• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်မြင့်မြင့်စိန်ဖြစ်ရပ်က ကျန်းမာရေးလုပ်သားများဘဝကို မီးမောင်းထိုးပြနေ

by စမ်းယမင်းအောင်
2 May 2020
in ဆောင်းပါး
A A
မေ့ဆေးဆရာဝန် ဒေါ်မြင့်မြင့်စိန်

မေ့ဆေးဆရာဝန် ဒေါ်မြင့်မြင့်စိန်

14.8k
VIEWS
Share on FacebookShare on Twitter

သေဆုံးနိုင်သည့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်သည်ကို သိသော်လည်း ရောဂါပြင်းထန်သော အခြေအနေရောက်နေသည့် လူနာကို ကယ်တင်ရန် အသက် ၅၈ နှစ်အရွယ် မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မျက်နှာအကာအကွယ်ကို ချွတ်လိုက်ပြီး အသက်ရှူပိုက်ထည့်ဖို့ ကြိုးစားခဲ့သည်။ သိုသော် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါအမျိုးအစားကို ခံစားနေရသည့် အဆိုပါလူနာသည် နောက်ပိုင်းတွင်သေဆုံးခဲ့ပြီး ဒေါက်တာမြင့်မြင့်စိန်သည်လည်း ကိုဗစ်-၁၉ တိုက်ပွဲအတွင်း ပထမဆုံးကူးစက်ခံခဲ့ရသည့်ဆရာဝန် ဖြစ်လာခဲ့သည်။

“လူနာ အသက်ရှူပိုက်ထည့်ဖို့ လိုအပ်ချိန်မှာ Video laryngoscope (လေပြွန်တွင်းကြည့်ကိရိယာ) မရှိ၊ PPE (တကိုယ်ရည်ကာကွယ်ရေးဝတ်စုံ) ကလည်း ဝတ်ထားရတော့ အသက်ရှူပိုက်ထည့်ဖို့ မမြင်ရတဲ့အတွက် ကျမ eye shield ကိုဖယ်ပြီး ကြိုးစားပါတယ်”  ဟု မေ့ဆေးဆရာဝန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဧပြီလ ၂၈ ရက် အင်္ဂါနေ့က ပြုလုပ်သည့် ဗီဒီယို ကွန်ဖရင့်တွင် သူ ရောဂါကူးစက်ခံခဲ့ရပုံကို ပြောပြသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်တိုင်း အသီးသီးမှ ကိုဗစ်-၁၉ ကာကွယ်ကုသတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများနှင့် ဗီဒီယိုကွန်ဖရင့်များကို ပုံမှန်ပြုလုပ်ခဲ့သည်။ အင်္ဂါနေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာဒေါ် မြင့်မြင့်စိန်နှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်ကောင်းမွန်လာပြီဖြစ်သည့် ချင်းပြည်နယ်မှ တဦးနှင့် မန္တလေးတိုင်းမှ တဦးတို့နှင့် ဆွေးနွေးခဲ့သည်။ ဒေါက်တာမြင့်မြင့်စိန်က သူမ ယခု တက်ရောက်ကုသခံလျက်ရှိသည့် ရန်ကုန် ဝေဘာဂီဆေးရုံ လူနာအခန်းကနေ ပါဝင်ဆွေးနွေးခဲ့သည်။

ထိုဗီဒီယို ဆွေးနွေးပွဲအတွင်း ဒေါက်တာမြင့်မြင့်စိန်သည် ပဲခူးတိုင်း ပြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို သူ၏အဖွဲ့ငယ်လေးက ကုသပေးရာတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်တိုက်ပွဲအတွက် သူ၏ အကြံဉာဏ်များကို ပြောပြခဲ့သည်။ သူသည် ကျန်းမာရေးဝန်ထမ်းများ လက်တွေ့တွင် အမှန်တကယ် လိုအပ်နေသည့်အချက်များကို မီးမောင်းထိုးပြနိုင်ခဲ့သည်။

အခြား တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ ကို ရှေ့တန်းက တိုက်ပွဲဝင်နေသည့် သူ၏လုပ်ဖော်ကိုင်ဖက်များ ဆေးပစ္စည်းအထောက်အပံ့ လိုအပ်ချက်ကြောင့် သူ့လို ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ကြောင်းပြောခဲ့သည်။

“Video laryngoscopes က ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာ မရှိမဖြစ်ပစ္စည်းပါပဲ။ အဲ့ဒါမရှိရင်တော့ လက်နက်မရှိပဲ စစ်တိုက်ရတာနဲ့တူပါတယ်” ဟု ယခု ကိုဗစ်-၁၉  အတည်ပြုလူနာတဖြစ်လဲ ဒေါက်တာ ဒေါ်မြင့်မြင့်စိန်က နိုင်ငံတော် အတိုင်ပင်ခံကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံနှင့် ဗီဒီယိုကွန်ဖရင့်ဆွေးနွေးဝိုင်းတွင် တွေ့ရသော ဒေါက်တာဒေါ်မြင့်မြင့်စိန်

ပဲခူးတိုင်းတွင် အကြီးဆုံး ဆေးရုံများအနက်တခုဖြစ်သော်လည်း ပြည် ကုတင် ၅၀၀ ဆေးရုံတွင် မေ့ဆေးဆရာဝန် နှစ်ဦးသာရှိပြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်နှင့် လက်ထောက်တဦးတို့သာ ဖြစ်သည်။ ထိုဆေးရုံသည် ၎င်း၏ အထူးကြပ်မတ်ကုသဆောင်အတွက် စနစ်တကျ လေ့ကျင့်ပေးထားသည့် ဝန်ထမ်းလည်း မရှိသည့်အတွက် သူ၏လက်ထောက်နှင့် သူနာပြုအနည်းငယ် ပါသော အဖွဲ့ငယ်ကသာ ထိုဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများကို ကုသရန် ရုန်းကန်ခဲ့ကြရသည်။

N 95 နှာခေါင်းစည်းနှင့် PPE ဝတ်စုံ လိုအပ်တဲ့စစ်ဆေးမှုတွေအပါအဝင် အသုံးပြုပုံများကို ကျန်းမာရေးဝန်ထမ်းများကို “ပွဲမဝင်ခင် အပြင်က ကျင်းပ” သည့်အနေနှင့် ကောင်းကောင်း လေ့ကျင့်ပေးမှုများ လိုအပ်ကြောင်း ဒေါက်တာမြင့်မြင့်စိန်က ထောက်ပြသည်။

အရေးကြီးသည့် လေ့ကျင့်မှုများ လုံလောက်စွာ မရှိခဲ့ခြင်းက ကျန်းမာရေးဝန်ထမ်းများ တကယ်လုပ်ဆောင်ရာတွင် ထိုအကာအကွယ်ပစ္စည်းများက အကာအကွယ်ပေးခြင်းထက် ဒုက္ခရောက်စေနိုင်ကြောင်း သူက ပြောသည်။ ဆွေးနွေးပွဲတလျှောက် ဖျားနာနေသေးသည့် ဒေါက်တာမြင့်မြင့်စိန်သည် မကြာခဏဆိုသလို ချောင်းဆိုးနေသည်။

နိုင်ငံတဝန်းရှိဆေးရုံများတွင် ဆေးဝါးပစ္စည်းနှင့် ဝန်ထမ်းလိုအပ်ချက်များ ရှိနေသည်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားသည်။ ရေရှည်တွင် ကျန်းမာရေးပညာရှင်များ လုံလောက်စွာ ခန့်ထားနိုင်ရေးနှင့် လေ့ကျင့်ပေးရေးအပါအဝင် ဆေးရုံများကို လိုအပ်သည့် အဆင့်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ သို့သော် ယခုလတ်တလော ကိုဗစ်-၁၉  တိုက်ပွဲအတွက်မူ နိုင်ငံ၏ ရှိသည့်အရင်းအမြစ်ကို အကောင်းဆုံး အသုံးချနိုင်ရန် ကြိုးစားနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါက်တာမြင့်မြင့်စိန်က ဆေးပစ္စည်းအထောက်အပံ့နှင့် ဝန်ထမ်းအင်အား မလုံလောက်မှုများအပါအဝင် အခက်အခဲ စိန်ခေါ်မှုများကို ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားချစ်ခင်မှုမှုဖြင့် ခွန်အားယူကာ အမှာစကားများကို အမှန်တကယ် လိုက်နာနိုင်ရန် အမြဲကြိုးစားခဲ့ကြောင်း ပြောသည်။ နိုင်ငံခေါင်းဆောင်သည် လေးလံသော ဝန်ကို ထမ်းနေချိန်တွင် မိမိကလည်း အကောင်းဆုံး လုပ်ဆောင်ရမည်ဟု ကိုယ့်ကိုယ်ကို အမြဲပြောခဲ့ကြောင်းပြောသည်။

သို့သော် ပွင့်လင်းမှုနှင့် ပညာရှင်ပီသမှုကြောင့် လုပ်ဖေါ်ကိုင်ဖက်များအကြား လေးစားခံရသည့် မေ့ဆေးဆရာဝန်သည် အစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကိုလည်း ဝေဖန်ရန် တုံ့ဆိုင်းနေခြင်း မရှိခဲ့။

ပြည်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပြင်းထန်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်(ICU) ကို အသင့်ပြင်ထားရန် သက်ဆိုင်ရာ အာဏာပိုင်များအား ဖေဖေါ်ဝါရီလကတည်းက စတင်တွန်းအားပေးခဲ့သော်လည်း ခပ်ကျဉ်းကျဉ်းနှင့် အလင်းရောင် အားနည်းသည့် ကြပ်မတ်ကုသဆောင်ကို ဧပြီလအစောပိုင်းက ပြည်ဆေးရုံသို့ ပထမဆုံး ကိုဗစ်-၁၉ လူနာရောက်မလာမီ ညကမှသာ တတ်သုတ်ရိုက်၍ ပြင်ဆင်မှုပြီးခဲ့ကြောင်း သူ ပြောသည်။

၂၀၁၉ မတ်လအတွင်း ပြည်ဆေးရုံရောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာဒေါ်မြင့်မြင့်စိန်

ကိုဗစ်-၁၉ လူနာများနှင့်ပတ်သက်သည့် ကျန်းမာရေးအာဏာပိုင်များ၏ ညွှန်ကြားချက်အချို့သည်လည်း ရှင်းလင်းမှုမရှိသောကြောင့် လက်တွေ့အောက်ခြေတွင် ကုသနေရသူများအတွက် အခက်အခဲများဖြစ်စေကြောင်း ပြောသည်။

“အုပ်ချုပ်ရေးပိုင်းမှာလည်း ဗဟိုဦးစီးစနစ်ကြောင့် ICU တည်ဆောက်တာမှာ နှောင့်နှေးရတာတွေရှိသလို ကုသမှုပိုင်းမှာလည်း meeting ဖွဲ့လိုက်တဲ့အတွက် တဦးကို တဦးစောင့်ပြီး အောက်ခြေမှာ လုပ်ရတဲ့သူတွေက ဘာဆက်လုပ်ရမလဲ မသိဖြစ်တာတွေ ရှိပါတယ်” ဟုလည်း သူ ပြောသည်။ အထက်မှ အောက်သို့လာသော နိုင်ငံ၏ ကျန်းမာရေးစနစ်သည် လေးစားမှုထက် အထက်ကိုကိုးကွယ်နေရသည့် သဘော ပိုမိုသက်ရောက်နေကြောင်းလည်း သူထောက်ပြသည်။ ကုသမှုအပိုင်းတွင် ပိုမိုကျစ်လစ်သည့်အဖွဲ့နှင့် လွတ်လွတ်လပ်လပ် အလျင်အမြန် ဆုံးဖြတ်ချက်များ ချခွင့်ရှိရန် အရေးကြီးကြောင်း အကြံပေးခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
83
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
326
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

ရန်ကုန်ဝေဘာဂီဆေးရုံကို ဧပြီလ ၁၂ရက်နေ့တွင် ပို့ခံရပြီး ပထမအပတ်တွင် အသက်ရှူကြပ်သည်မှလွဲ၍ ကိုဗစ်-၁၉  ရောဂါလက္ခဏာများအားလုံး ခံစားခဲ့ရကြောင်းလည်း ဒေါက်တာဒေါ်မြင့်မြင့်စိန်ပြောသည်။ စကားမပြောနိုင်ဘဲ အကူအညီမပါလျင် မတ်တပ်မရပ်နိုင်ခဲ့ကြောင်း ပြောသည်။ ဆေးရုံတွင် သုံးပတ်နေပြီးသည့်တိုင် ရောဂါပိုးတွေ့ရှိနေသေးကြောင်း စမ်းသပ်မှုများက ပြသနေဆဲဖြစ်သည်။

သို့သော် မေတ္တာစိတ်၊ အကောင်းမြင်စိတ်များကို မွေးမြူခြင်းက အင်အားဖြစ်ကာ သက်သာစေကြောင်း၊ ထို့ကြောင့် ယခု သီချင်းဆိုနိုင်၊ ယောဂလုပ်နိုင်၊ ယခုကဲ့သို့ စကားပြောလာနိုင်လာခဲ့သည်ဟု ဝေမျှခဲ့သည်။

“ကျမကို အင်အားပေးတာက ကျမ ကုသပေးခဲ့တဲ့ လူနာတွေပါ … ကျမ ကျိန်းသေတယ်။ ပြန်ကောင်းလာမှာပါ” ဟု ဒေါက်တာဒေါ်မြင့်မြင့်စိန်ပြောသည်။

(San Yamin Aung ၏ Doctor-Turned-COVID-19 Patient Sheds Light on Myanmar Health Care Workers’ Struggle  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ

ကိုဗစ်-၁၉ အတွက် တရုတ်က ကမ္ဘာကို လျော်ကြေးပေးရန် မြန်မာကက်သလစ်သာသနာပိုင် ပြော

ဒီပိုးကူးစက်မှုက အတော်လေးကြောက်ဖို့ ကောင်းတယ်

Your Thoughts …
Tags: COVID-19ကျန်းမာရေးလုပ်သားဒေါက်တာမြင့်မြင့်စိန်မီးမောင်းထိုးပြမေ့ဆေးဆရာဝန်
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

အိုမီခရွန်မျိုးကွဲသည် ကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး ထိုးပြီးသူများ သို့မဟုတ် ကိုဗစ်နိုင်တင်းမှ နာလန်ထလာသူများကိုပါ ရောဂါဖြစ်ပွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတိပေးသည်

စစ်ကောင်စီကို WHO ကူညီနေသလား

by ဒက်စမွန်
22 July 2022
7.1k

ကုလသမဂ္ဂအဖွဲ့အစည်းများသည် “အလွန်စိုးရိမ်တတ်သော” အဖွဲ့အစည်းများ ဖြစ်သောကြောင့် ၎င်းတို့ ကျန်းမာရေး ထိခိုက်မည်ကို မြန်မာပြည်သူများက အလွန်စိုးရိမ်နေကြပါသည်။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
နောက် ၃လအတွင်း စက်သုံးဆီစျေး အများကြီးမတက်နိုင်ဘူး

နောက် ၃လအတွင်း စက်သုံးဆီစျေး အများကြီးမတက်နိုင်ဘူး

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှစ်ထမင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှစ်ထမင်း ချက်စားရအောင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved