅ နေရာသာ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရသည်။

ထရမ့်နှင့် ပတ်သက်သော ဆန္ဒခံယူပွဲ ဖြစ်နေ

သမ္မတသက်တမ်းဝက်တွင် ကျင်းပသော ရွေးကောက်ပွဲများသည် သမ္မတနှင့် ပတ်သက်သော လူထုဆန္ဒခံယူပွဲ ဖြစ်လေ့ရှိပြီး အိမ်ဖြူတော်ကို ထိန်းချုပ်ထားသော ပါတီအတွက် သတင်းဆိုးများ ဖြစ်စေတတ်သည်။

သမ္မတ သက်တမ်းဝက်တွင် ကျင်းပခဲ့ကြသည့် ၁၉၃၄ ခုနှစ် နောက်ပိုင်း ရွေးကောက်ပွဲ ၂၁ ကြိမ်တွင် အာဏာရ ပါတီသည် အောက်လွှတ်တော်တွင် သုံးကြိမ်နှင့် အထက်လွှတ်တော်တွင် ငါးကြိမ်သာ အသာစီးရခဲ့သည်။

သမ္မတအပေါ် လူထု ထောက်ခံမှုနှုန်းသည် သက်တမ်းဝက် ရွေးကောက်ပွဲတွင် သူ၏ပါတီ အခြေအနေ မည်သို့ ရှိမည်ကိုပြသည့် လက္ခဏာကောင်းပင် ဖြစ်သည်။ သို့သော် ထရမ့်အပေါ်လူထု ထောက်ခံမှုနှုန်းမှာ ရာထူး လက်ခံပြီးချိန်မှ စတင် ကျဆင်းနေပြီး လက်ရှိအချိန်တွင် ၄၂ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိနေသည်။

နှိုင်းယှဉ် ကြည့်ပါက ၂၀၁၀ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်မီ သမ္မတ အိုဘားမားအပေါ် လူထု ထောက်ခံမှုနှုန်းမှာ ၄၅ ရာခိုင်နှုန်း ရှိပြီး ထိုရွေးကောက်ပွဲတွင် ဒီမိုကရက်တို့သည် အမေရိကန် သမိုင်းတွင် အဆိုးဆုံး ရွေးကောက်ပွဲအရှုံး တချို့ကို ရင်ဆိုင်ခဲ့ရသည်။

မဲဆန္ဒရှင်များက မည်သည့်ပါတီကို ထောက်ခံသည်ကို ပြသသော ယေဘုယျ မဲဆန္ဒ စစ်တမ်းသည်လည်း ရီပတ်ဗလစ်ကန် တို့အတွက် အာမခံချက်များများ မပေးလှပေ။ ထိုစစ်တမ်းအရ ဒီမိုကရက်တို့သည် ၈ ရာခိုင်နှုန်း တက်လာသည်။

ရီပတ်ဗလစ်ကန်တို့ စံချိန်တင် အငြိမ်းစားယူ

ကွန်ဂရက် ကိုယ်စားလှယ်များ၏ ပျှမ်းမျှအသက်မှာ ၆၀ ဖြစ်သောကြောင့် ကိုယ်စားလှယ်များ အငြိမ်းစားယူခြင်းမှာ အံ့သြဖွယ် မဟုတ်ပေ။ သို့သော် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုဘဲ နုတ်ထွက်သော ရီပတ်ဗလစ်ကန် ကိုယ်စားလှယ် အရေအတွက်မှာ အတော်အတန် မြင့်မားနေသည်။

ရီပတ်ဗလစ်ကန် ကိုယ်စားလှယ် ၃၀ ကျော်တို့ အငြိမ်းစားယူကြောင်း ကြေညာကြပြီး နုတ်ထွက်ကြသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးမှု စွပ်စွဲချက်များကြောင့် နုတ်ထွက်ရသူ အနည်းငယ်လည်း ရှိသကဲ့သို့ တခြား ရွေးကောက်ခံ ရာထူးအတွက် နုတ်ထွက်သူလည်း ရှိသည်။

၂၀၁၈ ခုနှစ်တွင် ရီပတ်ဗလစ်ကန် နုတ်ထွက်မှု စံချိန်သစ်တင်သည်။

နုတ်ထွက်သူ အများအပြားက လွန်စွာ တဖက်သတ်ဆန်သော အနေအထားနှင့် ထရမ့်ကြောင့် နုတ်ထွက်သည်ဟု အကြောင်းပြပြီး “ကျနော်လုပ်နေရတဲ့ အလုပ်က ကျန်းမာရေး အာမခံတို့၊ အခွန်မူဝါဒတို့ အကြောင်း ဖြေရတာမဟုတ်ဘဲ ထရမ့်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေချည်း ဖြေနေရတယ်” ဟု နုတ်ထွက်သွားသူတဦးက CNN သတင်းဌာနသို့ ပြောခဲ့သည်။

လူတဦးချင်း အသိအမှတ်ပြုမှု များပြားလာခြင်းနှင့် ရန်ပုံငွေ ရှာဖွေနိုင်မှု များကြောင့် လက်ရှိ ကိုယ်စားလှယ် များသည် ၎င်းတို့ကို စိန်ခေါ်သူများအား နိုင်ရန် အလားအလာကောင်းကြောင်း စစ်တမ်းများက ပြသ နေသောကြောင့် ဒီမိုကရက်တို့အတွက် သတင်းကောင်း ဖြစ်နေသည်။

အမျိုးသမီးကိုယ်စားလှယ်လောင်း စံချိန်တင် များပြား

ဒေါ်နယ်ထရမ့်၏ ကျေးဇူးကြောင့် ဒီမိုကရက်တို့အတွက် လူသစ်များစွာရရှိပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်း ယခုနှစ်တွင် ဒီမိုကရက်တို့သည် ရီပတ်ဗလစ်ကန်တို့ထက် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ပိုမိုများပြားစွာ ယှဉ်ပြိုင်ကြသည်။

အောက်လွှတ်တော်အတွက် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းသူ ၁၅၀၀ ကျော်ရှိပြီး လွန်ခဲ့သော သက်တမ်းဝက် ရွေးကောက်ပွဲထက် ၅၀၀ ပိုမိုများပြားသည်။ ၎င်းတို့အနက် ပါတီက အတည်ပြုပေး သူများတွင် အမျိုးသမီး ၁၉၈ ဦးပါဝင်ပြီး စံချိန်သစ် တင်နေပြန်သည်။

၂၀၁၈ ခုနှစ်သည် ဒီမိုကရက်တို့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် စံချိန်တင်သော နှစ်ဖြစ်သည်။

အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် အကြီးအကျယ် မြင့်မားလာသောကြောင့် ၂၀၁၈ ခုနှစ်သည် အမျိုးသမီးများနှစ် နောက်တကြိမ် ပြန်လည်ဖြစ်လာမည် ဟုပင် သုတေသီများက ခန့်မှန်းနေကြသည်။ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲတွင် ကွန်ဂရက် ကိုယ်စားလှယ်များ၌ အမျိုးသမီးအရေအတွက် နှစ်ဆ တိုးလာသောကြောင့် ထိုနှစ်ကို အမျိုးသမီးများနှစ် အဖြစ် ရည်ညွှန်း ပြောဆိုကြသည်။

လက်ရှိ အနေအထားအရ ကွန်ဂရက်တွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း ပါဝင်ပြီး ထိုသို့ အရေအတွက် နိမ့်ကျနေရခြင်းမှာ အမျိုးသမီးများက နိုင်ငံရေး ရာထူးအတွက် ယှဉ်ပြိုင်ရန် စိတ်အား ထက်သန်မှု မရှိခြင်းကြောင့် ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ထိပါးမှုများဖြင့် စွပ်စွဲခံရပြီး လိင်ခွဲခြားသည့် မှတ်ချက်များပေးသည့် သမိုင်းရှိသူ ထရမ့်ကို ဟီလာရီကလင်တန်က မမျှော်လင့်ဘဲ ရူံးနိမ့်ရခြင်းသည် အမေရိကန် အမျိုးသမီးများအတွက် နိုးကြားစေသော ကာလ ဖြစ်စေခဲ့ပုံရသည်။

ဒီမိုကရက်တို့ ထုံးစံမဲပေးမှု အနေအထား ပြောင်းရန်လို

သက်တမ်းဝက် ရွေးကောက်ပွဲများသည် သမ္မတ ရွေးကောက်ပွဲလောက် စိတ်လှုပ်ရှားစရာ မကောင်းလှ သောကြောင့် မဲပေးသည့် လူအရေအတွက် နည်းပါးလေ့ရှိသည်။ သမ္မတ ရွေးကောက်ပွဲတွင် မဲပေးသူ အရေအတွက် ၆၀ ရာခိုင်နှုန်း ရှိပြီး သက်တမ်းဝက် ရွေးကောက်ပွဲတွင် မဲပေးသူမှာ ၄၀ ရာခိုင်နှုန်း ခန့်သာ ရှိတတ်သည်။

၂၀၁၄ ခုနှစ် သက်တမ်းဝက် ရွေးကောက်ပွဲတွင် မဲပေးသူမှာ ၃၅.၉ ရာခိုင်နှုန်းသာရှိပြီး ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း သက်တမ်းဝက် ရွေးကောက်ပွဲများတွင် မဲပေးသူ အနည်းဆုံးဖြစ်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲ စီမံချက်၏ အဆိုအရ သိရသည်။

သက်တမ်းဝက် ရွေးကောက်ပွဲများတွင် မဲပေးသူများသည် သမ္မတ ရွေးကောက်ပွဲတွင် မဲပေးသူများထက် အသက်အရွယ် ပိုကြီးပြီး လူဖြူပိုများသောကြောင့် မဲပေးသူ အရေအတွက် နည်းပါးခြင်းသည် ရီပတ်ဗလစ်ကန် တို့အတွက် အနေအထား ပိုမို ကောင်းမွန်စေသည်။

လူငယ်၊ အမျိုးသမီးနှင့် လူနည်းစုများ အကြားတွင် ထရမ့်ကို မနှစ်မြို့မှုကြောင့် ယခု သက်တမ်းဝက် ရွေးကောက်ပွဲတွင် ထိုသူများ ပိုမိုတက်ကြွစွာ ပါဝင်မည်ဟု ဒီမိုကရက်တို့ မျှော်လင့်နေသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
93
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
991

မတ်လက တက္ကဆက်တွင် ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ အခြေခံ ရွေးကောက်ပွဲတွင် မဲပေးသူ ၁ သန်းရှိပြီး လွန်ခဲ့သော လေးနှစ်က ထိုရွေးကောက်ပွဲထက် နှစ်ဆကျော် ရှိလာသော်လည်း ထိုပမာဏသည်ပင် ရီပတ်ဗလစ်ကန် အတွက် မဲပေးသူ ၁ သန်းခွဲအောက်တွင်သာ ရှိနေသေးသည်။ တက္ကဆက်သည် ဒီမိုကရက် တို့အတွက် အလှမ်းမမီသော နေရာဖြစ်နိုင်သော်လည်း တခြား ပြည်နယ်များတွင် အလားတူ မဲပေးသူ အရေအတွက် ရှိပါက ဒီမိုကရက်တို့အတွက် မဲပေးသူ များလာနိုင်သည်။

ရှုံးလျှင် ထရမ့် စွဲချက်တင်ခံရမည်လား

လွှတ်တော်တွင် လက်ရှိအချိန်အထိ ထရမ့်၏ အကြီးမားဆုံး အောင်ပွဲမှာ အမေရိကန် အခွန်စနစ်ကို အကြီးအကျယ် ပြုပြင်လိုက်ခြင်း ဖြစ်သော်လည်း လွှတ်တော် နှစ်ရပ်စလုံးတွင် ရီပတ်ဗလစ်ကန် အများစု ဖြစ်သောကြောင့်သာ ထိုစနစ်ကို ဥပဒေ အဖြစ် အတည်ပြုနိုင်ခြင်း ဖြစ်သည်။

လွှတ်တော်နှစ်ရပ်လုံး သို့မဟုတ် တရပ်ကို ဒီမိုကရက်တို့ ထိန်းချုပ်လိုက်ပါက လက်ကျန်သက်တမ်းတွင် ထရမ့်၏ ဆောင်ရွက်ချက်များကို ကန့်သတ်နိုင်မည်ဖြစ်သည်။

အရေးပါသော လွှတ်တော်ကော်မတီများကို ဒီမိုကရက်တို့ ထိန်းချုပ်လိုက်ပါက ထရမ့်၏ စီးပွားရေးကိစ္စများနှင့် သူ့ကို စွပ်စွဲထားသော လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ အပါအဝင် ကိစ္စများကို ကြီးကြပ် စုံစမ်းစစ်ဆေး နိုင်မည်ဖြစ်သည်။

ဒီမိုကရက်တို့ အောက်လွှတ်တော်ကို ထိန်းချုပ်လိုက်ပါက ထရမ့်ကို စွဲချက်တင်မည့်အသံ ပိုမို ကျယ်လောင် လာနိုင်သော်လည်း ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ်များက ထရမ့်ကို သစ္စာမဖောက်လျှင် အချည်းနှီးသာ ဖြစ်သည်။ သူ့ကို ရာထူးမှဖယ်ရှားရန် အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံက ထောက်ခံရန်လိုသည်။ သမ္မတများတွင် အင်ဒရူးဂျွန်ဆင်နှင့် ဘီလ်ကလင်တန်တို့ နှစ်ဦးသာ သမိုင်းတွင် စွဲချက်တင်ခံရဖူးပြီး ၎င်းတို့ကို အထက်လွှတ်တော်က စစ်ဆေး၍ ပြစ်ဒဏ် လွတ်ငြိမ်းစေခဲ့သည်။ ရစ်ချတ်နစ်ဆင်မှာမူ ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းက ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် သူ့ကို စွဲချက်မတင်မီ နုတ်ထွက်ခဲ့သည်။

ဒီမိုကရက်တို့ အနေဖြင့် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲကျမှသာ ထရမ့်ကို ဖယ်ရှားရန် ပိုမိုကောင်းသော အခြေအနေ ရှိနေသည်။

စွဲချက်တင်ရန် ဆုံးဖြတ်ချက်ကို မည်သည့် အောက်လွှတ်တော် ကိုယ်စားလှယ်ကမဆို တင်သွင်းနိုင်သော်လည်း အထက်လွှတ်တော်သို့ တင်ရန် အများစုက ထောက်ခံရန် လိုသည်။ အောက်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အဖွဲ့က အထက်လွှတ်တော်တွင် တရားလို အဖြစ် ဆောင်ရွက်ပြီး ကြားနာကာ အထက်လွှတ်တော်က ဂျူရီလူကြီးများ အဖြစ် ဆုံးဖြတ်မည်ဖြစ်သည်။

သမ္မတသည် ခုခံခြေပရန် ရှေ့နေ ခန့်အပ်နိုင်သည်။ ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က မဲခွဲပြီး အနည်းဆုံး သုံးပုံနှစ်ပုံက အပြစ်ရှိသည်ဟု ဆုံးဖြတ်မှသာ သမ္မတကို ဖယ်ရှားနိုင်သည်။

ကိုးကား ။ ။ BBC

Your Thoughts …
Tags: ထရမ့်သက်တမ်းဝက် ရွေးကောက်ပွဲအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
ရေစိုခံနိုင်တဲ့ Honor ရဲ့ WaterPlay Tablet

ရေစိုခံနိုင်တဲ့ WaterPlay Tablet ကို Honor မိတ်ဆက်

အချုပ်ချခံ သမဝါယမ ဦးစီးမှူး (ထိုင်ခုံထိပ်တွင် ထိုင်နေသူ) ကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် / Ko Ko Zaw's Facebook

ရမည်းသင်းမြို့နယ် သမ ဦးစီးမှူးနှင့်အဖွဲ့ ငွေအလွဲသုံးမှုဖြင့် အချုပ်ခံထားရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved